💚Part8❤

995 66 3
                                    


ကိုယ်က ကားစီးရင်မူးတက်လို့ စာမရိုက်တာပါ ခုမျှော်နေတဲ့သူတွေရှိလို့တင်ပေးလိုက်ပါပြီ ရောက်ရောက်ချင်း စရေးတာပါ ခေါင်းကိုက်ရင် ဆေးဝယ်တိုက်ပေါ့ အသည်းတို့ရေ


___________________________________
[Unicode]

"လိချန်"

"ရှောင်ကျန့် နေမကောင်းဘူးလား
သူငယ်ချင်း မင်းမျက်နှာ
ချောင်သွားတယ်ဟုဆိုရင်း "

ရှောင်ကျန့်၏မျက်နှာအားလာရောက်
ထိကိုင်သောလိချန်၏ လက်ကို ရှောင်ကျန့်ပုတ်ထုတ်လိုက်သည်

"သူငယ်ချင်းတဲ့လား လိချန်မင်းငါ့မျက်နှာကိုကြည့်ရဲသေးတယ်နော်
နောက်ပြီး မင်းရဲ့ အဲ့ပါးစပ်က သူငယ်ချင်းဆိုတဲ့စကားထွက်ရဲတာ ငါအံဩရပါတယ် "

"ငါ.....ငါ"

လိလျန်အံဩမင်သက်မိသွားတယ် အရင်က တုံလွန်းအလွန်းဖြူစင်လွန်းတဲ့ သူ့ရဲ့ သူငယ်ချင်းက
ဒါမျိုးစကားလုံးတွေ ဘယ်ဆီကများ
သင်ယူလာခဲ့တာလည်း

"တငါငါနဲ့ လိချန် ခုကစပြီး မင်းနဲ့ငါသူငယ်ချင်းမဟုတ်တော့ဘူး
ငါ့နမည်လည်းခေါ်စရာမလိုသလို
ငါ့ဆီလည်းလာစရာမလိုဘူး လိချန်"

ထွက်သွားမည်လုပ်နေသော ရှောင်ကျန့်ရဲ့လက်အား လိချန်ဖမ်းဆွဲလိုက်သည်

"ငါတောင်းပန်ပါတယ် ရှောင်ကျန့် ငါတို့ကသူငယ်ချင်းတွေလေ ပြီးတော့ငါရိပေါ်ကို တကယ်ကြိုက်တာပါ ပြီးတော့ ငါ popular လည်းဖြစ်ချင်မိတာပါ ငါသူငယ်ချင်းတစ်ယောက်မဆုံးရှုံးချင်ဘူး
မင်းမှာလည်းသူငယ်ချင်းဆိုလို့ငါပဲ ရှိတာလေ ငါမဟုတ်တဲ့မင်းအတွက်သူငယ်ချင်း
ဘယ်သူများရှိသေးလို့လဲ"

"ဘာ....တောင်းပန်တယ်ဟုတ်လား အေးပါ ​
ရှောင်ကျန့် အတွက်အငယ်ထဲကသိခဲ့တဲ့သူနဲ့ သိတာတစ်နှစ်တောင်မပြည့်သေးတဲ့သူနဲ့
သူမင်းကိုပဲရွေးမှာ လိချန် ....အဲ့တာကမင်းသူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းမို့ပဲ မင်းဝမ်ရိပေါ်ကို
တကယ်ကြိုက်ရင် ​ သူ့ကိုပွင့်ပွင့်လင်းလင်းပြောလေ
မင်းpopularဖြစ်ဖို့အတွက်ရှောင်ကျန့်ရဲ့ နှလုံးသားကိုမချနင်းခဲ့သင့်ဘူး နောက်ပြီးမင်းရဲ့သူငယ်ချင်းရှောင်ကျန့်ကသေပြီ
ခုငါရှောင်ကျန့်ကမင်းသူငယ်ချင်းမဟုတ်ခဲ့ဘူး
ငါကအရင်လိုမင်းကိုဘဲအားကိုးတော့မှာ မဟုတ်သလို
ဝမ်ရိပေါ်မှဝမ်ရိပေါ် လည်းမဟုတ်တော့ဘူး
ငါ့မှာ လိချန်ဆိုတဲ့သူငယ်ချင်းတစ်ယောက် ရှိကောင်းရှိခဲ့လိမ့်မယ် ဒါပေမဲ့
ငါ့သူငယ်ချင်းလိချန်ကမင်းလို
ရှောင်ကျန့်အပေါ် အကျင့်ယုတ်မှာမဟုတ်ဘူး
ပြီးတော့လိချန်....... ငါခုလိုပြောတာ မင်းငါ့အဖြစ်ဟန်ဆောင်လို့
ဝမ်ရိပေါ်ကငါ့ဆီကလုယူလို့
မဟုတ်ဘူး မင်းရှောင်ကျန့်အပေါ်
လုပ်ရက်ခဲ့လို့ ငါ့ကိုသွားခွင့်ပြုပါဦး
လိချန်ကျောင်းတက်တော့မယ် "

အဖြူထည်သက်သက်[Complete]Where stories live. Discover now