EPISODE - 30 ( Part - 1 )

1.9K 162 54
                                    

#Zawgyi

ယခုဆိုရင်တော့ တိတ်ဆိတ်နေသောနေရာဝယ် ခွဲစိတ်ခန်းရှေ့ ဂျီမင်တို့ရော၊ ထယ်ယောင်းနဲ့ပတ်သက်တဲ့အစ်ကိုတွေ၊
အဖိုးရောက ခွဲခန်းရှေ့တွင် ဟိုလျှောက်ဒီလျှောက်ဖြင့် စိတ်ပူနေကြသော
သူတို့မှာ ခွဲခန်းထဲဝင်သွားတဲ့ဗိုက်ပူလေးကို
ပြန်စာတောင်မလာသေးတာကြောင့် တကယ့်ကိုစိတ်ပူနေကြတာဖြစ်သည် ။
ဂျောင်ဂုရဲ့အဖွားကိုတော့ မပြောဖြစ်ခဲ့ကြပါ၊ တော်ကြာရှော့ရသွားရင် တစ်ပူပေါ် နှစ်ပူဆင့်ရလိမ့်မည် ။

ဂျီမင်ဆို တကယ်ဒေါသထွက်နေခဲ့တာ ။
ဘာလို့ဆို ဂျောင်ဂုသွေးတွေနဲ့မေ့လဲတယ်ဆိုတဲ့
သတင်းကြားကြားချင်း ယွန်းဂီရော၊သူရော အရင်ဦးဆုံးပြေးလာခဲ့တာ ။ ဟိုရောက်တော့ ဂျောင်ဂုက်ုတွေ့တော့ သူ့မှာငိုမိမတက်ပင် ။ ဆေးရုံအမြန်ပို့ရမယ်ဆိုပြီး ထယ်ယောင်းကို ဖုန်းဆက်ဖို့ပါ ဖုန်းလည်းသွားယူရော passwordမခံထားတဲ့ဂျောင်ဂုရဲ့ဖုန်းမှာ မြင်လိုက်ရတာတွေကြောင့် ဒေါသထွက်မိမတက်ပါပင် ။

ချောက် !

" ထယ်ယောင်းမရောက်သေးဘူးလား !!!!! "

ဝတ်စုံပြည့်ဖြင့် ခွဲခန်းထဲကထွက်လာတဲ့ ဆော့ဂျင်းကဒေါသတကြီးဖြင့် အော်လေသည် ။

" မရောက်သေးဘူး ဂျင်းလေး ! သူ အမြန်flightနဲ့ လာနေတယ် "

" ကျစ် ! အဲ့ဒါတွေပဲ !! ကိုယ်ဝန်သည်က စိတ်ထိခိုက်လို့မရပါဘူးဆိုမှ ဘာတွေများဖြစ်လဲ မသိဘူး ! ယောင်းယောင်းလေးက သွေးပေါင်နေတာ ! ငါတို့ခွဲမွေးမှဖြစ်တော့မယ် !
ဂျီမင်လက်မှတ်ထိုးပေးတော့ "

" အသေးလေး  !!! "

သူကိုယ်တိုင်လည်း စိတ်တိုနေပြီမို့ ဂျီမင်ထံ လက်မှတ်ထိုးဖို့ထည့်ပေးနေချိန် ထယ်ယောင်း ရောက်လာပြီမို့ ဂျင်းကအချိန်မရတော့တာမို့
ပြောရလေပြီ ။

" အခုအရင်ဆုံး လက်မှတ်ထိုးပေးတော့ !
ကလေးကသွေးပေါင်နေပြီ ! လမစေ့ပဲ မွေးတော့မှာမို့ အားမရှိဘူး ! "

" ဟုတ် ဟုတ်ပြီ ဟျောင်း "

စကားတွေတုန်ရီစွာဖြင့် လက်ကလည်း လက်မှတ်ထိုးပေးလိုက်ပြီမို့ အမြန်အထဲဝင်သွားတဲ့ ဆော့ဂျင်းကတော့
ဂျောင်ဂုအတွက် ကြိုးစားပေးရတော့မည် ။
သို့သော်ငြား ထယ်ယောင်းကတော့ သူ့အသေးလေးကို စိတ်ပူနေပါသည် ။

Mine ! ( Completed )Where stories live. Discover now