part 6 uni/zg

320 35 4
                                    

"ခွေးကောင်မပြေးနဲ့"

"မပြေးရင်အကိုရိုတ်မှာလေ ကျွန်တော်ကိုမပြေးစေချင်ရင် ရိုတ်မဲ့အစားပြောင်းပြီးနမ်းပါလားဒါဆိုမပြေးတော့ဘူးလေဗျာ!"

ခြံတစ်ခုလုံးကိုပတ်ပြီးပြေးနေတဲ့သန့်ရောင်စဥ်နဲ့မင်းကုသမောင်ရယ်ပါ အိမ်ပေါက်ဝက ဦးရောင်ဦးနဲ့ဒေါ်ရွှေစဥ်လဲ့ကလည်းပြုံးပြီးကြည့်နေကြလေရဲ့ သူတို့အနေနဲ့ကလေးနှစ်ယောက်ကိုချစ်ချစ်ခင်ခင်ရှိနေစေချင်ကြတယ်

ခြံထောင့်မှာကပ်ထားတဲ့ရေပိုက်ကပြုတ်ကျပြီးသန့်ရောင်စဥ်ခလုတ်တိုက်လဲတော့သည်

"အာ့!"

အသံကြားလိုက်တဲ့အချိန်ပဲမင်းကုသမောင်ပြေးနေရင်းစိုးရိမ်တကြီး သန့်ရောင်စဥ်အနားရောက်လာလေရဲ့ အောက်ကကျောက်ခဲတွေကြောင့်ဒူးကအနည်းငယ်ပွန်းပြီးသွေးစတွေထွက်ပေါ်နေတယ်

"အရမ်းနာနေလားဟင် ကျွန်တော်မကောင်းတာပါ"

"အဲ့လောက်မနာဘူးငါကယောကျာ်းလေးပဲကိစ္စမရှိဘူးဖယ်ထတော့မယ် "

သန့်ရောင်စဥ်ဖုန်ခါပြီးမတ်တပ်ရပ်လိုက်တာနဲ့မင်းကုသမောင်ကဆွေ့ကနဲကောက်ချီလိုက်တယ်

"အမေ့!"

ရုတ်တရပ်ဆန်တာကြောင့် လန့်ပြီးသန့်ရောင်စဥ်လက်တွေကမင်းကုသမောင်လည်ပင်းထံမှာအလိုလိုတွယ်ဖက်ပြီးသားဖြစ်သွားတယ်

"ငါကိုလွတ် ချီစရာမလိုဘူးငါဘာသာလမ်းလျှောက်နိုင်တယ်"

မင်းကုသမောင်ထံမှာဘာမှတုန့်ပြန်မလာခဲ့ပေ

"မကြားဘူးလားအောက်ချပေးလို့ပြောနေတယ်လေ နားကန်းနေလား"

"ငြိမ်ငြိမ်နေမဟုတ်ရင်ပြစ်ချလိုက်မယ်"

"ခွေးကောင်ငါကိုလာမခြောက်နဲ့ကြောက်မယ်ထင်နေလားငါလုံးဝမကြောက်ဘူးကွ!"

သန့်ရောင်စဥ်ပြောနေရင်းနဲ့ပေမင်းကုသမောင်ကလက်တို့ကိုလွတ်ချလိုက်၏သန့်ရောင်စဥ်မှာလဲအလန့်တကြားပြန်ပြီးဖက်တွယ်လိုက်တော့တယ် မင်းကုသမောင်ကလဲအောက်ကျမသွားခင်မှာပဲပြန်ပွေ့ချီလိုက်တော့သည်

Love that is betrayed by a bondWhere stories live. Discover now