-4-

211 31 2
                                    

ဘတ်ခ်ဟျွန်းအခန်းထဲ ဝင်သွားပြီး အချိန်အတော် ကြာတဲ့အထိ ချန်းယောလ် ထိုင်ရာက မထဖြစ်ဘဲ ဆက်သောက်နေမိသေးတယ်။ ဒါပေမဲ့ ကိုယ်အိပ်ဖို့လည်း စောင်ပါးလေး တစ်ထည်လောက်တော့ လိုတာမို့ ဘတ်ခ်ဟျွန်းအိပ်နေတဲ့ အခန်းထဲကို ဝင်ဖို့ ထပ်ဖြစ်လာတယ်။ အိပ်ရာအပိုက အဲ့ဒီအခန်းထဲက ဘီရိုထဲမှာလေ။

Lock ချထားရင်တော့ ဆိုဖာပေါ်မှာပဲ အိပ်ရုံပဲ။ မချထားရင်တော့ ပိုအဆင်ပြေတာပေါ့။

မျက်နှာပူပြီး ထွက်ပြေးသွားတာကို သိတာမို့ အခန်းတံခါးလည်း ခေါက်မနေတော့ဘူး။ အိပ်ပျော်နေရင် နှိုးသလို ဖြစ်သွားဦးမှာစိုးလို့ ဒီတိုင်း တံခါးကို အသာတွန်းလိုက်တော့ Lock ချမထား။

ကြည့်လိုက်ပါတော့ ကုတင်ပေါ်မှာ လက်မောင်းကို ခေါင်းအုံးလို့ ပုစွန်ထုပ်လေးလို ကွေးကွေးလေး အိပ်နေတာကို တွေ့လိုက်တော့ အသည်းကျိမ်းသွားရသေးတယ်။ အိပ်တာကအစ ကလေးပေါက်စလေးလိုမျိုး။

ကုတင်ဘေးက ဘီရိုကို ဖွင့်နေတုန်း ညဉ်းသံလို ကြားလိုက်ရတာမို့ ငြိမ်နေပြီး နားထောင်လိုက်တော့ တကယ်ပဲ ဘတ်ခ်ဟျွန်းဆီက ဖြစ်နေတယ်။ ညနေက မိုးမိထားတော့ ဖျားများ ဖျားနေသလားလို့ နဖူးပေါ် အသာလေး စမ်းကြည့်တော့ အသားလေးက ကိုယ်ငွေ့လေးလို ခပ်နွေးနွေး။

ဒီတိုင်းပဲ အိပ်နေရင်း အသံပိစိလေးတွေ ထွက်နေတာ။ ခွေးပေါက်ကလေးတွေ ညဉ်းသလို အိစိအိစိ ကွိကျိကွကျ အသံပိစိလေးတွေ။

' ငါ့နှယ်၊ တကယ်ပါပဲ။ ဘယ်လိုလေးဟာလဲ '

သူမျက်နှာလှည့်ထားတဲ့ ဘက်ကနေ ထိုင်ကြည့်မိနေမှ တအိအိ အသံပေါက်စလေးတွေက ဘတ်ခ်ဟျွန်းဆီက ထွက်နေမှန်း ပိုသေချာလာတယ်။

' တကယ် ထူးဆန်းတဲ့ဟာလေး '

ဘတ်ခ်ဟျွန်းခြုံထားတဲ့ စောင်က ခါးအောက်ရောက်နေတာမို့ ရင်ဘတ်ပေါ်ရောက်တဲ့အထိ ပြန်ဆွဲတင်ပေးပြီး အခန်းမီးပါ တစ်ခါတည်း မှိတ်ပေးပြီး ထွက်လာခဲ့လိုက်တော့တယ်။

မနည်းတဲ့ ဘီယာတွေ သောက်ထားတာတောင် ထူးထူးဆန်းဆန်း အိပ်ချင်စိတ်က ဖြစ်မလာဘူး။ ဆိုဖာလက်ရန်းကို ခေါင်းအုံးလို့ ဘာကို တွေးနေမိလို့မှန်းမသိ တွေးနေမိတာ။

You've reached the end of published parts.

⏰ Last updated: Dec 18, 2023 ⏰

Add this story to your Library to get notified about new parts!

Say I Love YouWhere stories live. Discover now