အခန်း (၃၄)

12.3K 562 331
                                    

ဒီနေ့ကျမှ ဘယ်လိုဖြစ်လဲမသိ တာရာ နေလို့မကောင်း... ကလေးကိုလည်း တအားသတိရနေသည်။ ခါတိုင်းနေ့တွေလဲ သတိတော့ရပေမယ့် ဒီနေ့တော့ စိုးရိမ်သလိုလို စိတ်ထဲ တင်းနေသလိုလိုနဲ့ ခံစားချက်ကမကောင်း.....ကလေးကို ရင်ခွင်ပိုက် ပို့ထားတာ တပတ်ကျော်ရှ်ိပီဆိုပေမယ့် အသားကျသလားဆိုလဲ မကျသေးပါ လွမ်းမြဲလွမ်းဆဲ မျက်ရည်ကျမြဲကျဆဲ။ အစားက ရင်ခံသလိုလိုဖြစ်နေတာမလို့ ခုတလောသိပ်မဝင်ချင်....ဝတ်နေကျအကျီတွေပင် အနည်းငယ်ချောင်ကျနေတာ သတိထားမိသည်။ အေးလေ စိတ်ရော လူရောပန်းနေတဲ့ကာလပေကိုး။ သူမကလေးအကြောင်းစဥ်းစားရင်း ရုတ်တရက် မျက်လုံးတွေပြာလာကာ ဘာမှမမြင်ရတော့ပေ။ အခြေနေကို ရိပ်စားမိတာမလို့ အနီးနားက ခုံတခုမှာ ထိုင်လို့ရလိုရငြားအပြေးလှမ်းပေမယ့် မမီတော့.....

"ဘုန်း......"

လုံးလုံး စင်နောက်ဖက်က တခုခုပြုတ်ကျသံကြားလို့ ပြေးအကြည့် တွေ့လိုက်ရတာ ကြမ်းပြင်ပေါ်မှာ ခွေခွေလေးလဲနေတဲ့ တာရာ။ မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ လက်ထဲက စာအူပ်တွေချကာ အနားပြေးကြည့်တော့ နဖူးကဆံစအစပ်မှာ ချွေးတွေစို့နေပီး မျက်နှာ တပြင်လုံးဖြူဖျော့အေးစက်နေတဲ့ တာရာ။ ရုတ်တရက်ပေမလို့ ဘာလုပ်ရမလဲမသိဘဲ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေသေးသည်။ ပီးမှ သတိဝင်လာကာ ဆွဲထူတော့ သူမလဲ မနိုင်တာမလို့ ဆိုင်က တခြားဝန်ထမ်းကောင်မလေးတွေကို ပြေးခေါ်ရသေးသည်။ နားနေခန်းပေါက်စလေးထဲ တာရာ့ကို ထည့်ပီး ရေဝတ်ပြေးယူတဲ့သူနဲ့ အားဖြည့်အချိုရည်ပြေးယူတဲ့သူနဲ့ အလုပ်တွေတော့ အတော်ရှုပ်ကုန်သည်။

လုံးလုံး တာရာ့ နဖူးလေးပေါ် ရေဝတ်ဖတ်လေးတင်ပီး အသာလေး သုတ်ပေးနေလိုက်သည်။ ဒါတွေက သူမတို့အားလုံးလုပ်နိုင်တဲ့ အရာတွေအကုန်ပဲလေ။ ခနနေတော့ ညည်းသံသဲ့သဲ့လေးထွက်လာပီး တာရာသတိရလာသည်။ သတိရရချင်းကုန်းကပ်ထဖို့ပြင်နေတဲ့ တာရာ့ကို လုံးလုံး မနည်းဆွဲထားရသေးသည်။ ပြန်လဲသွားရင် ဘယ်လိုလုပ်မလဲ

"အတင်းမထနဲ့ဦး ရာရာ ပြန်မူးလဲမယ်"

"ရာရာ မူးလဲသွားတာလား"

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now