-1-

614 86 16
                                    

လတ်ဆတ်သော လေက မွန်းကြပ်မှုတွေကို ပြေပျောက်စေတယ်။ မိုးမျှော်တိုက်တွေ မရှိတဲ့နေရာ၊ ဆူဆူညံညံ မော်တော်ကားသံတွေ၊ ရထားခုတ်မောင်းသံတွေ မရှိတဲ့ဒေသ။ မြို့ပြရဲ့အဝေးဟာ တကယ်ကို စိတ်အေးချမ်းမှု အပြည့်။

လမ်းဘေးတလျှောက် တန်းစီပေါက်နေတဲ့ ကိုင်းပင်တွေ၊ လေအဝှေ့မှာ ယိမ်းနွဲ့နေပုံကိုကြည့်ရင်း အနုပညာသမားပီပီ သဘောတကျ ပြုံးမိတာနဲ့ တစ်ပြိုင်နက် ကင်မရာကို ပင့်မြှောက်ပြီး Focus တစ်ခု ယူပြီးသား ပုံတစ်ပုံကို အလိုလို ယူမိပြီးသား။

ရွာလမ်းမလေးတစ်လျှောက် အေးအေးလူလူလျှောက်ရင်း ကင်မရာကို ဟိုချိန်ဒီချိန် လုပ်နေမိရင်း မြင်ကွင်းထဲ တိုးဝင်လာတဲ့ အိမ်လေးတစ်လုံး။

ရွာရဲ့ အစွန်ဆုံးမှာရှိနေတဲ့ အဖြူရောင် ဆေးသုတ်ထားတဲ့ တစ်ထပ်အိမ်လေးက အမြင်အာရုံကို ဖမ်းစားလာတယ်။ မမြင့်မနိမ့် အဖြူရောင် ဆေးသုတ်ထားတဲ့ သစ်သားခြံစည်းရိုးလေးကို ကျော်ပြီး မြင်နေရတာက အိမ်ရှေ့ မျက်နှာစာက စပြီး ခြံဝအထိ စိုက်ထားတဲ့ ပန်းပင်တွေနဲ့ အပင်ငယ်လေးတွေ။

ဖွင့်ထားတဲ့ ပြတင်းပေါက်မှာ တပ်ထားတဲ့ လိုက်ကာအဖြူလေးတွေအစ ပြတင်းဘောင်ပေါ် တင်ထားတဲ့ အပင်ပေါက်စိလေးတွေအဆုံး မြင်ရသူအဖို့ စိတ်အေးချမ်းစေတယ်။

ဒီလိုအေးချမ်းတဲ့ ရိပ်မြုံလေးက ရှိနေနိုင်သေးတာလား။ ဒီလို အေးချမ်းတဲ့ ဘဝမျိုးကရော တကယ်ရှိနေနိုင်သေးတာလား။ ဒါက အလိုလို စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ မွေးခွန်းတွေ။

ခြံဝမှာ တပ်ထားတဲ့ ဆိုင်းဘုတ်လေးက ' 바람개비 ' (ဘာရမ်မ်ဂယ်ဘီ) လေစင်္ကြာပျိုးဥယျာဉ်တဲ့။ သေချာကြည့်မှ အပင်ပေါင်းစုံကြားထဲ ဟိုနားဒီနား ထိုးစိုက်ထားတဲ့ လေစင်္ကြာလေးတွေက ၃/၄ ခု ရှိနေတယ်။

အိမ်လေးနဲ့ ခြံဝန်း အပြင်အဆင်လေးက ကဗျာဆန်လွန်းတာမို့ ကင်မရာကို တဖျက်ဖျက် အလုပ်ပေးမိတော့တာ။ ခြံတံခါးဝလေးက အစ၊ ခြံစည်းရိုးပေါ် တင်ထားတဲ့ အပင်လေးတွေအပါအဝင်၊ ပြတင်းပေါက်က လိုက်ကာစလေးကအစ၊ အိမ်တံခါးဝလေးအထိ မရပ်မနား။

Say I Love YouWhere stories live. Discover now