Part.26

6.3K 529 22
                                    

Mine💜Part.26

'တီ..'

ကိုကို့ဆီကMessageရောက်လာသည်...

'ထယ်နဲ့မတွေ့တာတော်တော်ကြာပြီ..တွေ့နေကျစာအုပ်ဆိုင်ကိုမနက်ဖြန်ထွက်လာလို့ရရင်လာခဲ့ပါ့လား..'

'ဟုတ်..တွေ့ကြရအောင်ကိုကို..'

'လွမ်းတယ်..ချစ်တယ် သိပ်ချစ်တယ်..'

ကိုကိုရဲ့အဆုံးသတ်စာကိုဖတ်ပြီးစာမပြန်ဖြစ်ခဲ့ပါ..
သိပ်ကြာနေခဲ့ပြီပဲမဟုတ်လား..

ကျွန်တော်မနက်ဖြန်ကိုကိုနဲ့တွေ့ပြီးသေချာပြောပြမည်..ဒီလိုကြီးတွေဆက်သွားလို့မှမရဘဲ..ပြတ်ပြတ်သားသားလုပ်ရတော့မယ်..ကျွန်တော်ကြောင့်ကိုကိုထိခိုက်နစ်နာမှာမျိုးဘယ်တုန်းကမှမလိုချင်ခဲ့ပါဘူး..

အိမ်ထောင်ကျပြီးကတည်းကကိုကို့ကိုဆွဲမထားရက်ဘူး..ဆွဲထားဖို့လည်းဆန္ဒရယ်လို့ရှိမနေခဲ့တာခုအချိန်ထိပါပဲ..ကျွန်တော်နဲ့ကိုကိုပတ်သတ်တွေ့ဆုံခွင့်ရခဲ့တာကကံကြမ္မာသတ်မှတ်ထားတဲ့အတိုင်းအတာထိပါပဲ...

ဧည့်ခန်းထဲမှာမင်ဟာနဲ့စကားလက်ဆုံကြနေတဲ့ဖေဖေ..

ဖေဖေဆိုင်ကနေအစောပြန်လာတာပေါ့..မေမေကျွန်တော်ရောက်လာတာကိုဖုန်းဆက်ခဲ့ပုံရတယ်..

'ဖေဖေ..'

'ဖေဖေ့သားလေး..'

ဖေဖေက၀မ်းသာအားရပွေ့ဖက်လာသည်..

'သားကိုခုနကခေါ်လိုက်တာမဟုတ်ဘူး..'

'သားပင်ပန်းနေတယ်ထင်လို့ပါ..အကြာကြီးနေမယ်မဟုတ်လား..'

'ဟို သုံးရက်ပဲနေလို့ရတယ်..'

ဖေဖေကရောက်တုန်းရောက်ခိုက်အေးအေးဆေးဆေးနေခိုင်းချင်နေပုံ...

'ဟိုကောင်မဟုတ်လား..သုံးရက်ပဲနေခိုင်းတာလေ'

'မဟုတ်ပါဘူး..သားအလုပ်လည်းရှိနေသေးလို့ပါ..'

'အိမ်ထောင်ကျပြီးမှအိမ်ကိုပြန်မလာတာကြာနေပြီ...
နောက်ဆိုခဏခဏလာခဲ့...ဟိုကောင်ကိုမခေါ်ခဲ့နဲ့ကြားလား..'

'ဟုတ်ကဲ့..'

'ငါ့သားကိုဖွပ်များထားဦးမလားပဲ...ဥစ္စာရူးလားမသိဘူး..သားနဲ့အဆင်ကောပြေကြရဲ့လား'

Mine [Completed]Where stories live. Discover now