Episode 6

2K 121 2
                                    

Uni

ကျောင်းပိတ်ရက်တွေပြီးပြီမို့လို့ ထယ်ယောင်းတို့အခုဆို ကျောင်းပြန်တတ်နေရပြီ ။
တီလေးတို့အိမ်မှာနေထဲက ဟိုလူကြီးနဲ့လဲ မတွေ့ရတော့ပေ။
သူကတော့ သူ့အစ်ကိုဆီဆိုကာ အိမ်ကို လာနေပေမဲ့ ထယ်ယောင်းက တမင်သက်သက်ရှောင်နေခြင်းပင်။

" ဂျီဂျီလေး အာရီဂူးးးးး လွမ်းနေခဲ့တာ "

ဂျီမင်က ဘူဆန်ကနေ ပြန်လာမယ်ဆိုတာ သိလို့ ထယ်ယောင်း ကားဂိတ်မှာ လာစောင့်ပေးနေခြင်းပင်။

" ထယ်ထယ် ငါမင်းကိုပြောတယ်လေ လာမကြိုပါနဲ့လို့၊ အခုတော့ တမင် ပင်ပန်းအောင်လို့ကွာ"

" မဟုတ်တာကွာ ၊ ငါကမင်းကို လာကြိုချင်လို့ ကို"
" အေးကွာ ဒါဆိုလဲ သွားရအောင်"
သူငယ်ချင်းနှစ်ယောက် ကားဂိတ်ကနေ ထွက်လာခဲ့လိုက်သည်။

အဆောင်ပြန်ရောက်တော့ ဂျီမင်က ရေမိုးချိုးပြီး အပြင်ကို နေ့လည်စာ ထွက်စားသည်။

အပြင်က ဆိုင်တစ်ဆိုင်ကိုရောက်တော့ သူတို့ဝင်ထိုင်လိုက်ကြသည်။
အစားအသောက်တွေမှာပြီး ကျောင်းပိတ်ရက် အချိန်ကုန်ခဲ့တဲ့ အကြောင်းကို အပြန်အလှန် ပြောပြနေကြသည်။

"ဂျီမင် ငါ့ကို တစ်ယောက်ယောက် စိုက်ကြည့်နေသလိုမျိုး ခံစားနေရတယ်"

ထယ်ယောင်း ကြက်သီးတွေပါ ထသွားသည်။
တကယ်ကြီး တစ်ယောက်ယောက်က စိုက်ကြည့်နေသလိုကြီး၊
ထိုအချိန် ဂျီမင်က ထယ်ယောင်းရဲ့ ဘေးဘက်စွန်း တနေရာကို မျက်လုံးရောက်သွားသည်။
အဲ့လူက ထယ်ယောင်းတီလေး ယောက်ျားရဲ့ ညီ
ဂျွန်ဂျောင်ဂု ဟုတ်တယ်မလား ၊

" ထယ်ယောင်း မင်းရဲ့ အနောက်ဘေးဘက်စွန်းမှာ ဂျွန်ဂျောင်ဂုဆိုတဲ့ လူ"

ဂျီမင်အဲ့လိုပြောလိုက်တော့ ထယ်ယောင်းက အနောက်ဘက်ကို လှည့်ကြည့်လိုက်မိသည်။
တကယ်ကြီး ဒီလူကြီး
ငါ့ကို စိုက်ကြည့်နေတယ် ။

" ဂျီမင် ငါတို့ ပြန်ကြမလား"

" အင်းပြန်ကြတာပေါ့၊ တခြားဆိုင်ထိုင်ကြမယ်"
ထယ်ယောင်းက တကယ်ကြီးနေရခက်နေတာကြောင့် ဂျီမင်လဲ ဆိုင်မှာဆက်မထိုင်ဘဲ ဆိုင်ထဲမှ ထွက်လာခဲ့ကြသည်။
.
.
.
ဂျောင်ဂု တစ်ယောက် ဆိုင်မှာ ထိုင်နေချိန် ကလေးငယ်နဲ့ သူ့သူငယ်ချင်း ဂျီမင်ဆိုသူ စကားတွေပြောကာ ဝင်လာတာကို သိလိုက်သည်နဲ့ တပြိုင်နက် ထောင့်ကျကျ နေရာတနေရာကို ပြောင်းထိုင်ကာ ကလေးငယ်ကို ကြည့်နေမိသည်။
ကိုယ်ကြည့်နေတာကို သိသွားပုံရသည့် ကလေးငယ်က ကိုယ့်ကိုလှည့် ကြည့်လာသည်။
တချက်တော့ ပြုံးပြလိုက်ပေမဲ့ ကလေးငယ်ရဲ့ မျက်နှာက မအီမသာနဲ့ ၊ ပြီးတော့ နှစ်ယော​က်သား ဆိုင်ထဲက ထွက်သွားကြသည်။

The Flower of Love (complete )Where stories live. Discover now