အခန်း (၂၇)

10.9K 505 195
                                    

မနက် လေးနာရီကျော်လောက်ကြီး တာရာ ဗိုက်ထဲကနေ မနေနိုင်မထိုင်နိုင်နာလာတော့ အားနာလို့ တယောက်ထဲတင်းခံနေရင်းနဲ့ပဲ နောက်ဆုံး မနေနိုင်တဲ့အခါကျမှ တိုက်ခန်းပိုင်ရှင်ဒေါ်တင်မမကို ဖုန်းဆက်လိုက်ရသည်။ မနေ့ ညနေလောက်ထဲက ရစ်ပီးနာလိုက် ခနခနနာလိုက် ပျောက်လိုက် ပြန်နာလိုက်နှင့် နောက်တနေ့မနက် ၄ နာရီလောက်ကျတော့ ချွေးစေးတွေပျံပီး သတိပါလစ်ချင်သလိုဖြစ်လာရသည်။ သတိတော့လစ်လို့မရ ကလေးက due date ကနောက်အပတ်မှဆိုပေမယ့် စောထွက်ချင်ပုံရသည်။ ဒေါ်တင်မမက မနက်အစောထသူပီပီသူမဖုန်းခေါ်သည်နှင့်တန်းကိုင်ကာ မကြာပါဘူး တိုက်ချင်းက သိပ်မဝေးလှသည်မလို့ ဒေါ်တင်မမကော သူ့ညီမဒေါ်ခင်မမနှင့်အတူ သူ့တူမနှစ်ယောက်ပါ ရောက်ချလာတော့သည်။ သူမအခြေနေကို ဖုန်းထဲကနေ ကြားပီးပီမလို့ ကားတွေဘာတွေလဲ အရံသင့်ငှားလာခဲ့ကြသေးသည်။ တာရာကတော့ ကံကောင်းသည်ပြောရမည်။ နောက်တပတ်ဆိုမွေးမှာဆိုပီး လိုအပ်သည့်ကိစ္စတွေလုပ်တာ အဝတ်တွေထည့်တာ ပစ္စည်းတွေထည့်တာတွေကို မနေ့ကပဲအကုန်အပီးလုပ်ကာ ပြင်ဆင်ထားသည်မလို့ ခုလို ရုတ်တရက်ထဖြစ်တော့ အကုန်အဆင်သင့်ဖြစ်နေပီးသားဖြစ်နေပီ။ အပေါ်ဆုံးထပ်မှာနေတာမလို့ တိုက်ခန်းပေါ်ကနေ အောက်ထိ လမ်းပင်ကောင်းကောင်းမလျှောက်နိုင်တော့အောင် နာကျင်ပျော့ခွေနေတဲ့သူမကို တွဲထုတ်ကြသည် ကားပေါ်တင်ကြသည်။ အော်ဟစ်ငြီးငြူနေတာမျိုးမဟုတ်ပေမယ့် ရင်ဘက်တစုံကတော့ သိသိသာသာမို့မောက်လျက် အားကုန်သုံးကာ အသက်ရှူနေရသည်ကတော့အမှန်ပင်။ တော်ပါသေးသည် ကားပေါ်တင်မမွေးဘဲ ဆေးရုံကြီးကိုရောက်လာခဲ့တော့သည်။ ဆေးရုံကြီးရောက်တော့လဲ ကားသမားကလွဲရင် အကုန်လုံးက မိန်းမသားတွေချည်းဆိုပေမယ့် အစစအရာရာဝိုင်းဝန်းပီး လုပ်ပေးကြသည်။ မိုးပင်စင်စင်မလင်းသေးတဲ့ထဲ ဒေါ်တင်မမရဲ့တူမနှစ်ယောက်က လိုအပ်တဲ့ဆေးတွေဆေးရုံအပြင်ပြေးထွက်ဝယ်ပေးကြသည်။ ဒေါ်တင်မမကတော့ သွက်လက်ချက်ချာသူပီပီ သူမဗိုက်နာတိုင်း သူမကိုမွေးခန်းထဲပို့ဖို့ ဆရာဝန်မလေးတွေ နာစ့်လေးတွေကိုပြေးပြောရတာအမော။ သူမဘေးမှာတော့ နာကျင်မှုကြောင့်ခံစားနေရတဲ့ သူမကို နှဖူးကချွေးလေးတွေသုပ်ပေးလိုက် လက်လေးကိုင်ကာ ဘုရားစာရွတ်ပေးလိုက်နဲ့လုပ်ပေးနေတဲ့ ဒေါ်ခင်မမ။ သွေးမတော်သားမစပ်တွေသာဆိုတယ် တကယ့်ကို ဆွေမျိုးရင်းချာကဲ့သို့ ပြာယာခတ်ကာ ကူညီပေးကြသည်။

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now