Simple Love ( Part 2 )

19 3 0
                                    

အပိုင်း ၂

ပန်ပန်သည်ကျောင်းနောက်ကျလို့ကျောင်းဝန်းအတွင်းအမြန်ပြေးဝင်လာခဲ့ပါသည်။ပထမဆုံးစတက်ရသည့်နေ့ဖြစ်တာကြောင့်နောက်ကျလျှင်မကောင်းပေ။သင်ရမဲ့အခန်းနားရောက်ခါနီးတွင်

''အမေ့..''
''ဝုန်း...''

မြူနှင်းရဲ့ကင်မရာစတန်းနဲ့ပန်ပန်ရဲ့လွယ်အိတ်နဲ့တိုက်မိပြီးလူကောစတန်းပါလဲကျသွားပါသည်။

''ဟာ ညီမ ဘာဖြစ်သွားသေးလဲ အဆင်ပြေရဲ့လား''

ပန်ပန်ဟာမြူနှင်းရဲ့အမေးကိုတောင်ပြန်မဖြေနိုင်တော့ပါ။ခေါင်းလေးမော့ကြည့်ရုံနဲ့တင်ကိုအသိစိတ်တွေလွတ်ထွက်သွားလောက်အောင်မြူနှင်းရဲ့အလှကဆွဲဆောင်နေပါသည်။ချောကလက်ရောင်ဆံပင်လေးကိုအလယ်ခွဲလေးခွဲပီးဘေးနှစ်ဖက်ကိုချထားတာအင်မတန်မှကြည့်ကောင်းလှပါသည်။ရွှေလိုဝင်းတဲ့မျက်နှာပေါ်တွင်မိတ်ကပ်ပါးပါးလေးနှင့်နှုတ်ခမ်းနီခပ်ရဲရဲလေးဆိုးထား၏။အဖြူရောင်ဇာဂါဝန်လေးကိုဝတ်ထားတဲ့သူမဟာအင်မတန်မှကိုချောမောလှပါသည်။ရှူးဖိနပ်အပါးလေးနဲ့သူမအနားပြေးလာကာဂရုဏာသက်သောလေသံလေးဖြင့်မေးလိုက်ပုံမှာပန်ပန့်အတွက်တော့ရင်ခုန်ချင်စရာပင်။မြူဟာပန်ပန့်ရဲ့လက်မောင်းလေးကိုအနည်းငယ်လှုပ်လိုက်မှ

''ဟုတ်မမ အဆင်ပြေပါတယ် ''
''ညီမကိုခွင့်ပြုပါဦးနော်..အတန်းနောက်ကျနေပီမလို့''

''ကောင်းပါပီရှင် အဆင်မပြေရင်​ေတာ့ပြောနော်ညီမလေး''
''ဟုတ်မမ ကျေးဇူးတင်ပါတယ် ''

ပန်ပန်ထသွားမှပဲမြူနှင်းတစ်ယောက်ဓာတ်ပုံရိုက်ရန်စတင်အလုပ်ရှုပ်နေပါတော့သည်။

*********************

''Daisy ရေ''
''ဟာမမမြူ ရောက်လာပီလား''

ကလေးတစ်ယောက်လိုမျိုးမြူ့အနားအပြေးလေးလာကြိုပုံမှာအင်မတန်မှချစ်စရာကောင်းလှသည်။ဒေစီသည်ငယ်ရွယ်သူပီပီသွက်သွက်လက်လက်ရှိပီးအင်မတန်မှအလုပ်ကြိုးစားတဲ့ကလေးဖြစ်ပါသည်။အသားဖြူဖြူဝဝကစ်ကစ်လေးနဲ့အလွန်ပင်ချစ်စရာကောင်းလှပါသည်။အခုလည်းဆိုင်အတွက်မီနူးအသစ်ဆိုပီးကိတ်လေးတွေဓာတ်ပုံရိုက်မယ်ဆိုပီးမြူ့ကိုခေါ်ထားခြင်းပင်ဖြစ်သည်။

''ဘယ်လိုလဲ ပုံရိုက်ဖို့အတွက်ကိတ်တွေreadyဖြစ်ပီလား''

''readyပဲမမမြူ မမ​မြူကနေ့ခင်းမှရိုက်ပေးမယ်​ေပြာလို့လေ Daisyကမနက်ထဲကလုပ်ထားတာ''

''ဟုတ်ပါပြီရှင် အာ့ဆိုကိတ်လေးတွေသွားယူလိုက်တော့လေ ''
''ဟုတ်ကဲ့ မမမြူ''

အားလုံးပြီးစီးသွားသည့်အခါ

''မမမြူ ပုံလေးတွေရရင်ပြောဦးနော်ဟီး''
''ပြောပါ့မယ်ရှင် အခုတော့မမပြန်ဦးမယ်လေနော်''
''ဟာ မမမြူကလည်း မုန့်စားပီးမှပြန်လေ နော်မမမြူနော် နော်လို့...''

မြူ့ရဲ့လက်မောင်းလေးကိုကိုင်ကာကလေးတစ်ယောက်လိုချွဲနေတော့သည်။

''နောက်တစ်ခါမှ စားတော့မယ်လေနော် အခုကမမအိမ်ပြန်ပီးထမင်းစားတော့မှာမို့ ''
''ထမင်းစားတာပဲDaisyစီကစားသွားလေမမရဲ့''
''ဒီနေ့ကမရလို့ပါ အိမ်မှာမေမေ့ကိုသီးစုံပဲဟင်းနဲ့ငါးခြောက်ကြော်ချက်ခိုင်းထားတာ မေမေ့ဟင်းချက်လက်ရာဘယ်လောက်ကောင်းလဲDaisyသိပါတယ် ပြောရင်းဗိုက်ဆာလာပီ သွားပီDaisyရေ တာ့တာနော် ''
''တာ့တာမမမြူ''

Daisyတစ်ယောက်သူမထံတွင်ထမင်းမစားသွားလို့ဆူပုတ်ကာနေပါတော့သည်။

နည်းသွားရင်တောင်းပန်ပါတယ်💜ဖတ်ပီးရင်ဝေဖန်ပေးကြပါဦးရှင့်။

Simple LoveWhere stories live. Discover now