2

2.8K 337 14
                                    

"အခန်းသပ်သပ်မရဘူးလား"

"ဘယ်ကြင်စဦးတွေ အခန်းခွဲနေတာ မင်းမြင်ဖူးလို့လဲ"

"ဘာကို ကြင်စဦးလဲဗျ။ တခြားသူတွေကြားရင်
နှစ်ယောက်သား ချစ်လို့ယူခဲ့တယ် ထင်နေဦးမယ်"

သူပြောသည်ကို တစ်ခွန်းမကျန်ပြန်ပြောနေသော
ဂျစ်ကန်ကန်ကောင်လေးကို ကြည့်၍ ဂျုံအင်
နှုတ်ခမ်းတွန့်ရုံသာပြုံးလိုက်မိတော့သည်။

ဆယ်ဟွန်းကတော့ ကျောတွင်
နောက်ပြန်သိုင်းလွယ်ထားသည့်
Leather အိတ်အနက်ကို ချွတ်လိုက်၍ အခန်းကျယ်ထဲက
ဆိုဖာတွင်ပစ်တင်ကာ သူပါထိုင်ချလိုက်သည်။

ထို့နောက် အခန်းအား မျက်လုံးတစ်ချက်ဝေ့၍
ကြည့်လိုက်မိပါသည်။ ခဲဖျော့ရောင်၊ အဖြူရောင်နဲ့ အနက်ရောင်ကိုသာ သုံးထားသည့် အခန်းက ခပ်ငြိမ်ငြိမ်။

ဆယ်ဟွန်းရဲ့ တိုက်ခန်းက အိပ်ခန်းကတော့
Musical instruments တွေ ၊ poster တွေနဲ့
Cd တွေနဲ့ ရှုပ်ပွနေတာပဲလေ။

ထိုပစ္စည်းတွေကိုတော့ မနက်ဖြန်မှ ကားနဲ့
သပ်သပ်သယ်ရမည်ဖြစ်သည်။

စာချုပ်မှာလက်မှတ်ထိုးပြီးတာနဲ့ အိမ်ကို လိုက်ခဲ့ခိုင်းသော
Kim Jongin ကြောင့် ဆယ်ဟွန်းမှာ အဝတ်နှစ်ထည်လောက် ထည့်ကာ လိုက်ခဲ့ရတာ မဟုတ်လား။

"ကျွန်တော့် ပစ္စည်းတွေလာရင် ဘယ်မှာထားရမလဲ"

"ကိုယ် မင်းအတွက် studio
သပ်သပ်လုပ်ပေးမယ်။မင်းသူငယ်ချင်းတွေကိုလည်း
ခေါ်လို့ရတယ်။အပြင်မှာ studio ငှါးမနေနဲ့"

ဆယ်ဟွန်း မျက်ခုံးတစ်ချက်သာပင့်မိ၍
ငြိမ်နေလိုက်ပါတော့သည်။
ငြင်းတော့မငြင်းမိလိုက်ပါ။ ဘာပဲဖြစ်ဖြစ်
သုံးလတောင် သူ့အနားမှာ နေရတဲ့အတွက်
တန်ရာတန်ကြေးပဲလေ။

Kim Jongin က လက်တစ်ဖက်က ဝတ်ထားသည့်
ရှပ်အင်္ကျီအဖြူရဲ့ လည်ပင်းက ကြယ်သီးကို
ဖြုတ်နေရင်းမှ အခန်း၏ ညာဘက်တွင်ရှိသော sliding door ဆီသို့ သွား၍ တံခါးကို တွန်းဖွင့်လိုက်လေသည်။

တစ်ဖက်တွင်မြင်လိုက်ရသည်က show case ၊ cabinet
တို့ဖြင့် မျက်စိကျိန်းချင်စဖွယ် ဆင်ယင်ထားပါသည့်
Dressing room ဖြစ်သည်။

Mr.Kim?   He's my Husband !!Where stories live. Discover now