part 4 uni /Zg

1K 58 6
                                    

Uni

*၏အပိုင်းတွင်စိတ်မသက်သာဖြစ်စေသည့်အခန်းများပါဝင်ပါသဖြင့်ချင့်ချိန်ပြီးမှဖတ်ပါ Fic သည်စာရေးသူ၏စိတ်ကူးယဥ်ဇတ်လမ်းသာဖြစ်ပါသည်*

ဆေးရုံရှေ့မှာရပ်လာတဲ့ နီညိုရောင် ဇိမ်ခံကားကြောင့် လူတွေက စိတ်ဝင်တစားကြည့်နေကြတယ်

" ညနေကြရင်အလုပ်စောစောဆင်းမယ်မလား ကျွန်တော်လာကြိုမယ်လေ "

"ဆင်းချင်ဆင်း တတ်ချင်တိုင်းတတ်နေရအောင် ဆေးရုံကိုမင်းပိုင်တယ်များထင်နေလား"

မင်းကုသမောင်က သက်ပြင်းတစ်ချက်ချကာပြောလာသည်

"ကျွန်တော်ပိုင်တာပဲလေ "

သန့်ရောင်စဥ် ပြောစရာပျောက်သွားသည်

ကားတံခါးဖွင့်ပြီး ကားပေါ်ကဆင်းဖို့ပြင်နေရင်းနောက်ကနေလက်ကိုလှမ်းဆွဲလာသည်

"ဒီနေ့ကစပြီး ကျွန်တော် အကို ကိုလိုက်ပိုးတော့မှာ သုံးလအတွင်းမှအကိုပြန်မချစ်ရင် ကျွန်တော်လက်လျှော့လိုက်မယ်"

"ဟက်!"

လောင်ရယ်သံတစ်ချင်ပြုလိုက်ပြီးလက်ကိုခါချကာဆေးရုံထည်းဝင်သွားတော့သည် ကားပေါ်တွင် မင်းကုသမောင်က ထိုအဖြူပုံရိပ်လေးပျောက်သွားတဲ့အထိကြည့်နေသည် နောက်မှသာ သွားရမဲ့နေရာကိုဦတည်လိုက်တော့သည်

"အကိုပြန်မချစ်တဲ့နေ့လက်လျှော့လိုက်မှာပါ ကျွန်တော်ကို ကျွန်တော်"(ပြောချင်တာကသတ်သေမယ်ပြောတာပါ)

ဆေးရုံအတွင်းဝင်လိုက်သည်နှင့်ဆေးကောင်တာတွင်ငွေရောင်မျက်မှန်ကိုင်းနဲ့  အညိုရောင်ဆံပင်တို့သေသပ်စွာဖီးထားသည် အညိုရောင်စွယ်တာအောက်မှအသားရောင်လက်ရှည်နှင့် Style pant အသားရောင်တို့နဲ့တွဲဝတ်ထားသည် ဖြူဖွေးနေသည့်အသားအရည်နဲ့ အပြာရောင်မျက်လုံးတွေ တစ်လက်လက်ပဲ သန့်ရောင်စဥ်မပြေးရုံတမယ်သွားလိုက်သည် စိတ်ထည်းတွင်ထိုးသတ်ပြစ်ချင်နေပြီး

"ခွေးကောင်ရှိန်းခသစ် "

စိတ်ထည်းတွင်မိုးမီးလောင်နေသောလည်းအပြင်တွေအေးအေးလူလူသာ

Love that is betrayed by a bondWhere stories live. Discover now