အပိုင်း (၂၉)

776 55 26
                                    

[ Unicode ]

                            "နှလုံးသား နှောင်ကြိုး"


"နင် ဒီနေ့ အရမ်းကိုတက်ကြွနေသလိုပဲနော် ယုယ?"

"ငါလား ဟီး"

သိမ့် ရဲ့အမေးကို ကျေနပ်အပြုံးလေးဖြင့်ပြုံးရင်း လွယ်အိတ်ကိုလွယ်ကာ ထရပ်လာသော ယုယ က သိပ်ကိုကြည်လင်နေသည်။

"ဟီး မနေနဲ့။ ဘာတွေများ အဲလောက်ပျော်စရာတွေရှိလို့လဲ?"

"ဒီနေ့ ငါ့ကို သူရိန် က လာကြိုမယ်တဲ့။ အဲတာကြောင့်လေ"

အပျော်ကြီးပျော်နေသော ယုယ က ရယ်သံရွှင်ရွှင်ဖြင့် ပြန်လည်တုံ့ပြန်လာသည့်စကားအားကြားလိုက်ရသည့် အောင်ဖြိုး ခမျာ ချက်ချင်းဆိုသလို မျက်နှာပျက်သွားသည်။ ဒါကိုလှမ်းမြင်လိုက်တဲ့ သိမ့် ကလည်း မျက်နှာတည်သွားပေမယ့် ချက်ချင်းဆိုသလိုဟန်ဆောင်မပျက်တဲ့အပြုံးက မျက်နှာထက်ချိတ်ဆွဲထားလျက် ယုယ ရဲ့လက်ကိုကောက်ချိတ်လိုက်၏။

"အတူတူထွက်မယ်လေ"

ယုယ နဲ့ သိမ့် လက်တွဲချိတ်ရင်း အတူယှဉ်တွဲကာ ကျူရှင်အပြင်ထွက်လာသည်ကို ခန့် မြင်လိုက်ရသည်။ ထိုသူငယ်ချင်းမနှစ်ယောက်နောက်က ကြမ်းပြင်ပေါက်မတတ် ခေါင်းငိုက်ကာ လိုက်လာသော အောင် ကိုလည်း တွေ့လိုက်ရသည်မို့ သူ့ရင်ထဲဒိန်းခနဲတုန်လှုပ်လာပြန်၏။

"ကို!"

ကျူရှင်အဝကနေ သူစောင့်နေရာတစ်ဖက်သို့လက်ပြကာ ဝမ်းသာအားရလှမ်းခေါ်နေသော သူ့ကြင်သူအား အပြုံးတစ်ခုဖြင့် လက်ပြန်ရမ်းပြရင်း လျှောက်လာခဲ့ရန် လက်ပြခေါ်လိုက်သည်။ ယုယ သည် ဘေးက သိမ့်အား 'သွားတော့မယ်' ဟုနှုတ်ဆက်ကာ ခန့် ရှိရာသို့ပြေးသွားတော့၏။

"စောင့်နေတာကြာသွားလား?"

"မကြာပါဘူး။ ကို ခုနကမှရောက်တာ"

ယုယ ရဲ့အမေးကိုပြုံးရင်းပြန်ဖြေကာ လက်ထဲမှလွယ်အိတ်လေးအား လှမ်းယူလျက် စက်ဘီးရှေ့ခြင်းလေးသို့ထည့်လိုက်သည်။

"တက်လေ။ သေချာကိုင်ထားနော်"

ခန့် ညင်ညင်သာသာပြောတော့ ယုယ က သဘောကျသည့်အပြုံးဖြင့် 'အင်း' ဟုဆိုကာ ခေါင်းငြိမ့်ပြလာလျက် စက်ဘီးနောက်တွင် ဘေးတစ်စောင်းဝင်ထိုင်လိုက်သည်။ ခါးနားက အင်္ကျီစလေးကို လက်သီးဆုတ်လေးဖြင့်အသာဆုတ်ကိုင်လိုက်တော့ 'ခါးကိုဖက်ထားလေ' ဟုပြောလာရင်း ယုယ လက်ကို သူ့ခါးဆီသို့ဆွဲပို့လိုက်သော ခန့်။ နူးညံ့ညင်သာတဲ့အထိအတွေ့က သူမ နှလုံးခုန်နှုန်းကို လာရောက်စမ်းသပ်လေ၏။ လေတဝှေ့ဝှေ့ကြားက ဆွတ်ပျံ့လာတဲ့ လိမ္မော်နံ့ခပ်သင်းသင်းလေးက သူမရဲ့ချစ်သူကောင်လေးဆီကမှန်း သူမသိသည်။ အခုချိန်ဟာ သူမရဲ့အပျော်ဆုံးအချိန်တွေထဲက အမှတ်တရအဖြစ် သူမ မမ်မိုရီထဲ မှတ်ထားမိမယ့် မှတ်တမ်းတစ်ခု။

"နှလုံးသား နှောင်ကြိုး"  [Myanmar BL ]Where stories live. Discover now