အပိုင်း (၂၇)

792 50 34
                                    

[ Unicode ]

"နှလုံးသား နှောင်ကြိုး"

"ဘာကိစ္စမို့လို့ ကျွန်တော်တို့ကို အောင်ဖြိုး မသိအောင် ခေါ်ရတာလဲ မမိုး"

ရပ်ကွက်ထဲက cafe ဆိုင်ကောင်းကောင်းတွင် မိုးမခနဲ့အတူ ဝဏ္ဏ၊ သော်တာ နဲ့ စံမြင့် တို့သုံးယောက် ထောင့်ကျကျဝိုင်းတစ်ဝိုင်းတွင် ထိုင်နေကြကာ ဦးစွာပင် သော်တာ က အရင်မေး၏။

"အင်း ကိစ္စကတော့ ဖြိုးဖြိုး မသိအောင်မေးချင်လို့ပဲဆိုပါတော့။ အခုတလော ဖြိုးဖြိုး တစ်ယောက် တမှိုင်မှိုင်၊တတွေတွေနဲ့ အသက်မရှိတဲ့ စက်ရုပ်ကြီးလိုပဲ စိတ်မပါလက်မပါပုံဖြစ်နေတာ အတော်ကြာပြီ။ ဒီကောင်လေးမှာ ကိစ္စတစ်ခုခုတော့ ဖြစ်နေတယ်မလား။ မင်းတို့က ငယ်ငယ်ထဲက ပေါင်းလာတဲ့သူငယ်ချင်းတွေဆိုတော့ ဖြိုးဖြိုး ဘာဖြစ်နေလဲ သိကြမှာပဲလေ။ အဲတာကြောင့် မမိုးက မင်းတို့ကိုခေါ်လိုက်ရတာ"

"ဗျာ...! ဟို.........."

"မင်းတို့ပြောမှ မမိုး က သိရမှာ။ မမိုး ကို ဖုံးကွယ်မထားပါနဲ့။ မမိုး မှာ ဒီမောင်လေးတစ်ယောက်ထဲရှိတာဆိုတော့ သူဘာဖြစ်နေမလဲဆိုတာ မမိုး စိတ်ပူတယ်"

"အောင်ဖြိုး က အခုဘာဖြစ်နေလို့လဲဗျ? သူ အဆင်ပြေပြေနေနေတယ်မဟုတ်ဘူးလား"

"မသိပါဘူး။ ရည်းစားရသွားခါမှ ပိုစိတ်ဆင်းရဲသွားတဲ့ပုံစံနဲ့။ တကယ်ဆို သိမ့် နဲ့တွဲနေရင် သူ က အရင်ထက်ပိုပျော်နေရမှာ မဟုတ်ဘူးလား။ သိမ့် ကို ဒီကောင်လေး ငယ်ငယ်ထဲက သဘောကျနေမှန်း မမိုးတို့လဲသိပြီးသားပါ။ အဲတာကို အခုမှ ဘာဖြစ်နေမှန်းကိုမသိတာ။ မင်းတို့သူငယ်ချင်း အပျော်လွန်ပြီးများ အ သွားတာများလား။ ငြိမ်လိုက်တာလဲ လွန်ပါရော်"

"အော်......"

မမိုး စကားကိုကြားကြတဲ့ သူတို့အဖွဲ့မှာတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ 'အော်' ဟုသာ တုံ့ပြန်နိုင်သည်။

"ပြီးတော့။ သူရိန်...."

သူရိန် ဟူသည့်စကားသံကြားတော့ ၃ယောက်သား မျက်လုံးလေးဝိုင်းလျက် တစ်ယောက်နှင့်တစ်ယောက် အသံတိတ် မျက်လုံးဖြင့် စကားပြောကြတော့၏။

"နှလုံးသား နှောင်ကြိုး"  [Myanmar BL ]Where stories live. Discover now