Chapter - 2

205 24 4
                                    

Unicode*

ကြင်ယာတော်အဆောင်ရှေ့ကို တံခါးမဖွင့်ခင်အချိန်တော်ကြာရပ်နေမိသည်။ဒါဟာတော်ဝင်စည်းကမ်းမမည်တဲ့ စည်းကမ်းတစ်ခု။အထဲကလူသာအခေါ်ရှိမှဝင်နိုင်လိမ့်မည်။

သူရောက်နေသည်မှာမနက်အစောကနေ နေမွန်းတည့်လုနီးနေပြီ။အစေခံကသူရောက်ရှိကြောင်းအသိပေးဖို့ဝင်သွားပေမယ့် ဘယ်လောက်မှမကြာပြန်ထွက်လာကာ မျက်နှာညိုးငယ်စွာဖြင့်ခေါင်းခါပြသည်။သူသက်ပြင်းချကာ အဆင်ပြေကြောင်းခေါင်းဆတ်ပြလိုက်သည်။

"သခင်လေး.. ဒဏ်ရာတွေက"

"ရပါတယ် ငါအဆင်ပြေတယ်"

တကယ်တော့အဆင်မပြေပါ။ဒဏ်ရာတွေမှာ အနာမကျက်သေးပဲတစ်ဆစ်ဆစ်နှင့်ကိုက်ခဲနေသည်။ပူပြင်းတဲ့နေကြောင့်ချွေးတို့စီးကျလာပြီး ဒဏ်ရာထဲသို့စိမ့်ဝင်ကုန်ကာ သွေးများနှင့်တစ်သားတည်းဖြစ်သွားသည်။ခေါင်းထဲရိပ်တိပ်တိပ်နှင့်ခြေထောက်များခွေကျချင်နေတာတောင်သူခေါင်းမာစွာတစ်ဖြောင့်တည်းရပ်နေတုန်းပင်။
အတွင်းထဲမှအစေခံတစ်ယောက်က တံခါးဖွင့်ထွက်လာကာ
"သခင်လေး အရှင့်သားကဝင်လို့ရပါပြီတဲ့"

တည်ငြိမ်စွာနဲ့ပဲ အထဲသို့လှမ်းဝင်သွားခဲ့သည်။အထဲသို့ခြေချချင်းမှာပင် ကြင်ယာတော်မင်းသမီးက သူ့ဆီမျက်နှာရွှင်ပျစွာ နှင့်အပြေးလာသည်။

"သခင်လေး.. လာလာ သခင်လေးအတွက် ကျွန်မမုန့်လုပ်ထားတာ မြည်းကြည့်ပါဦး"

ကြင်ယာတော်မင်းသမီးဆိုသူမှာ ငယ်စဉ်ကတည်းက သူတို့အိမ်မှာကြီးပျင်းလာသောကလေးမလေးတစ်ယောက်ဖြစ်ကာ သူ့အပေါ်ကိုလဲအရမ်းခင်တွယ်လွန်းလှသည်။လိမ္မာရေးခြားရှိလှသောကြောင့် သခင်ကြီးမှာ မွေးစားသမီးအဖြစ်လက်ခံထားခဲ့သည်။အခုတော့ ကင်မ်အိမ်တော်နှင့်နန်းတော်၏သဟဇာတဖြစ်မှုကို အရှည်တည်စေဖို့ အရှင့်သားနှင့်သခင်မလေးအားသူကိုယ်တိုင်လက်ဆက်ပေးခဲ့ခြင်း။

"ကျွန်မ အစောကြီးထပြီးသခင်လေးအတွက်မုန့်လုပ်နေတာ စားဖိုဆောင်ကနေလဲထွက်လာရော သခင်လေးရောက်လာတာနဲ့ကွက်တိဖြစ်သွားတယ် တော်သေးတာပေါ့"

THE CASTLEWhere stories live. Discover now