chapter-22

2.5K 168 6
                                    

ဂျောင်ဂုရဲ့ ပထမဆုံး Solo album ဖြစ်တဲ့ Begin album ကထင်ထားတာထက်ကိုရောင်းအားကောင်းနေတော့ သူမရော၊ဂျောင်ဂုပါ ဝမ်းသာနေကြသည်။

"မ,ပြောသားပဲ ဂျောင်ဂုရဲ့ albumက လုံးဝအောင်မြင်မှာပါလို့~"

"မ,ရဲ့အကူအညီတွေအများကြီးကြောင့်ပါ။ကျေးဇူးပါ မ။ကျွန်တော့်ကိုနားလည်ပေးတဲ့အတွက်ရော အစစအရာရာကူညီပေးတဲ့အတွက်ရော"

ဂျောင်ဂု သူမရဲ့လက်ချောင်းလေးတွေကိုဆုပ်ကိုင်ရင်းပြောလိုက်တော့

"မဟုတ်တာ....မ,​ပြောပြီးသားလေ ကျေးဇူးတင်စရာမလိုပါဘူးလို့။အိမ်ထောင်သည်တွေဆိုတာ အချင်းချင်းတစ်ယောက်နဲ့တစ်ယောက်ဖေးမရမှာသဘာဝပဲလေ။"

သူမရဲ့အပြောကြောင့် ဂျောင်ဂုစိတ်အိုက်သွားရသည်။နောက်လနေရင် သူမနဲ့ကွာရှင်းပြတ်ဆဲမယ်လို့တွေးထားခဲ့တာ။အခုသူမအပြောကြောင့် တွေဝေသွားရသည်။သူမကရော လွယ်လွယ်ကူကူလက်ခံပါ့မလား။

"ကျွန်တော်နားတော့မယ်....."

သူမကတော့ Drama series ကြည့်ပြီးအောက်ထပ်မှာသာကျန်ခဲ့သည်။ထမင်းစားခန်းထဲဝင်လာတော့ အဒေါ်ကြီးနဲ့ဒရိုင်ဘာဦးလေးကြီးက စကားပြောနေတာကိုတွေ့လိုက်သည်။အခန်းအဝင်ဝကိုကျောပေးထားတာမို့လို့ သူဝင်လာတာကိုမတွေ့ကြ။

"ကျွန်မ သွားပြောလိုက်တာပေါ့။အဲ့ဟာတွေက မဟုတ်ရင်ရောင့်တက်လာမှာလေ။ဟေဂျင်းလေးဆီက ပိုင်ဆိုင်မှုတွေကို ဒင်းတို့ကလိုချင်နေကြတာ။"

"ဒါဆို အဒေါ်ကြီးက သူတို့အိမ်ကိုလိုက်သွားတာပေါ့..."

ဂျောင်ဂုသူတို့ပြောနေတာတွေကို နားစွင့်နေလိုက်သည်။
အိမ်ကိုလိုက်သွားတယ်။သွားပြောတယ်။ မဟုတ်မှ ဒီိမိန်းမကြီးလုပ်လို့ ထယ်ယောင်းကသူ့ကိုထားသွားတာလား။

"ဒါပေါ့။ ကျွန်မသူတို့နေတဲ့ ဒယ်ဂူးကအိမ်ကိုစုံစမ်းပြီးလိုက်သွားတာလေ။သက်သေအဖြစ်နဲ့ သူတို့နှစ်ယောက်ပုံနဲ့စာချုပ်က ကျွန်မဆီမှာပါသွားတော့ သူ့အမေငြင်းလို့မရတော့ဘူးလေ။အခုတော့ ပြဿနာတွေအားလုံးပြီးသွားပြီလို့ထင်တာပဲ။သားဂျောင်ဂုကလည်း ကျွန်မတို့ဟေဂျင်းလေးနဲ့ဘာပြဿနာမှမဖြစ်တာ။ဒါပေမယ့် ဟေဂျင်းလေးကို ကျွန်မအားမရလိုက်တာ။အမှန်ဆို တစ်ခုခုကိုပြတ်ပြတ်သားသားဆုံးဖြတ်သင့်တာ အခုတော့"

Without You [completed]Where stories live. Discover now