Chapter - 1

416 29 4
                                    

Unicode*

"အရှင့်သား သူ... သူ အသက်မရှူတော့ဘူး"

"ဘာ..! မြန်မြန် ဆေးဆရာသွားပင့် သွား!!"

ဆက်ခံသူ၏အထိတ်တလန့်အော်ဟစ်အမိန့်ပေးမှုကြောင့် အစေခံများမှာ ပျာပန်းခပ်မျှလှုပ်ရှားကြရသည်။ညလယ်ခေါင်လူခြေတိတ်ချိန်တွင်ရဲတိုက်တစ်နေရာ၌ဆူညံသံများနှင့်ပွက်လောရိုက်ကုန်၏။

"ဂယူ.. မင်းသေလို့မရဘူး မင်းကငါနှိပ်စက်သမျှကိုခံနေရဦးမှာ"

ဖြူဖျော့နေတဲ့ကိုယ်ပါးပါးလေးကိုပွေ့ချီထားရင်းနှုတ်ကတစ်တွတ်တွတ်ရေရွတ်နေသူမှာ ဒီနိုင်ငံ၏မင်းသားကြီးတစ်ဖြစ်လဲ ရဲတိုက်၏ဆက်ခံသူဟာရူတို။ဟာရူတိုရဲ့မျက်လုံးတွေဟာ ပိန်ပါးသောကိုယ်လေးပေါ်စွဲထင်နေတဲ့သွေးစွန်းကွက်တွေပေါ်ဝယ်။နဂိုကတည်းကချူချာလွန်းသောလူမှာကြာပွတ်ဒဏ်ကိုကောင်းကောင်းမခံနိုင်ရှာတာကိုသိနေသော်လဲသူမရပ်တန့်ခဲ့။ပိုလို့သာရိုက်နှက်မိရင်း သေလုမြောပါးဖြစ်မှသာအသိစိတ်ဝင်လာခဲ့မိသည်။

"အရှင့်သား ဆေးဆရာရောက်လာပါပြီ"

ညစ်ပေမည်းမှောင်နေသောအချုပ်ခန်းထဲမယ် သံကြိုးများကိုထိုလူ့ကိုယ်ပေါ်မှဖယ်ရှားလိုက်ရင်း ကိုယ်တိုင်ပွေ့ချီလိုက်ကာ အိပ်ဆောင်ခန်းသို့ဦးတည်လိုက်သည်။

"ငါ့နောက်လိုက်ခဲ့ကြ"

ပြောရင်းခြေလှမ်းများကိုမြန်သထက်မြန်လိုက်ကာအိပ်ဆောင်ခန်းသို့တစ်ခဏချင်းရောက်သွားသည်။နူးညံ့သောကုတင်ထက်သို့ ထိုခန္ဓာကိုယ်လေးကိုညင်သာစွာချလိုက်ရင်း ဆေးဆရာကိုအနားလာစေသည်။ဆေးဆရာကစမ်းသပ်ရင်းသက်ပြင်းခပ်ယဲ့ယဲ့ချသည်။

"အရှင့်သား ကျွန်တော်မျိုးအရဲစွန့်ပြောပါရစေ ဒီတစ်ခေါက်ကအရင်တစ်ခေါက်ထက်ပိုဆိုးတယ် အရှင့်သားဒီထက်ပိုပြီးစိတ်မထိန်းနိုင်ဘူးဆိုရင်သခင်လေး.. သူတောင့်မခံနိုင်တော့မှာစိုးမိပါတယ်"

ဟာရူတိုဘက်ကဆိတ်ဆိတ်နေလျက်တစ်ခွန်းတစ်ပါဒမျှပြန်မပြောလာ။ဆေးဆရာကြီးမှာနားချလို့မရမှန်းသိတော့ကုတင်ထက်ကလူကိုသာသနားငဲ့ညှာစွာကြည့်လိုက်မိသည်။

THE CASTLEWhere stories live. Discover now