Part.2

10.1K 748 6
                                    

Mine💜Part.2

လာဖက်အိပ်နေတဲ့ဘေးကမိန်းကလေး..ညကကောင်မလေးပဲ..

ရေချိုးခန်းထဲကထွက်လာတော့အတွင်းရေးမှုးဆီကဖုန်းအ၀င်call..

'Hello...'

'ဟုတ်ကဲ့..Ceoဒီနေ့Sunshineရုပ်ရှင်ထုတ်လုပ်ရေးရဲ့ရှယ်ယာရှင်အစည်းအ‌ေ၀းရှိပါတယ်..'

'အာ..သိပြီ..'

'ကိုကို..'

'ရော့..မင်းပါးစပ်ကကိုကိုနဲ့မခေါ်နဲ့...ရော့မင်းအတွက်..'

မွေ့ရာပေါ်ဒေါ်လာပစ်ပေးလိုက်သည်..
အပြေးအလွှားကောက်ယူတဲ့ထိုမိန်းကလေး..

ဒီမြင်ကွင်းကသူနဲ့ပတ်သတ်ဘူးတဲ့မိန်းကလေးတိုင်းလုပ်နေကြအမူအရာတွေပဲ...သိပ်တော့ထူးဆန်းိနေပါ..ငွေရှိမှသူတို့အသက်ရူနိုင်ကြတာ..

'နောက်လိုရင်ခေါ်နော်..အကောင်းဆုံးပြုစုပေးမယ်..'

'ငါကငါသုံးပြီးသားဆိုနောက်တစ်ကြိမ်ထပ်ပြီးမသုံးတတ်တော့ဘူး..'

ထွက်လာခဲ့လိုက်သည်...

အစည်းအ‌ေ၀းအတော်ကိုနောက်ကျနေလို့အတွင်းရေးမှူးကတဂွီတဂွမ်ဂွမ်ဖုန်းခေါ်နေတော့တာ..
Sunshineကုမ္ပဏီမှာသူကရှယ်ယာအများဆုံးပဲ..
ညကတော်တော်ကိုကဲမိပါလား..

ကားပါကင်မှာကားကိုအမြန်ရပ်ပြီးပြေးမတတ်လာခဲ့ရသည်...

‌ခြေလှမ်းကျဲကြီိးတွေနဲ့သာလျှောက်နေသည်။

ဓာတ်လှေကားကလူဒီနေ့ကျမှာ၅ယောက်ယောက်...

ဘယ်လိုကုမ္ပဏီအစုတ်အပြတ်ပါလိမ့်...ပိုက်ဆံတွေနင်းကန်၀င်ပြီးသီးသန့်ဓာတ်လှေကားမရှိ...

ဓာတ်လှေကားဖွင့်တော့ရှေ့ကလူတွေကရှိုးစမိုးလေးနဲ့ထွက်နေတာ..စိတ်တို့ကအတော်ကိုဆွဲဆန့်ထားရတယ်...

အညိုရောင်ခေါင်းလုံးလုံးသူ့ရှေ့မှာ...သူကအထွက်
ကိုယ်ကနောက်ကကတိုက်ကရိုက်အထွက်..

'အ..'

ခန္ဓာကိုယ်သွယ်သွယ်လေးကရှေ့ကိုယှိုင်ခနဲ့..

ဘာဖြစ်နေနေကိုယ်နဲ့မဆိုင်တာကြောင့်ကျော်ထွက်လာခဲ့လိုက်သည်..

Mine [Completed]Where stories live. Discover now