EPISODE - 30 ( Part - 2 )

2.2K 167 22
                                    

#Zawgyi

၅ရက်မြောက်နေ့မှာတော့ အဖွားကမြေးဇောနဲ့ အိပ်ယာမှထလာကာ ယောင်းလေးကို လာတွေ့သည် ။ သားယောင်းကလည်း ကျွန်တော်နဲ့သာနေရသေးပေမဲ့ အသံသဲ့သဲ့လေးတွေ မပေးပါလေ ။
မဟုတ်မှလွဲသားက သူ့ဒယ်ဒီကို မျှော်နေတာများလား ။

မောင်ကလည်း တကယ်နေနိုင်ပါသည် ။
ကျွန်တော်ကမမြင်ချင်ဘူးပြောတာနဲ့ပဲ သားနဲ့ကျွန်တော့်ကိုလာမတွေ့ပါလေ ။
ဒီတော့သားသားကလည်း သူ့ဒယ်ဒီကို မျှော်နေမှာပေါ့ ။ ဗိုက်ထဲမှာရှိနေစဉ်က ညတိုင်းသူ့ဒယ်ဒီကအသံပေးတာတောင် လှုပ်ရွနေတာ ဒီမှာရောက်တော့ချီလိုက်ရင် ဘယ်လိုတွေအသံပေးမလဲမသိဘူး ။ ဟိုအကြောင်းတွေပြန်တွေးရင်း
ငိုမိပြန်ပါသည် ။ အသနားဖို့အကောင်းဆုံးက
အဖေနှစ်ယောက်ရဲ့ရင်ခွင်ထဲနေရမဲ့ သားသားကင်မ်ဂျွန်ယောင်းလေးပေါ့ ။

" အိုအို ဖွားမြစ်လေးက ဖွားမြေးလေး ဂျောင်ဂုကီးလေးအတိုင်းပဲ အသားလေးကိုဖွေးလို့
အံမယ်လေးကွယ် ရုပ်လေးကတော့ သူ့ဒယ်ဒီ မြေးထယ်အတိုင်းပဲ "

အဖွားကထိုသိုဆိုတော့ ရုတ်ချည်းဆိုသလို ဂျောင်ဂုလေးက ခေါင်းငိုက်ကျသွားသည် ။
ဒါကိုအဖွားက ရိပ်မိတာပေါ့ ။ ဒါကြောင့်မို့
အဖွားက စိတ်ပြေအောင် စကားပြောပေးသည် ။

" မြေးတို့ဖြစ်တဲ့ကိစ္စကို အဖွားဂျီမင်လေးတို့ရှီက
ကြားသင့်သလောက်ကြားခဲ့ပြီးပြီ၊ အဖွားအရင်တုန်းကလေ မြေးကို
ဘယ်လိုဆုံးမစကားပြောလဲဆိုတာ မေ့သွားပြီလား၊လူတစ်ယောက်ရဲ့အသွင်အပြင်ကို ဘယ်တော့မှ ကိုယ့်အထင်အမြင်နဲ့ မဆုံးဖြတ်ရဘူးလေ၊ အခုမြေးထယ်ကလည်း မြေးနဲ့တွဲတုန်းကဘယ်သူ့ကိုများလှည့်ကြည့်ဖူးလို့လည်းကွယ် အဖွားလည်းကိုယ်တိုင်အသိပဲ၊ သူ့အတွေးထဲအမြဲတမ်း ' အသေးလေး ' ဆိုတာချည်းပဲ ထပ်နေအောင် အမြဲတွေးပူနေခဲ့တာလေ "

" ဒါပေမဲ့အဖွားရယ် အခုကဟင့် ! အဲ့မြင်ကွင်းကြီးကို ကျွန်တော်မြင်လိုက်ရတော့
အရမ်းဝမ်းနည်းတာပဲ ဟင့် ! အင့် ! မောင်က
ကျွန်တော့်အပေါ်ရက်စက်တယ် "

" အထင်လွဲတာနေမှာပါမြေးရယ်
မဟုတ်လောက်ပါဘူးကွယ် "

အဖွားကထိုအကြောင်းကို ပြန်လည်ဖော်ထုတ်တော့ အသေးလေးက သူနာကျင်ကြောင်း ဖော်ထုတ်လာသည် ။
သူ့မြေးလေးအကြောင်းသိတာပေါ့ အမြဲလိုလိုအားငယ်နေတက်တာ ။

Mine ! ( Completed )Where stories live. Discover now