"ဒီမှာ .. ခင်ဗျား ကျွန်တော့်ကို တစ်ခုခု စိတ်ဆိုးနေလား"သူငယ်ချင်းတွေပြန်သွားကတည်းက
Kim Jongin နဲ့ သူ့ကြား ရှိနေတဲ့ အေးတိအေးစက် အခြေအနေကြီးက တစ်ပတ်ခန့်ကြာသွားပြီး
နောက်မှာတော့ ဆယ်ဟွန်း သည်းမခံနိုင်တော့ဘဲ ထုတ်မေးလိုက်မိတော့သည်။တစ်အိမ်ထဲမှာ နှစ်ယောက်ထဲနေပြီး
စကားနည်းနည်းလေးတောင် မပြောရ၊ ထမင်းပင်အတူ
မစားနိုင်ဖြစ်နေတော့ ဆယ်ဟွန်းလည်း စိတ်ခုရသည်။သုံးလကြာပြီးနောက် ဘာပတ်သက်မှု မရှိတော့ဘူးပဲဆိုဆို
ဒီလိုကြီး အနေမခက်နေချင်။တစ်အိပ်ရာထဲတောင် အတူအိပ်နေတာပဲလေ။
အခုလည်း ကြည့်။
ဆယ်ဟွန်း မေးနေတာတောင် အဲ့ဒီလူက အခန်းထဲက
ဆိုဖာပေါ်တွင် ထိုင်ကာ ကြည့်နေသည့်
iPad ဆီမှ မျက်လုံးအကြည့်ကိုမခွါလာ။ဆယ်ဟွန်းက အသက်ပိုငယ်တယ်ဆိုတိုင်းနဲ့ လေးစားစရာ
မလိုဘူးလို့ ထင်နေသလား!"Kim Jongin ကျွန်တော် မေးနေတာ မဖြေဘူးလား"
"ကိုယ် မင်းကို ဘာစိတ်ဆိုးရမှာလဲ"
"လူကို ကြည့်ပြီးဖြေဗျာ!"
ဆယ်ဟွန်းစိတ်မရှည်သလိုပြောလိုက်မှ
Kim Jongin က ဆယ်ဟွန်းကို တစ်ချက်
ဖျတ်ခနဲကြည့်လာ၏။
ထို့နောက် iPad ဆီသို့ပဲ အာရုံပြန်စူးစိုက်သွားပြန်သည်။"ကိုယ်မအားဘူး။ အရေးကြီးတဲ့ projectရှိလို့
ဂျယ်ဆောင်းပို့လိုက်တဲ့ interior design
တွေ ကြည့်နေတယ် ဆယ်ဟွန်း"" ကျွန်တော်လား အဲ့ဒီ ခင်ဗျားရဲ့ဂျယ်ဆောင်းလား"
စိတ်အလျောက် ဆယ်ဟွန်း ပြောလိုက်သည့်စကားက
ကလေးဆန်သွားသည်မှာ သိသိသာသာ။
Kim Jongin
ကလည်း ဒါကို သတိထားမိလိုက်သည့်သဘောဖြင့်
တစ်ချက် မော့ကြည့်ကာ နှုတ်ခမ်းတို့
တွန့်ကွေးရုံပြုံးလိုက်လေသည်။ဆယ်ဟွန်း ချောင်းတစ်ချက် ဟန့်ကာ မျက်နှာကို
တစ်ဖက်သို့ ခပ်လွှဲလွှဲလုပ်လိုက်မိတော့၏။"ကိုယ့်ဘေးနား လာထိုင်..ဆယ်ဟွန်း"
"ဘာလို့ ထိုင်ရမှာလဲဗျ။ မထိုင်ချင်ဘူး"