5

3.1K 301 27
                                    

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့်အချိန်
ကြားလိုက်ရသည့် ဖုန်းသံကြောင့်
ဆယ်ဟွန်း လန့်နိုးလာခဲ့သည်။

လက်မောင်းကို ဖိထားသည့်နှယ်ဖြစ်နေသော လေးလံမှုတစ်ခုအား အိပ်ချင်မူးတူးဖြင့် တွန်းဖယ်ရန် လုပ်မိပြီးမှ
သူ့လက်မောင်းကို ခေါင်းအုံး၍ အိပ်ပျော်နေသည့်
ဂျုံအင် မှန်း သိလိုက်သည့်အခါ လက်တို့ကို
ပြန်ရုတ်လိုက်မိသည်။

အဆက်မပြတ်မြည်နေသည့် ဖုန်းကို ကိုင်လိုက်သည့်အခါ
ခေါ်သည့် တစ်ဦးတည်းသော သူ့အစ်မ၏ အသံကို
ကြားလိုက်ရ၏။

"အိပ်နေတုန်းလားဟဲ့ ဆယ်ဟွန်း"

"အစောကြီးရှိသေးတာလေဗျာ"

"ဘယ်ကစောရမှာလဲ။ မနက် ၁၁ နာရီရှိနေပြီ"

အိုရှင်းဂျူ ပြောသည့်အခါ သူ့ရင်ခွင်ထဲတွင်
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့်
ဂျုံအင့်ကို ဆယ်ဟွန်းငဲ့ကြည့်လိုက်သည်။

အင်းလေ။ ဘယ်အလုပ်သွားနိုင်ပါ့မလဲ။
မနေ့ညက သူအနိုင်ကျင့်လိုက်တာ တော်ရုံတန်ရုံမှ
မဟုတ်တာ။

အတွေးဖြင့် နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးရုံ
တစ်ချက် ဆယ်ဟွန်း ပြုံးလိုက်သည်။

"ဒါတွေထားပါ ငါနင့်ကို ပြောစရာရှိတယ်ဆယ်ဟွန်း"

"ပြောလေ.."

"ငါ ဂျီဟွန်းနဲ့ အဆက်အသွယ်ပြန်ရပြီ။
သူက Beijing မှာ ရောက်နေတယ်တဲ့။
အလုပ်အတည်တကျလည်း ရပြီး
အဆင်ပြေနေပြီ ပြောတယ်။
နောက်တစ်ပတ်မှာ ငါ သူ့ဆီကို လိုက်သွားတော့မယ်"

ဆယ်ဟွန်း ခဏမျှ တိတ်ဆိတ်သွားမိသည်။

ရှင်းဂျုကပဲ ဆက်ပြောလာခဲ့၏။

"မေ​မေတို့ကို အလည်အပတ်လို့ ငါပြောပြီး သွားမှာ
ဆယ်ဟွန်း။ အပြန်ကျမှ ဂျီဟွန်းကိုပါ ခေါ်ခဲ့ပြီး
ငါတို့နှစ်ယောက်လက်ထပ်ဖို့ ကိစ္စ ပြောမယ်လို့
တွေးထားတယ်"

"အင်း.. ကောင်းပါတယ်။
အစ်ကို ဂျီဟွန်းကရော
လက်ခံလား"

" လက်ခံတယ်"

"အင်း ဒါဆိုလည်း ပြီးတာပါပဲ"

"နင်ရော.."

"ဟင်"

Mr.Kim?   He's my Husband !!Where stories live. Discover now