chapter-18

2.3K 164 3
                                    

ဂျောင်ဂုအနေနဲ့ကလည်း ထယ်ယောင်းတက်နေသည့်ကျောင်းကိုသွားဖို့ဆိုတာက မဖြစ်နိုင်။သွားလေရာတစ်ကောက်ကောက်ပါနေသည့် မန်နေဂျာကြောင့် မလွတ်လပ်။
ကျစ်! အောင်မြင်လာတာနဲ့ ကိုယ်ရေးကိုယ်တာတွေပါ ဒီလိုမျိုးကန့်သတ်ခံရတာပဲလား။

"မနက်ဖြန် california ကိုသွားရမယ်နော် ဂျောင်ဂု"

"ဟျောင်း...ကျွန်တော်သိပြီးသားကိစ္စကို ထပ်မပြောပါနဲ့တော့ဗျာ။"

ဂျောင်ဂု တစ်ကယ်လဲစိတ်တိုနေပြီဖြစ်သည်။အခုတစ်လော သွားချင်တိုင်းသွားမရ၊လာချင်တိုင်းမရတဲ့ကြားထဲ အသည်းအသက်လေးကပါဖုန်းနံပါတ်ပြောင်းသွားသည်။

make-up room ထဲ စက်ပိတ်ထားသော ဖုန်းလေးအားထပ်တလဲလဲခေါ်နေသောဂျောင်ဂု။ကြော်ငြာ poster အတွက်ရိုက်ကူးရေးကြောင့် shooting ရှိပေမယ့်လည်း အလုပ်ထဲကိုစိတ်မနစ်နိုင်ဘဲ ဖြစ်နေသည်။
ထယ်ယောင်းရဲ့ သူငယ်ချင်းဖုန်းနံပါတ်တွေကိုလည်း မသိတော့ အင်မတန်ကိုမှ ဒုက္ခရောက်နေသည့်အဖြစ်။

"shooting ပြန်စမယ်တဲ့ အင်္ကျီလဲတော့ ဂျောင်ဂု"

"ဟား...ကျစ်"

သက်ပြင်းချရုံသာတတ်နိုင်တော့သည်မို့ လက်ထဲကဖုန်းကို မန်နေဂျာဆီကိုပေးလိုက်ရသည်။
ရိုက်ကူးရေးစတဲ့အခါမှာလည်း အရင်ကလိုတက်တက်ကြွကြွမရှိဘဲ တွဲဖက်Partner ကိုတောင်အားနာရသည်။

"oh ဒီနေ့တော့ ငါတို့ဇာတ်ဆောင်ကြီးပင်ပန်းနေလို့ထင်တယ်။ခဏခဏ ပြန်ရိုက်နေရတယ်ဟေ့..."

camera man ဟျောင်းရဲ့စနောက်မှုကြောင့် ဂျောင်ဂု setting တစ်ဖွဲ့လုံးကိုအားနာရသည်။ပုံမှန်ဆို သူကတက်ကြွနေတာကြောင့် camera man တွေ၊ setting သမားတွေကသဘောကျနေကြတာလေ။အခုတော့ စိတ်မပါလက်မပါဖြစ်နေသည့်သူ့ကို တော်တော်အံ့သြနေကြတာထင်သည်။

>>><<<

"ထယ်ယောင်းလေး အခုတစ်လောသိပ်လည်းမလန်းပါလား။ကျောင်းစာတွေဘာတွေရော မလိုက်နိုင်လို့လား။"

"အဲ့လိုမဟုတ်ပါဘူး။ကျွန်တော် မိသားစုကိစ္စလေးနည်းနည်းရှိနေလို့။"

စာရင်းတွေစစ်ပြီးလို့ လိုအပ်တာလေးတွေထပ်ဖြည့်ရအောင်စာရင်းလာပြတော့ အစ်မဆိုဟီးမေးတာကိုတောင်သေချာမဖြေအား ။လူကတော့ တစ်ယောက်စေသာသူဆီကိုသာ ပြေးသွားချင်တာတော့အမှန်ပင်။

Without You [completed]Where stories live. Discover now