Extra

1.3K 77 2
                                    

Uni

3years ago

" ကူးကူး သားငယ် ၊ သားကျောင်းသွားရမယ်မလား ထတော့လေ "

၃နှစ်ကြာပြီးနောက်မှာတော့ ကူးကူးလေးဟာ ၇နှစ်ဆိုတဲ့ အရွယ်ကိုရောက်ခဲ့သည်။
ကူးကူးလေးဟာ အဖေနှစ်ယောက်လုံးရဲ့ အကျင့် စရိုက်တွေကို ရခဲ့သည်။

ထယ်ယောင်းလိုစာအုပ်ဖတ်တတ်တဲ့အကျင့်၊ ဂျောင်ဂုလို အရာရာကို အလေးထားပြီးလုပ်တတ်တဲ့ အကျင့်တွေကို အမွေဆက်ခံယူထားသည်။

" အင်း ပါးပါး ၊ မောနင်း "
ထယ်ယောင်း နှိုးလိုက်သည်နှင့်တစ်ပြိုင်နက် ကူးကူးလေးဟာ ချက်ချင်းဆိုသလို ထလာသည်။

ထယ်ယောင်းကို ဖတ်ပြီး ပါးကိုနမ်းမလို့ရှိသေး အခန်း ဝက ဒယ်ဒီ့ကိုတွေ့တော့ နမ်းမဲ့ဟာကိုပြန်ရုတ်သိမ်းလိုက်သည်။
ဒယ်ဒီဟာ သားအဖချင်းတောင် သိပ်အူတိုတတ်တာ ။ " မင်း ဒါလင့်ကိုနမ်းရင် မုန့်ဖိုး မပေးတော့ဘူး"တဲ့လေ အရမ်းလဲ အကျင့်ယုတ်တတ်သူကြီးပါလေ။

" အဟမ်း ဟမ်း "
ဒယ်ဒီက အခန်းထဲကို ဝင်မလာပဲ အခန်းဝမှာတင် လုပ်ချောင်းလေး ချိုးပြသည်။

" ဟော Hubby တောင်နိုးလာပြီလား ၊ မနက်စာ အဆင်သင့်ဖြစ်ပြီလေ သွားမစားဘဲ ဘာလုပ်နေတာလဲ အဲ့မှာ"
" မင်း မှမလာဘဲ ၊ ကိုယ်က ဒါလင်နဲ့မှ မနက်စာ အတူတူစားချင်တာကို "
" ခန နေပါအုံး အဲ့ဒါဆိုလည်း သားလေးကိုပါ တစ်ခါထဲ ခေါ်လာမလို့ "

ထိုအခါ ဂျောင်ဂုက ထယ်ယောင်းကို သူ့ဘက်သို့လှည့်စေပြီး ၊
ထယ်ယောင်းကျောခိုင်းထားသည့် ကူးကူးကို အကြည့်စူးစူးတစ်ချက်ပို့လိုက်သည်။

" အာ ပါးပါး သားက ရတယ် ၊ ကိုယ့်ဘာသာ မျက်နှာသစ် ရေချိုးခဲ့ ပြီး ဆင်းခဲ့မယ် ၊ ဒယ်ဒီနဲ့သာ မနက်စာအတူတူသွားစား"
ကူးကူးက ပါးနပ်စွာနဲ့ ထိုသို့ပြောတော့ ဂျောင်ဂုဟာလည်း ကျေနပ်သွားသည်။

" တွေ့လား သားကသူ့ဘာသူ အကုန်လုပ်တတ်နေပြီ ဟာကို "
" အင်းပါလေ အဲ့ဒါဆိုလည်း သားအတွက် အင်္ကျီထုတ်ပေးခဲ့အုံးမယ် "
ထယ်ယောင်းဟာ ဗီရိုထဲမှ ကူးကူးအတွက် အင်္ကျီများ ထုတ်ပေးခဲ့ ပြီး ဂျောင်ဂုနဲ့အတူ ထမင်းစားခန်းထဲသို့ ဝင်သွားသည်။

The Flower of Love (complete )Where stories live. Discover now