part 3 uni/zawgyi

1K 82 2
                                    

Uni

မယုံနိုင်ဖြစ်နေတဲ့အကြည့်တွေနဲ့ပြည့်နေတဲ့ မျက်ဝန်းတို့မှာထိုင်ကြည့်ချင်နေလောက်အောင်စွဲမက်စရာကောင်းနေလေရဲ့ နူတ်ဆက်ရန်ကမ်းလှမ်းလာသည့်လက်ကိုပင်မေ့လျော့နေသည့်အထိပင်

"လက်ဆွဲနူတ်မဆက်ချင်ဘူးလားဒါဖြင့်လည်း"

သန့်ရောင်စဥ်၏ပါးပြင်ထက်တွင်မင်းကုသမောင်၏နူတ်ခမ်းတို့ဖြင့်အနမ်းမိုးတို့ရွာသွန်းသွားတော့သည် ချက်ခြင်းနီမြန်းလာသည့်အသားအရည်နဲ့အတူပြန်ပြောလာသည်က

"မင်း... ဒါဘာလုပ်တာလည်း"

"နူတ်ဆက်တာလေ"

"လူလိုနူတ်ဆက်လေ"

"ခုကော်လူလိုနူတ်မဆက်လို့ခွေးလိုနူတ်ဆက်နေလို့လား"

"မိုက်ရိုင်းလိုက်တာ"

"အင်း ဒီအရိုင်းအစိုင်းကို ကိုကိုပဲဆုံးမပေးပါအုံး"

"ငါကို ကိုကိုလို့မခေါ်နဲ့"

"ကောင်းပါပြီး ဦးလေးသန့်ရောင်စဥ်"

"မင်း!"

"ဘာတွေအလိုမကျပြန်တာလည်း ကိုကိုမခေါ်နဲ့ဆိုတော့ ဦးလေးပေါ့ မဟုတ်တောင်ဦးလေးက ကျွန်တော်ထက် 10နှစ်ကြီးတယ်လေ "

သန့်ရောင်စဥ် မေ့သွားသည် ဟုတ်သည်သူကဒီခွေးကောင်လေးထက် 10နှစ်ကြီးသည်

"ကဲ ကလေးတွေရန်ဖြစ်မနေနဲ့တော့ လာထိုင်"

ဒေါ်ခင်ထားမေ၏အပြောတို့ကြောင့်နှစ်ယောက်လုံးထိုင်ခုံတွင်ဝင်ထိုင်ကြတော့သည်

လူကြီးတွေနဲ့တွေ့ရမှာကိုတောင်ဝတ်လာတာကအချိုးမပြေ ဝတ်စုံအပြည့်နဲ့မသိရင်ချက်ချင်းပဲ သေပွဲရှင်ပွဲဆုံးဖြတ်တော့မည့်သူလို

စထိုင်တည်းကမိမိကိုစူးရှတဲ့အကြည့်တွေနဲ့ကြည့်နေတာကြောင့်မင်းကုသမောင်ပြန်ပြောမိတော့သည်

"ဘာလည်းမြင်မြင်ချင်းကြွေသွားတာလားမပူပါနဲ့ ကျွန်တော်ကမကြာခင်ဦးလေး လင်ဖြစ်လာတော့မှာပါ "

"မင်းကုသမောင်!"

"အမိန့်ရှိပါ"

"ကလေးတွေ "

Love that is betrayed by a bondWhere stories live. Discover now