အပိုင်း (၅)

191 19 9
                                    

Unicode

ထိန်ထိန်သာနေသည့် လမင်းကြီးအားကြည့်ရင်း အတွေးများနေရသည်။

သက်တော်ငယ်ရွယ်သည့် မင်းတစ်ပါးဖြစ်သည့်အလျောက် များပြားလှသည့်တာဝန်နှင့်အတူ မလိုသူများ၏ အန္တရာယ်ကိုလည်း ပူပန်ရပြန်သည်။

ထိုအချင်းအရာများအပြင် အရွယ်ရောက်စပေမို့ ခံစားချက်တချို့ဟာလည်း နှလုံးသားမှာနေရာယူတတ်နေလေပြီ။

သို့သော် မျိုးတူသည့်ဖြစ်တည်မှုကြောင့် ဒီခံစားချက်ဟာ ထားရှိသင့်ပါရဲ့လား။

''မင်းကြီး...တစ်ခုခုပူပန်စရာရှိနေတာပါလား''

အတွေးလွန်နေသည်မှာ မည်မျှပင်ကြာနေသည်မသိ လမင်းကြီးပင် တိမ်ကြားပျောက်ကွယ်သွားလေပြီ။

''ကိုယ်တော့်မှာ ပူပန်စရာဟာ များလှပါတယ်။ သို့ပေမယ့် အခုကတော့ ပူပန်နေတာမဟုတ်ပါဘူး။''

''ညစာလည်းမစား အဆာပြေစာလည်းမစားနဲ့ နေလို့များမကောင်းတာလား ဘုရား''

''ဒိုဝူ...စကားအရမ်းများတယ်။ ကိုယ်တော်တစ်ယောက်ထဲနေချင်တယ်''

''စိုးရွံ့မိပါတယ်''

ဒိုဝူကတော့ ခေါင်းငုံ့အရိုအသေပေးကာ အနားမှာထွက်သွားလေတော့သည်။

မည်သို့ပင် တိုင်းပြည်တစ်ခု၏မင်းတစ်ပါးဆိုစေကာမူ ငယ်ရွယ်သည့်အရွယ်ပေမို့ ဘေးနားတတွတ်တွတ်ပြောနေသည့်အပေါ် စိတ်မရှည်ဖြစ်မိသည်မှာလည်း မဆန်းလှ။

မိန်းမစိုးအလုပ်မှာ အခစားဝင်ရာလူကို အသေအချာဂရုတစိုက်ရှိပေးရမှာသိသော်လည်း ဒီတစ်နေ့တော့ ထယ်ယောင်း အစိုးရိမ်လွန်ဒိုဝူ၏စကားများကို လစ်လျူရူထားချင်ပါသည်။

''ဂျီမင်း...''

''ရှိကြောင်းပါ မင်းကြီး''

အစိုးရိမ်လွန်ဒိုဝူနှင့် ဆန့်ကျင်ဘက် မေးမှဖြေဂျီမင်းကတော့ ထိုမျှသာအသံပေးပြီး ခေါင်းငုံ့အရိုအသေပေးမပျက်ကာ ​ရှေ့မှောက်မှာခစားလာသည်။

''ဂျီဟွန်းနဲ့ဂျ်ီယောင်း တို့ဆီကဘာကြားသေးလဲ''

''သူတို့နယ်စပ်ဘက်ကရွာတွေဆီရောက်နေကြပါပြီ။ ဒီရက်သတ္တပတ်အတွင်း သတင်းထူးကြားရနိုင်ပါတယ်။''

𝗙𝗼𝘂𝗻𝗱 𝗶𝗻 𝗛𝗔𝗡𝗬𝗔𝗡𝗚Where stories live. Discover now