Chapter - 4

115 14 7
                                    

Unicode

အချိန်တစ်ခုကြာသည်အထိ ရေကန်အတွင်းမှမည်သည့်လှုပ်ရှားမှမရှိချေ။ရေကန်ဘေးမှလူများမှာလည်း လည်တစ်ဆန့်ဆန့်စိုးရိမ်ဟန်ရှိပေမယ့်လို့ မည်သူတစ်ဦးတစ်ယောက်မျှ ဆင်းကယ်မည့်အတွေးရှိပုံမရပါ။အနောက်မှပိန်ပါးသောအရိပ်သေးသေးမှလျှင်မြန်စွာဖြတ်သွားကာ ရေကန်ထဲသို့ထိုးချခုန်ဆင်းသွားခဲ့သည်ကိုသာအသိစိတ်လွင့်ပါးရင်းရပ်ကြည့်နေခဲ့ကြသည်။

"ဒါ.. ဒါ ဘာကြီးလဲ"

ရေကန်ကိုဝိုင်းအုံကြည့်နေသည့်လူများမှာ မျက်လုံးများပြူးကျယ်ကျယ်နှင့်တအံ့တသြဖြစ်နေကြလျက်ရှိသည်။ရွာသားတစ်ယောက်မှရုတ်တရက်ထမအော်ခင်အထိ အသိစိတ်မဝင်သေး။

"အဲ့ဒါ အဲ့ဒီကောင်မလေးပဲ အစွန်ဆုံးအိမ်ကစုန်းမအင်ဒါလယ်မလား"

ရွာမှအကြီးအကဲများနှင့်အတိုင်ပင်ခံများမှာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းမျက်စိပျက်မျက်နှာပျက်ဖြစ်နေကြသည်။ရွာစုန်းမတစ်ကောင်က ရေကန်ထဲသို့တိုက်ရိုက်ခုန်ဆင်းသွားမည်မှန်းမတွေးထားခဲ့သောရွာသားများကလည်းကြောက်ဒူးတုန်နေကြပြီဖြစ်သည်။အင်ဒါလယ်တွင်မည်သို့ရည်ရွယ်ချက်မျိုးရှိနေမှန်းသူတို့မသိရှိကြ။သူတို့စိတ်ထဲတွင်တော့ ကောင်းသည့်အခြေအနေမျိုးဦးတည်မည်မဟုတ်မှန်းတစ်သတ်မှတ်တည်းတွေးထင်ထားကြသည်။
'အရှင့်သား ကံမကောင်းနိုင်တော့ဘူး.. '

အတိုင်ပင်ခံတို့မှာလည်း ဘုရင်မင်းမြတ်အားအရှင့်သားကံကုန်ပြီဖြစ်ကြောင်းမည်သို့လျှောက်တင်ရမည်အားတွေးတောပြီးနှင့်ကြပြီ။ရွာအကြီးအကဲ၏ ဇရာထောင်း၍အိုတွနေသောမျက်နှာပေါ်တွင်ချွေးသီးများတစ်လိမ့်လိမ့်စီးကျနေလေပြီ။

"ဟို.. အတိုင်ပင်ခံမင်းတို့ခင်ဗျာ. အရှင့်သား သူတစ်ခုခုမဖြစ်လောက်ပါဘူးနော်"

အတိုင်ပင်ခံတို့မှ အဓိပ္ပါယ်ပြည့်ဝစွာတစ်ချက်ကြည့်လိုက်ရင်း
"အရှင့်သားက တစ်ကိုယ်တည်းရေကန်ထဲခုန်ချပြီး ​ပြည်သူပြည်သားအကျိုးအတွက်အရဲစွန့်နေတာပါ မင်းနမိတ်မရှိတဲ့စကားကိုထုတ်မပြောစမ်းနဲ့"

You've reached the end of published parts.

⏰ Last updated: Aug 19, 2023 ⏰

Add this story to your Library to get notified about new parts!

THE CASTLEWhere stories live. Discover now