အခန်း (၃၃)

11.7K 509 138
                                    

တာရာ မနေ့ညက စိတ်ညစ်ညစ်နဲ့ ကလေးပါ ဟိုလူနဲ့ ဧည့်ခန်းထဲထားခဲ့ပီး ကိုယ့်ဘာသာကိုယ်အခန်းထဲ ဝင်အိပ်နေလိုက်တာ....ငိုထားတာရော စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေတာတွေကြောင့်ရော တချိုးထဲအိပ်ပျော်သွားတာများ မနက်မိုးစင်စင်လင်းမှကို နိုးတော့သည်။ နိုးနိုးချင်း မနေ့ညက အဖြစ်ပျက်ကို သတိမရဘဲ ခါတိုင်း ဘေးနားအိပ်နေကျ ကလေးမရှိလို့ ထိတ်ခနဲတော့ပူသွားရသေးသည်။ ပီးမှ အပြင်မှာ ဟိုလူနဲ့ထားခဲ့တာ သတိရပီး....ကမန်းကတမ်း အိမ်ရှေ့ကိုပြေးအထွက်....မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူမခြေလှမ်းတွေပင် ရပ်လို့သွားသည်။ အိမ်ရှေ့ကြမ်းပြင်ပေါ်ကအခင်းပေါ်မှာ အိပ်ရာမပါဘာမပါနဲ့ လှဲအိပ်နေတဲ့ ဟိုလူ့ဘေးမှာ ကလေးကလဲ အိပ်နေတာ ပိုးလို့ပက်လက်နဲ့။ ခေါင်းအုံးပင်မပါလို့ လက်တဖက်ကို ခေါင်းအောက်လျှိုခေါက်သွင်းပီး တခြားလက်တဖက်က ကလေးကိုယ်ပေါ်တင်ထားကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတာများ အရင်က တမိုးအောက် နေမင်းမဟာလို့ပင်ထင်ရက်စရာမရှိ။ ကလေးကလဲ ပက်လက်အိပ်နေတဲ့သူ့အပေါ် ခြေတချောင်းပစ်တင်ထားတော့ ပိုးလို့ပက်လက် ကားကားယားယားနဲ့ ကြည့်ရတာမကောင်းပေမယ့် သူမစိတ်ကို တဒင်ဂတော့ တွေဝေသွားစေခဲ့သည်။

*တညလုံး အမေနဲ့ မအိပ်ရတာတောင် အမေကို မတွေ့တာတောင် ညကို နို့ထမသောက်ရတာတောင် ငိုရကောင်းမှန်းမသိအောင်ကို အဖေကိုခင်တွယ်တာပဲလား ကလေးရယ်*

တာရာတွေးရင်းနဲ့ပင် ကလေးကို သွားကောက်ယူချီလိုက်တော့ ကလေးကော သူကော နိုးလာသည်။

"အင်း.....ညက ညဥ့်နက်နေလို့ မပြန်တော့တာ"

ကုတ်နဲ့ကော်ထုတ်တောင်ပြန်မယ့်သူမဟုတ်တာမလို့ နောက်ဆုံးတာရာလဲ အာရုံနောက်မခံလိုတာကြောင့် သူမဘာသာသူမပဲ ဝင်အိပ်နေလိုက်တော့တာ။ ခုကျမှ.....

"ကလေးက မင်းနဲ့ အမြဲအလုပ်မှာ တနေကုန်ကြီးလိုက်နေနေရတာလား.....ပင်ပန်းတာပေါ့ကွာ"

သူမရော ကလေးရော အလုပ်သွားဖို့ပြင်ဆင်လို့ပီးပီ သူက အိမ်ထဲကနေတဖဝါးမှမခွာသေး။ မခွာတဲ့အပြင် သူမလုပ်သမျှကိုကြည့်ကာ ပါးစပ်ကလဲ ပြောနေသေးသည်။ တယောက်ထဲလုပ်ရလို့မောနေပါတယ်ဆို သူ့ရဲ့အသံကတကယ်ကို စိတ်ရှုပ်စရာကောင်းလှသည်။ ကလေးထမင်းကျွေးပီး နောက်ကျနေတာမလို့ ကိုယ်တောင်မစားတော့ဘဲ အမြန်သွားရပါတော့မယ်ဆိုတဲ့ထိ အလိုက်မသိတဲ့သူ့ကိုပြောရပေဦးမည်။

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now