❤Ep11💚

964 54 0
                                    

[Unicode ]

"ခများ ခများ......."

ရှောင်ကျန့်ချန်းမုကိုတွေ့တာနဲ့ ခန္တာကိုယ် ဟာ တဆက်ဆက်တုန်ရီလာတယ် ကြောင့်ရွှံစိုးရိမ်ခြင်း
တွေကို ကိုယ်စားပြုတဲ့ မျက်ရ​ည်တို့မှာ ပါးပြင်ပေါ်သို့ အသွင်သွင် စီဆင်းတယ်

"အင်းဟုတ်တယ် ကိုယ်ပါ ကျန့်ငယ် "

"အီးဟီးဟီး တောင်းပန်ပါတယ် ကျွန်တော်
ခများဆီက ထွက်ပြေးလာခဲ့ပြီးပါပြီ ကျွန်တော့်ကို လွှတ်ပေးပါတော့ ကျွန်တော့်ကိုထပ်ပြီး ချုပ်နှောင်မထားပါနဲ့တော့ "

"ကျန့်ငယ်ရယ် မငိုပါနဲ့ ကလေးရယ် တိတ်ပါ
မင်းငိုရင် အကို ရင်နာလို့ပါ "

" ဟင့်.....ဟင့် အိမ်ပြန်ချင်တယ် အိမ်ကို
ပြန်ပို့ပေး ကျွန်တော့်ကိုအိမ်ပြန်ပို့ပေးပါ "

ကလေးတစ်ယောက်လို ငိုယိုရင်း လက်အုပ်ချီတောင်းပန်နေသော ကလေးငယ်မှာ
သူ့ကို ဘယ်လောက်များ ကြောက်လန့်ခဲ့ လိုက်မလဲ
ကိုယ့်ကို ကြောက်ဖို့မလိုတော့ပါဘူး ကျန့်ငယ်ရယ်
မင်းကို ကိုယ့်ရဲ့ အဝေးကို တွန်းပို့ ထားပြီးပြီ မို့
ပြန်လည်ခေါ်ယူလို စိတ်ကိုယ့်မှာ မရှိပါဘူး
ကလေးရယ် မင်းက ဟိုးအဝေးက ကောင်းကင်
ထက်မှာ လွတ်လပ်စွာ ပျံသန်းရမယ် ငှက်ငယ်လေး
ပါကွာ အဓိက က ကိုယ့်ရဲ့အဝေးမှာပေါ့ ကလေးရယ်

"အင် မငိုနဲ့နော် အကို ကလေးရဲ့ အိမ်ကိုပြန်ပို့မယ်နော်
မငိုနဲ့တော့ "

". ........"

"လာကြစမ်း ကျန့်ငယ်ကို အိမ်ပြန်ပို့ပေးလိုက်
ဦးမင်ပါလိုက်သွား "

"ဟုတ်ကဲ့ပါသခင်ကြီး"

...............

ရှောင်ကျန့်ကားပေါ်ရောက်သောအခါတွင် ဦးလေးမင်ပါ လိုက်ပါလာကြောင့်သိရတယ်

"ဦးလေးမင် နေကောင်းရဲ့လား "

"ဒီလိုပါပဲ ကလေးရယ် ဒီအဖိုးကြီးက
အသက်ကြီးပြီဆိုတော့ မသန်စွမ်းတော့ဘူးကွယ့်
နောက်ကျရင် သခင်ကြီးကိုရဲ့ ေဝယျာဝစ္စ
ဘယ်သူကများ လုပ်ပေးလေမလည်းကွယ် "

"သူ့အတွက် ပူပေးမနေနဲ့ အဲ့လူယုတ်မာက
ေသ သွားရမှာ "

"ကလေး သခင်ကြီးနဲ့ ဝေးဝေးနေ သခင်ကြီးက
မင်းကိုလွှတ်ပေးထားတာ အခွင့်အရေးကို ရအောင်ယူ
သခင်ကြီးလည်း သူ့အပြစ်တွေအတွက် ပေးဆပ်ခဲ့ပြီးပါပြီကွယ် သူ့ကြောင့်ဘဲ
ကလေးဒီဘဝသစ်ကို ပြန်လည်ရရှိတာ ဒီအတွက်
အကြွေးရှိတယ်လို့ ဦးလေးမင် မဆိုလိုပါဘူး ကလေးရဲ့ ဘဝကို သူကပဲ ဖျက်ဆီးခဲ့တာပဲလေ "

အဖြူထည်သက်သက်[Complete]Where stories live. Discover now