💚Final❤

1.4K 41 0
                                    

[Unicode]

ကျွန်တော်တို့တွဲခဲ့ကြတာ၅၅ နှစ်ရှိခဲ့ပြီ

အဆင်မပြေမှုများစွာကို ဖြတ်ကျော်ရင်း

ဆုံစည်းဖို့အတွက် ဘဝပေါင်းများစွာကို ကူးသန်ရင်း

နောက်ဆုံးတော့ ကျွန်တော်ဒီလူသားရဲ့ လက်ကို

ရဲရဲဝင့်ဝင့်ဆုပ်ကိုင်ထားနိုင်ခဲ့ပြီ ကျွန်တော်သိခဲ့တာက

ကျွန်တော့် ရဲ့ အသက်ပေါင်းများစွာ

ဘဝပေါင်းများစွာတိုင်းမှာ ဒီလူသားကို

လိုက်လံရှာဖွေရင်းကုန်ဆုံးခဲ့ရတယ်ဆိုတာ

မဟုတ်ဘူး ဝမ်ရိပေါ်ဟာ အမြဲတမ်းသူ့အနားမှာ

ရှိနေတယ် သူကိုယ်တိုင်ကဘဲမမြင်နိုင်ခဲ့တာ

ထပ်ပြီး ပျောက်ဆုံးသွားမှာ ကြောက်မိတယ်

လိုက်လံရှာဖွေရတာလဲ မောပန်းနေလှပြီ ဒါပေမဲ့

ဒီဘဝပြီးရင် အားလုံးပြီးသွားပါ ပြီ ကျွန်တော့်ရဲ့

လူသားနှင့်ကျွန်တော်ဟာ စတြာဝဠာကြီးထဲကနေ

ေပျာက်ကွယ်သွားဖို့ရည်ရွယ်ခဲ့ပါပြီ

ဝမ်ရိပေါ်ကလည်း ကျွန်တော်ပြောတာကို လက်ခံခဲ့တယ်

ကျွန်တော် မောပန်းကြီးစွာ လိုက်ရှာနေရတဲ့ဒုက္ခကို

ထပ်မခံစားစေချင်တော့ဘူးတဲ့ သိပ်ချစ်ဖို့ကောင်းတဲ့

ကျွန်တော့်ရဲ့ ပိုင်ဆိုင်ရာပါလေ

"ကလေး အပြင်မှာလေစိမ်းတွေတိုက်တယ်လေကွာ
ထပ်ဖြားမယ်လာ လာအထဲဝင် "

"ရိပေါ်ကော ကျွန်တော် ထွက်သွားရတော့မယ်နဲ့တူတယ် "

"ကလေးကလည်း မဟုတ်တာတွေမပြောနဲ့လေကွာ "

"ဟင့်အင်းကျွန်တော်သိနေတယ်ကော
ကျွန်တော်ထွက်သွားရင် ကောရောလိုက်မယ်မှလားဟင်"

"ကိုယ်က ကလေးဘယ်သွားသွား လိုက်မှာပါကွာ .....
ဘယ်တော့လဲကလေ "

"ဒီညနဲ့တူတယ် ကျွန်တော့်ကို လင်းရီ တစ်ခုခုသတိပေးတယ်လို့ခံစားရတယ် "

အဖြူထည်သက်သက်[Complete]Where stories live. Discover now