Chapter - 3

174 21 8
                                    

Unicode

ဘေးအနားပြတင်းပေါက်မှ ငှက်ကလေးတွေ၏ကြည်ကြည်ကျာကျာအော်သံနဲ့အတူ နေရောင်ခြည်ကမျက်နှာနုနုပေါ်ဖြာကျလာတာကြောင့် ဂျွန်ဂယူမျက်နှာရှုံ့မဲ့သွားသည်။မျက်လုံးကိုအသာဖွင့်ကာထထိုင်လိုက်သည်နှင့်တစ်ပြိုင်နက်ခေါင်းကမိုက်ကနဲ။အရင်ကဆိုသူ့ခန္ဓာကိုယ်က သွက်သွက်လက်လက်ဆယ်ကျော်သက်တစ်ယောက်လိုပင်။အခုနေများတော့ စိတ်ရောလူရောပင်ပန်းခဲ့ရသည်ကြောင့်ထင် ပျော့တိပျော့ဖက်နှင့်အားမရချင်စရာ။

တွေဝေမိန်းမောနေပြီး သူ့ခေါင်းထဲပထမဆုံးဝင်လာသူကတော့ အရှင့်သား။အိမ်တော်ထိန်းယန်ကိုလှမ်းခေါ်ဖို့အသံပြုပေမယ့် လည်ချောင်းကစူးတက်လာပြီးချောင်းသာတစ်ဟွတ်ဟွတ်ဆိုးသွားရသည်။အိပ်ဆောင်အတွင်းထဲမှအသံကြောင့် အိမ်တော်ထိန်းနှင့်အစေခံမလေးနှစ်ယောက်မှာ ရေဇလုံ ရေခွက်အစရှိသောပစ္စည်းများဖြင့်ပျာပျာသလဲဝင်လာကြသည်။

"သခင်လေး ရေသောက်လိုက်ပါဦး"

ကမ်းပေးလာသောရေခွက်ကိုယူကာတစ်ကျိုက်ထဲမော့ချလိုက်သည်။
"ဦးလေးယန် အရှင့်သားကြင်ယာတော်အဆောင်ရောက်နှင့်ပြီလား မနေ့ကမင်းသမီးအဆောင်မှာကျွန်တော်မူးလဲသွားတော့ သူတော်တော်ထိတ်လန့်နေခဲ့မှာပဲ မျက်နှာသန့်စင်ပြီးကြင်ယာတော်အဆောင်လိုက်သွားလိုက်မယ်"

".. သခင်လေး အရှင့်သားအိမ်တော်မှာမရှိပါဘူး"

ဂျွန်ဂယူမျက်လုံးကတစ်ချက်လက်သွားသည်။အရှင့်သားအိမ်မှာမရှိဘူး ဆိုလိုချင်တာကသူစိတ်သက်သာရာနည်းနည်းရသွားနိုင်မည်။အရှင့်သားရှိသည့်အချိန်များဆို အမြဲလိုလိုသတိထားပြုမူနေရသည်။မထင်ရင်မထင်သလို ကြိုးနဲ့ချည်ပြီးရိုက်နှက်တတ်သည်မလား။အနည်းငယ်ကော့တက်သွားတဲ့နှုတ်ခမ်းထောင့်ကိုအောက်သို့အတင်းပြန်ဆွဲချရင်း

"အဟမ်း အဲ့တော့အရှင့်သားက ဘယ်ကိုများသွားတာလဲ"

"မြောင်စီရင်စုကိုပါသခင်လေး ကျွန်တော်ကြားတာက အဲ့စီရင်စုကရေကန်မှာပြသာနာနည်းနည်းရှိနေတယ်တဲ့"

"အော်.. ဒီလိုလား"

ခါတိုင်းအိမ်တော်ကထွက်သွားရမည့်နေ့တွေဆို ဂျွန်ဂယူကိုပါအတင်းမရမကဆွဲခေါ်တတ်သည်။မနေ့က မူးလဲတာက အကောင်းဖြစ်သွားတာဟုမှတ်ယူလိုက်မည်။အရှင့်သားမပါဝင်တဲ့နေ့ရက်တွေကိုသူအမှန်တစ်ကယ်ဖြတ်သန်းချင်မိသည်။ကိုယ့်ခန္ဓာကိုယ်ကိုကိုယ့်စိတ်သဘောကျအတိုင်းလှုပ်ရှားနိုင်မည့်နေ့ရက်တွေ။

THE CASTLEWhere stories live. Discover now