Part.1

16.9K 890 5
                                    

Mine💜Part.1

'ခွမ်း!!'

ဂေါက်တံနဲ့ဧည့်ခန်းထဲကတွေ့သမျှပစ္စည်းတွေကိုရိုက်နေတဲ့ကောင်လေး...

မလှမ်းမကမ်းမှာရပ်နေတဲ့Maidတွေအားလုံးခေါင်းမဖော်ရဲကြ..ဒီအသံတွေကသူတို့အတွက်တော့ယဥ်ပါးနေပါပြီ...

'ဘာဖြစ်နေတာလဲ..စောစောစီးစီး..'

လှေကားကနေဆင်းလာတဲ့ဂျွန်ဂျယ်မင်း...

'မင်းဘယ်တော့မှရင့်ကျက်မှာလဲ..companyလည်းဦးစီးနေပြီ...ငါတို့ကိုစိတ်ဒုက္ခတွေဆက်ပေးနေဦးမှာလား..'

'သိပ်သေချာတာပေါ့...အဲ့တာကကျုပ်စိတ်ကို အရမ်းပျော်မွေ့စေတဲ့အရာပဲလေ..'

'jungkook daddyကသားကိုဒေါသတွေလျော့စေချင်တာ..'

'ဒေါသ..အွန်း..ဟုတ်တာပေါ့အချစ်နဲ့တွေ့ပြီးပလူးနေတဲ့သူတွေသာ..ဒေါသကဘယ်ရှိနေမှာလဲ..'

'ငါစကားအကောင်းပြောနေတာ..'

'အာရုံပဲ..'

'မင်း!!ငါ့ကမင်းအဖေ..အေး..အဖေ၀တ္တရားရှိတဲ့အတိုင်းပြောကိုပြောရမှာပဲ..'

'ဘယ်တုန်းက၀တ္တရားတွေသိနေတာလဲ..ဘယ်တုန်းက
ရောဂရုစိုက်ပေးဖူးလို့လဲ..'

သွားပြီ..သူ့သားကသူ့ကိုအထင်အကြီးကြီးလွဲနေတော့၏...ဂရုစိုက်သင့်ခဲ့သလောက်စိုက်ခဲ့ပါတယ်...စီးပွားရေးတစ်ဖက်နဲ့ဆိုတော့အရာရာကထင်ထားစလောက်သက်ရောက်မှုမရှိခဲ့ပါဘူး...

ချေပပြောဆိုတဲ့အသံကခုကျထွက်မလာပါလား...

'ဟတ်!!မာမီဆုံးပြီးတစ်နှစ်နေတော့မယားငယ်နဲ့ချစ်လှစွာသောသားကိုအိမ်ပေါ်ခေါ်တင်ခဲ့တာ..သိပ်ကိုတာ၀န်တွေကျေပွန်နေလိုက်တာ...'

မာမီကိုမချစ်ပဲလူကြီးချင်းသဘောတူလို့သာလက်ထပ်ခဲ့တာ..မာမီကလည်းဂျွန်မျိုးရိုးပါပဲ..မျက်နှာချင်းဆိုင်ထမင်းစားတဲ့အချိန်ကိုမတွေ့ဘူးတာ..ကျွန်တော်အထက်တန်းရှိပါသေးတယ်..
မာမီကdaddyကိုသိပ်ချစ်သည်..အမြဲတမ်းအဖြည့်စည်းခံဘ၀နဲ့ပဲနေလာရတာ..ပေးဆပ်ခဲ့လိုက်ရတာ..
မာမီမေတ္တာတွေနဲ့မတန်လိုက်ပုံများ...

သူတို့ကတော့အချစ်ပင်လယ်ထဲပျော်ပျော်ကြီးကူးခပ်နေလိုက်ကြတာ..သူ့ရဲ့အချစ်ဦးတဲ့...တစ်ယောက်ထဲကျိတ်ခံစားခဲ့ရတာကမာမီတစ်ယောက်တည်းလေ
မာမီအတွက်တရားမျှတမှုကဘယ်မလဲ..

Mine [Completed]Where stories live. Discover now