အပိုင်း (၄)

163 19 6
                                    

Unicode

မင်နိုင်ငံနှင့် မဟာမိတ်ပေါင်းစည်းရေး အခမ်းအနားတွက် နန်းတော်တစ်ခုလုံးမှနန်းတွင်းသူများ၊ မှူးကြီးမတ်ရာများပါမက မင်းကြီးဖြစ်သည့် ထယ်ယောင်းမှာလည်း ဆွေးနွေးရမည့် အကြောင်းအရာအချို့အား အမတ်အချို့နှင့်တိုင်ပင်နေရသည်။

ဘယ်လိုပင်အမြင်မကြည်ဖြစ်ကြစေကုန်...တစ်ဖက်နိုင်ငံနှင့်ပေါင်းစည်းရေးမှာတော့ မိမိနိုင်ငံသားချင်း အရင်စည်းလုံးညီညွတ်နေဖို့က အဓိကကျလှပေသည်။

''မင်းကြီး...သူတို့ဘက်က သည်အကြောင်းအရာကိုမေးကိုမေးမှာပါ ဘုရား''

သည်မိဖုရားတော်ကောက်ဖို့ပဲ ဖိအားပေးလွန်းနေသည့် အမတ်ကြီးကြောင့် ထယ်ယောင်းထိုနေရာကပင် ချက်ချင်းထွက်သွားချင်လှပြီ။ ပြောသမျှအကြောင်းအရာ ဆယ်ခုရှိလျှင် လက်ဆတ်ထိမ်းမြားဖို့အကြောင်းက ကိုးခုလောက်ကို ပါသည်။

''ဒီမယ် အမတ်မင်း...ကိုယ်တော့်ကိုမေးမယ့် မေးခွန်းအတွက်တောင် ကိုယ့်သဘောကိုယ့်စိတ်ကြိုက် ဖြေခွင့်မရှိတော့ဘူးလား။ နောက်ပြီး ငါကိုယ်တော် မိဖုရားရှိရှိမရှိရှိ မင်နိုင်ငံအလုပ်မဟုတ်ဘူး။ သူတို့ကြောင့် ငါအခုချက်ချင်း လက်ဆတ်ရမယ်ဆိုတာ မဖြစ်သင့်တာပဲ။ ''

လေသံမာမာ ထယ်ယောင်းအပြောကြောင့် အမတ်မင်းမှာ ပြောစရာများ ပျောက်ရှသွားရရင်း

''စိုးရွံ့မိပါတယ် မင်းကြီး''

''စားသောက်ပွဲရော ၊ ဖျော်ဖြေပွဲရော ၊နောက်ပြီး ဆွေးနွေးရမယ့် ကိစ္စတွေပါ အကုန်ပြောထားတဲ့အတိုင်း လုပ်ဆောင်ပေးပါ။''

တာဝန်ကျရာ အမှုထမ်းအသီးသီးကို ထိုမျှပြောပြီးသည်နှင့် ထယ်ယောင်း မိမိအဆောင်ရှိရာသို့ ခပ်မြန်မြန်ပင် ထွက်လာတော့သည်။

မိမိအား မြှောက်စားသလိုနှင့် ဖြုတ်ချဖို့အကြောင်းရှေ့ထား၍ ချုပ်ကိုင်ချင်နေကြသည့် ထိုမှူးမတ်များနှင့် အချိန်ခဏပင် အတူမရှိချင်ပါ။

တာဝန်ကျေသည့်ဘုရင်တစ်ပါးဖြစ်ချင်သည်။ ဒိီအတွက် ဘာတွေပေးဆပ်ရအုံးမလဲ။ ဘာတွေသည်းခံရအုံးမလဲ။ ဖြစ်စေချင်သည့်အတိုင်းဖြစ်လာမည် ဆိုလာလျှင်တော့ သူအကုန်လုံး လိုက်လျောလိုက်ဖို့ ဆန္ဒရှိပါသည်။

𝗙𝗼𝘂𝗻𝗱 𝗶𝗻 𝗛𝗔𝗡𝗬𝗔𝗡𝗚Where stories live. Discover now