Simple Love (Part 1)

21 3 0
                                    

                     အပိုင်း  ၁

''ဂျူဂျူး နင်တကယ်စက်ချုပ်သင်တန်းမတက်ချင်တာလား အန်တီကတက်ခိုင်းနေတာကိုတက်လိုက်ပါလားဟယ် ငါလည်းအဖော်ရတာပေါ့လို့''

ပန်ပန့်တွင်အချစ်ဆုံးနဲ့အခင်ဆုံးပေါင်းစရာသူငယ်ချင်းဆိုလို့ဂျူဂျူးတစ်ယောက်ပဲရှိပါသည်။ ဂျူဂျူးတို့မိသားစုသည်သာမန်မိသားစုလေးဖြစ်သလိုမိဘများကလည်းအရမ်းဖော်ရွေကြပါသည်။ဂျူဂျူးမှာအမတစ်ယောက်ရှိပါသည် မတည့်အတူနေတဲ့ညီမနှစ်ယောက်ဆိုပိုမှန်ပါလိမ့်မည်။ဂျူဂျူးကကွန်ပျူတာသင်တန်းတက်ချင်နေသည် သို့ပေမဲ့ သူ့မိခင်ကပန်ပန်နှင့်အတူစက်ချုပ်သင်တန်းတက်ဖို့ပြောထားသည်။ပန်ပန့်မှာလည်းပေါင်းစရာဒီသူငယ်ချင်းလေးတစ်ယောက်ပဲရှိတော့ မနည်းအဖော်ညှိနေရတော့သည်။

''ပန်ပန်ရာ..ငါမတက်ချင်တာနင်လည်းသိသားနဲ့ ငါကကွန်ပျူတာသင်တန်းတက်ချငိတာလေ နင်ကမေကြီးကိုပါသွားပြောထားတော့ မေကြီးကပါငါ့ကိုနင်နဲ့တူတူစက်ချုပ်သင်ဖို့ပြောနေပီဟဲ့''

''ငါလည်းအဖော်မရှိလို့နင့်ကိုခေါ်နေရတာပါဟယ်..''

''သင်တန်းတက်တဲ့အချိန်ကျသူငယ်ချင်းတွေရလာမှာပေါ့ဟယ် ပီးတော့ကောင်မလေးချောချောလေးတွေလည်းရှိရင်ရှိနေမှာနော်..''

''တော်စမ်းပါဟယ်  ဟဲ့ဒါနဲ့လေကောင်မလေးဆိုမှနင့်အမကော''
''အပေါ်မှာစာဖတ်နေတယ်''
''အမကအောက်မဆင်းလာဘူးလားပဲ ဟီးးး ''
''အကြံဆိုးနဲ့လဒမ ဟဲ့ နင်မနက်ဖြန်သင်တန်းသွားအပ်ရမှာမလား ငါ့ကိုဝင်မခေါ်နဲ့တော့နော် ငါမတက်ချင်ဘူး''

''အေးပါဟယ် သဘောပဲ ငါချုပ်တတ်သွားမှ ပန်ပန်ရေဂျူးကိုအကျီ်လေးချုပ်ပေးပါဦးလို့ပြောလို့ကတော့ပန်ပန်တို့ကတာ့တာပဲနော်.''
''ဟီးးးးးသူငယ်ချင်းလေးကလည်း''

လိုချင်တာရှိရင်သူငယ်ချင်းကိုအမြဲချွဲတတ်တဲ့ဂျူဂျူးပါပဲ။
နောက်တစ်နေ့တွင်ပန်ပန်တစ်ယောက်သင်တန်းအပ်ရတော့မည်ဖြစ်သည်။သင်တန်းဆိုပေမဲ့ကျောင်းလို့ပြောလျှင်ပိုမှန်လိမ့်မည် အိမ်တွင်းမှူကျောင်းဖြစ်ပီးအချက်အပြုတ် ချည်ထိုး စက်ချုပ် မုန့်လုပ်နည်း စတာတွေကိုသင်ပေးတာဖြစ်ပါသည်။ကျောင်းဝန်းကလည်းအင်မတန်မှကျယ်လှသည်။သင်တဲ့အခန်းမှာ၄ခန်းထဲရှိပေမဲ့ တစ်ခန်းကိုလူအများကြီးဆံ့တဲ့အခန်းမျိုးဖြစ်ပီးတော်တော်လေးကျယ်ပါသည်။
သင်တန်းအပ်ရမဲ့အခန်းမှာတော့ရှေ့ဆုံးဝင်ဝင်ချင်းအခန်းပင်ဖြစ်သည်။

''ဖေကြီး အထဲလိုက်ခဲ့ပေးပါလား တစ်ယောက်ထဲသွားအပ်ရမှာကြောက်လို့''
အထဲသို့မဝင်သေးပဲကျောင်းပေါက်ဝတွင်ရပ်ပီးသူ့အဖေဖြစ်သူကိုအဖော်ခေါ်နေတော့သည်။

''ကလေးလေးကလည်း နောက်နေ့တွေလည်းတစ်ယောက်ထဲတက်ရမဲ့ဟာကို ကိုယ့်ဘာသာသွားမလိုက်ပေးဘူး''
''ဖေကြီးကလည်း ဘာမှန်းလည်းမသိဘူး''

ဒီလိုနဲ့ပန်ပန်တစ်ယောက်မျက်နှာကြီးဆူပုတ်ကာတစ်ယောက်ထဲသင်တန်းအပ်ရန်ရုံးခန်းသို့ဝင်သွားပါတော့သည်။

''တီချယ် သင်တန်းအပ်ချင်လို့ပါရှင့်''
အခန်းထဲဝင်ဝင်ချင်းတွေ့လိုက်ရတာဆရာမ၂ယောက်သာရှိပါသည်။တစ်ယောက်မှာဝဝပုပုနှင့်အသားဖြူဖြူလေးဖြစ်ပီးအကျီ်အဖြူနဲ့အပြာရောင်ချိတ်ထမိန်ကိုဝတ်ဆင်ကာစာရင်းများဟုထင်ရသည့်ဖိုင်တွဲတွေနှင့်အလုပ်ရှုပ်နေပါသည်။နောက်တစ်ယောက်မှာစားပွဲတွင်ထိုင်ကာနာမည်တွေရေးနေသည်။နာမည်ထိုင်ရေးနေသည့်ဆရာမမှ

''ဝင်ခဲ့လေသမီး လာ ဒီမှာလာထိုင်''

ဆရာမရဲ့အသံမှာချိုသာလွန်းလှပါသည်။ပန်ပန်ဟာဝင်ဝင်ချင်းတုန်းကအင်မတန်မှကြောက်နေခဲ့တာပါ သို့ပေမဲ့ဆရာမရဲ့စကားပြောဆိုပုံချိုသာမှူကြောင့်ပန်ပန်ဟာသင်တန်းအပ်ဖို့စကားကိုရဲရဲပြောနိုင်ခဲ့ပါသည်။

''သမီးကဘယ်အဆင့်ကိုတက်ချင်တာလဲ တက်ချင်တဲ့အဆင့်ကိုဒီဖောင်ထဲမှာဖြည့်ပေးနော် ပီးရင် သမီးလက်မှတ်လေးထိုးပီးရင်ရပီနော်''

''ဟုတ်ကဲ့ တီချယ်''

ဒီလိုနဲ့သင်တန်းအပ်တာအောင်အောင်မြင်မြင်နဲ့ပီးဆုံးခဲ့ပါသည်။

******************************
''သမီး မြူရေ ဒီနေ့ရှူတင်ရှိတယ်ဆို အိမ်ကစောစောထွက်မှပေါ့သမီးရဲ့''

''အခုပဲသွားတော့မို့ပါဖေဖေရဲ့ တာ့တာနော်မြူသွားပီဖေဖေ''

မြူသည်အင်မတန်မှအလုပ်ကြိုးစားသည်။မိန်းကလေးအများစုရဲ့ပါးစပ်ဖျားတွင်လည်းမြူဟာရေပန်းစားလှပါသည်။အသားဖြူသည့်အပြင်အရပ်မှာ၅ပေ၈လက်မရှိသည်။ဆံနွယ်ရှည်ရှည်တွေနဲ့အင်မတန်မှကိုကျက်သရေရှိလှပါသည်။မြူတို့ရှူတင်သည်အိမ်တွင်းမှူကျောင်းထဲတွင်ရိုက်ရမှာဖြစ်သည်။

''ညီမလေးရေ  အဆင်သငိ့ဖြစ်ရင်စရိုက်ရအောင်နော်..''

''အမမြူနှင်း.... နောက်မှာ....'''
''ဟာ...ညီမဘာဖြစ်သွားသေးလဲ အဆင်ပြေရဲ့လား''

(အပိုင်း၁လေးတင်လိုက်ပါပီနော် ကြိုးစားပီးရေးထားပါတယ်💜)

Simple LoveWhere stories live. Discover now