အပိုင်း (၁)

1.3K 49 4
                                    

Uni

(ဤfictionထဲမှ ပါဝင်သော ခေတ်၏ အကြောင်းအရာများ, ရာထူးရာခံအမည်များ, မြို့တည်ရှိပုံများ,အယူအဆများ,ဥပဒေများနှင့် ​ပြောဆိုပုံများ အားလုံးတို့သည် စာရေးသူ၏ စိတ်ကူးယဥ်သပ်သပ်မျှသာဖြစ်ပါသည်။)

.

''ပြန်လည်သုံးသပ်တော်မူပါအုံး မင်းကြီး''

ပလ္လင်ထပ်မှ နဂါးဝတ်ရုံနှင့်ကလေးငယ်ဟာ အမတ်ဝန်မင်းများ၏ထိုစကားကြောင့် နားထင်တစ်ဖက်တစ်ချက်စီမှ ချွေးစတို့စီးကျလျက်ရှိသည်။

အသက် ၁၀နှစ်သာရှိသေးသော်ငြား ခမည်းတော်ဖြစ်သူ နတ်ရွာစံမင်းကြီး ကံတော်ကုန်သွားခဲ့ပြီမို့ ပညာစုံသည်,အသက်ပြည့်သည်ကိုတွေးကာအချိန်ဆွဲမနေတော့ပဲ လစ်လပ်သွားသည့် နိုင်ငံတော်၏ဘုရင်တစ်ပါး နေရာဟာ တစ်ဦးတည်းသော သားတော်ဖြစ်သည့် အိမ်ရှေ့စံမင်းသားအတွက် ဖြစ်လာရသည်။

''ဆွေမျိုးပင်ဖြစ်နေပါစေ ဒီလိုသစ္စာဖောက်မှုကျူးလွန်သူတိုင်းအတွက် အပြစ်ဒဏ်ဟာ သေဒဏ်ကလွဲ လျော့ပေါ့ခြင်းမရှိပါ မင်းကြီး။အခုချက်ချင်း ခေါင်းဖြတ်သတ်ဖို့ အမိန့်ပေးသင့်ကြောင်းပါ။''

အသနားခံသည့် တရားခံမှာတစ်ကိုယ်လုံးသွေးအလိမ်းလိမ်းထွက်ကာ ဒဏ်ရာဗလပွနှင့် ဖြူဖျော့နေသော်လည်း လက်ဝဲရာအမတ်ကြီး၏ ထိုစကားကိုကြားရချိန်မှာတော့

''မင်းကများ ရာရာစစ ငါ့ကိုခေါင်းဖြတ်မတဲ့လား''

မိန်းမတစ်ဦးပင်ဖြစ်သော်လည်း မာကျောလှသည့်မျက်နှာထားနှင့် ခိုင်မာလွန်းသည့်စိတ်ဓာတ်တချို့ကို နီရဲနေသည့် မျက်ဝန်းမှတစ်ဆင့် တွေ့ရပေမည်။

''နန်းကျမိဖုရားဂျိုကို သေဒဏ်ပေးသင့်ကြောင်းပါ မင်းကြီး''

''သေဒဏ်ပေးသင့်ကြောင်းပါ မင်းကြီး!!!''

လက်ဝဲရာအမတ်ချုပ်ကစကာ အားလုံးသောအမတ်တွေဆီကပါ အသနားခံတောင်းဆိုမှုကိုရရှိသည်။

အသက်၁၀နှစ်သာ ရှိသေးသည့် ကလေးငယ်တစ်ယောက်အတွက် မိခင်ဖြစ်သူကို ထိုသို့အပြစ်ဒဏ်ပေးရသည်ဆိုသည်မှာ အလွန်ခက်ခဲလွန်းသည့်ကိစ္စပင်...။

𝗙𝗼𝘂𝗻𝗱 𝗶𝗻 𝗛𝗔𝗡𝗬𝗔𝗡𝗚Where stories live. Discover now