အခန်း (၅)

10.8K 357 19
                                    

ဘာလိုလိုနဲ့ တာရာ ဒီအိမ်ကို ရောက်တာ ၁ လပြည့်တော့မယ်။ ရောက်ခါစကတော့ ထိုလူနဲ့ဆုံပေမယ့် နောက်ပိုင်းတာရာက ထိုလူမနိုးခင် အလုပ်သွား ညပိုင်းပြန်လာတော့လဲ တနေကုန်ပင်ပန်းလို့ အစောအိပ်။ ထိုလူကလဲ ပြန်လာတဲ့ခါရှိသလို မပြန်လာတဲ့အခါတွေကများတာမလို့ သိပ်တော့ မတွေ့ရလှ။ အလုပ်က တလကို ၂ ရက် off day တွေရပေမယ့် အိမ်မှာမနေချင်တာကြောင့် တရက်မှ မပြတ်ခဲ့။

ဘာလိုလိုနဲ့ ဟိုကလေးမကို မတွေ့တာ အတော်ကြာနေပီ သူ့ဘာသူတော့နေသား ခုထိတော့ သူ့ကို ဘာဇယားမှ လာမကပ်။ အိမ်တော်ထိန်းဆီကကြားတယ်ဆိုပီး သူ့ PA မောင်စိုးလာပြောတာတော့ အိမ်မှာ အိပ်ရုံကလွဲရင် ဘာမှမစားဘူးဆိုပဲ။ သူ့ဘာသာသူနေသ၍တော့ သူလဲအဆင်ပြေသည်။ အလုပ်တွေများနေတာမလို့ ဧကရီနဲ့ပင် မနဲအချိန်လုပီးတွေ့နေရသည်။ ကိစ္စအားလုံးအတွက် ဧကရီ့ကို မနဲချော့ထားရတာမလို့ စိတ်ဆိုးတော့ ထပ်မခံနိုင်။ ဧကရီဆိုတာ သူတို့ငယ်ငယ်ထဲကပေါင်းလာတဲ့သူငယ်ချင်းထဲကတယောက်။ ကြီးလာတော့လဲ ပန်းပုရုပ်လေးထုထားသလိုလှလွန်းတဲ့ဧကရီ့ကို လိုက်ကြသူတွေများခဲ့ရာမှ မဟာက ရခဲ့ခြင်းပင်။ ဘယ်မိန်းကလေးက မဟာ့ကိုငြင်းဆန်နိုင်မလဲ။ မျိုးရိုးဂုဏ် စည်းစိမ် အရည်အချင်း ရုပ်ရည်တွေက မဟာ့ဘဝမှာ လိုချင်တာမရ မရှိစေခဲ့။ ဒါတောင် ဟိုသူငယ်နှပ်စားမရဲ့ လှည့်ကွက်ထဲရောက်ခဲ့သေးသည်။
(Ring ring)
"အင်း....ဧကရီ ပြော...."
"......"
"ဟာ.....ဧကရီကလဲ ကိုယ်က ခုချက်ချင်းထလိုက်လို့မရဘူးလေ"
"......"
"မဟုတ်ပါဘူးကွာ အဲ့ဟာမကိုထည့်မပြောပါနဲ့ ကိုယ်က အလုပ်တွေပိနေတာ ဧကရီလဲသိသားနဲ့ နောက်လဆန်းထဲကို စက်ရုံတခုဖွင့်ဖို့လုပ်နေတာ ထားခဲ့လို့မရလို့ပါကွာ"
"......."
"ဒီတခေါက်တော့ ဧကရီ သူငယ်ချင်းတေနဲ့ပဲသွားလိုက် နောက်တခေါက်ကျ ကိုယ်ကိုယ်တိုင်လိုက်ပို့မယ်....ဟုတ်ပီလား"
"....."
"စိတ်မကောက်ပါနဲ့ကွာ ကိုယ်အလုပ်တွေပိနေလို့ပါ ကိုယ်လဲ ဧကရီနဲ့သွားချင်တာပေါ့ ဘဏ်ထဲ မုန့်ဖိုးထည့်ပေးထားမယ်နော် ကြိုက်တာဝယ်ခဲ့ သုံးခဲ့"
ဖုန်းချသွားတော့ မောင်စိုးကိုခေါ်ကာ ဧကရီ ပြင်သစ်သွားဖို့ လိုတာလိုက်လုပ်ပေးဖို့မှာရသည်။ ဧကရီကိုယ်တိုင်က ချမ်းသာကြွယ်ဝတဲ့မျိုးရိုးကမလို့ သူ့ဆီကငွေကြေးကို မမျှော်လင့်ပေမယ့် အမောင့်တော်တော်များများထည့်ပေးထားဖို့တော့ မောင်စိုးကိုမှာထားရသည်။ သူနဲ့အတူသွားပါမယ်လုပ်နေလို့ မနဲချော့ကာ သူငယ်ချင်းတွေနဲ့ပဲလွှတ်လိုက်ရသည်မလား။
(Ring....ring)
ခုပဲဖုန်းချလိုက်တာ ထပ်မြည်လာတာမလို့ ဧကရီ ထပ်ပူဆာမယ်ထင်ပီး ဖုန်းကိုင်လိုက်တော့ တော်သေးသည်.....မင်းသိန်း....
"အေး ပြော"
"......"
"အင်း လိပ်စာပို့ထားလိုက် လာခဲ့မယ်"
"..."
"Okay see you သားကြီး"
ဖုန်းချအပီး မောင်စိုးကိုခေါ်ကာ
ဒီနေ့နေ့လည် meeting ရှိမရှိမေးကာ ဘာအရေးကြီးအစီစဥ်မှမရှိတာမလို့ မင်းသိန်းတို့ချိန်းရာ စားသောက်ဆိုင်ကိုထွက်ခဲ့လိုက်သည်။ ဟိုရောက်တော့ မင်းသိန်းနဲ့ အတူ ဝေယံကိုပါတွေ့လိုက်ရသည်။ သူတို့နဲ့အတူ ဝေယံ့မိန်းမ ပန်းချီနဲ့ မင်းသိန်းရဲ့လက်ရှိကောင်မလေး မေဖြူတို့ကိုပါတွေ့လိုက်ရတော့ တယောက်ထဲလာလိုက်တာ အူကြောင်ကြောင်တောင်ဖြစ်လို့သွားသည်။
"အိမ်ထောင်ကျပီးထဲက တွေ့ဖို့ခက်လိုက်တာကွာ"
"ဟေ့ကောင် ဟေ့ကောင် မနောက်နဲ့"
တွေ့တာနဲ့တန်းစတဲ့ ဝေယံလက်​မောင်းကို လက်သီးနဲ့ ခပ်ဖွဖွထိုးကာ နေရာလွတ်တွင် ဝင်ထိုင်လိုက်သည်။ ဒီကောင်တွေနဲ့ပေါင်းလာတာ preschool အရွယ်ထဲက။ ဧကရီတဦးထဲသာ သူတို့ထဲ မိန်းကလေးပါသည်။ ကျန်တဲ့ ၃ ယောက်က ယောက်ျားလေးတေပဲမလို့ ပွင့်လင်းကြသည် စည်းလုံးကြသည်။ ခုအရွယ်ထိ လုပ်ငန်းတွေကိုယ်စီနဲ့အောင်မြင်မှုအသီးသီးနဲ့ အလုပ်တွေများနေတာတောင် အချိန်လုပီး တွေ့ကြတဲ့သူတွေ။ အားလုံးထဲ ဝေယံက အိမ်ထောင်ကြပီးဖြစ်ပီး မင်းသိန်းကတော့ တွဲလိုက်ပြတ်လိုက်နဲ့ အတည်တကျမရှိသေးသူ။ သူနဲ့ ဧကရီကတော့ ကျောင်းထဲက တတွဲတွဲ တက္ကသိုလ်ကျ တရားဝင်တွဲလာတာ ၁၀နှစ်ကျော်ပီဖြစ်သည်။ ဟိုငတိမသာဝင်မမွှေရင် ဒီနှစ် ဧကရီ့ကို လက်ထပ်ခွင့်တောင်းမည်ဟု စဥ်းစားထားတာ ခုတော့.........
"ဘာတွေတွေးနေတာလဲ နေ....အေးဆေးပေါ့ကွာ ငါက စလိုက်တာပါ ခနနေ ဧကရီလာရင် စလို့မရတော့လို့ ဟီးဟီး....."
"မင်းပြောလို့မဟုတ်ပါဘူးကွာ ငါ့ဘာသာတွေးမိလို့ပါ ကဲကဲမှာစရာရှိတာမှာရအောင်"
ယောက်ျားလေး ၃ ယောက်ကသာ menu ကိုကြည့်ပီး စားမယ့်ဟာတွေမှာနေကြတာ မိန်းကလေး ၂ ယောက်ကတော့ ခုခေတ်ပေါ်နေတဲ့ branded ပစ္စည်းတွေအကြောင်း တွတ်ထိုးလို့ကို မပြီး။အကုန်လုံးက အထက်တန်းလွှာကပေမို့ branded name တွေကြောင့်သာ သူတို့ဘာတွေပြောနေလဲသိရတာ ဘာပစ္စည်းအကြောင်းလဲရေရေရာရာမသိ။ ထိုကလေးမနှစ်ယောက်က သူတို့ထက်လဲငယ်တယ် ခုမှ ၂၅ သာသာလေးတွေရှိသေး။ သူတို့အားလုံးက ၃၀ တန်းမှာ။
"မှာဖို့ အဆင်သင့် ဖြစ်ပါပြီလားရှင်"
အသံနဲ့အတူ ရေးဖို့ ဘောပင်လေးနဲ့ note book လေးတအုပ်ကိုင်ထားတဲ့ waiter မလေးက သူတို့အနားအရောက် မှာဖို့ ကြည့်လိုက်တော့
(ဟင်..ဒါ ဒါ ဟိုငတိမ)
မဟာ အံ့သြပီးတွေဝေသွားစဥ် မင်းသိန်းနဲ့ ဝေယံကတော့ မှာစရာတွေမှာနေပီ....waiter တွေအကုန် mask တပ်ထားရတာမလို့ ထိုငတိမကိုတော့ သူတို့နှစ်ကောင် မှတ်မိပုံမပေါ်... သူကတော့ ဒီရုပ်ခွေးဆွဲသွားတောင် မှတ်မိတာမလို့...... စဥ်းစားကြည့်လေ သူများရည်းစားတွေ မိန်းမတွေက အထက်တန်းလွှာ လူကုန်ထံတွေပါဆိုမှ သူနဲ့ပတ်သတ်တဲ့သူမက စားသောက်ဆိုင်က စားပွဲထိုးတဲ့....သူအတော်စိတ်ပျက်သွားသည်။ ဒါပေမယ့်လည်း ဟန်ဆောင်ကာ မှာစရာရှိတာ မှာလိုက်ရသေးသည်။ သူမကတော့ဖြင့် သူ့ကိုမှတ်မိပေမယ့် အတော်ဟန်ဆောင်ကောင်းသည် မျက်နှာတချက်မပျက် သူ့အလုပ်သူ အေးဆေးလုပ်နေလေရဲ့......။ ခနနေတော့ ဧကရီရောက်လာတာမလို့ မဟာ အသက်ရှူအတော်ချောင်သွားသည်။ ဧကရီဆိုတာ နာမည်နဲ့လိုက်အောင်ကို ဘုရင်မ တပါးလို ရောက်လေရာမှာ သြဇာအပြည့်မလား။ ဝေယံတို့ မင်းသိန်းတို့ရဲ့ ကောင်မလေးတွေမပြောနှင့် ချောလှပါတယ်ဆိုတဲ့အမျိုးသမီးတွေထက်ပင် ဧကရီက သာလွန်သည်.. ရုပ်ရည် ခန္ဓာကိုယ်အချိုးအစား ဝတ်စားဆင်ယင်ပုံ သွားလာလှုပ်ရှားပြုမူပြောဆိုပုံတွေက ငယ်ငယ်ထဲက လူကုန်ထံအသိုင်းဝိုင်းမှာ ကောင်းစွာ မွေးမြူခံထားရမှန်းသိသာလွန်းတယ်။
သူငယ်ချင်းတွေစုံတုန်း ဟိုဟိိုဒီဒီတွေရောက်လေရာပြောနေကြတုံး မှာထားတာတွေကရောက်လာပီ.....လာချပေးတော့လဲ ဟိုငတိမ.....mask တပ်ထားလို့တခြားသူတွေသာ မမှတ်မိရင်နေမယ် ဖုံးမရတဲ့သူမရဲ့မျက်လုံးသေတွေ ခံစားချက်မဲ့နေတဲ့မျက်လုံးတွေကိုတော့ မဟာသိပ်မှတ်မိသည်။ သူမကတော့ သူ့ကို တချက်မှမကြည့် စားသောက်ဖွယ်ရာတွေကို သေချာ တွန်းလှည်းပေါ်ကနေ စားပွဲပေါ်ကို ချပေးနေလေရဲ့။ ထိုစဥ် ဧကရီက ထပီး
"ညီမလေး restroom ဘယ်နားမှာလဲ"
"ဒီကနေ တည့်တည့်သွားလိုက်ပီး ဘယ်ဘက်ကွေ့လိုက်ရင် တွေ့ပါလိမ့်မယ်ရှင့်.... မမစိတ်မရှိရင် လိုက်ပို့ပေးရမလားရှင့်"
"နေ နေ ရတယ် ရတယ်"
ဟုဆိုကာ ဧကရီထသွားတော့ သူမလဲ ဧကရီ့ကို အသာရှောင်ဖယ်ပေးကာ လုပ်လက်စအလုပ်ကိုဆက်လုပ်နေလေတော့သည်။

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now