Domestics Robot-1

465 42 6
                                    

Maknaez fic က ရှားပါးလွန်းလို့ရေးမိတာ။ Ni-ki က Dance machine လေးဖြစ်တဲ့အတွက် Robot Ni-ki လေး။ Enjoy ☺️

❤️❤️❤️❤️❤️❤️

Unicode

လူသားတွေရဲ့ သိပ္ပံပညာ အဆမတန် တိုးတက်လာပြီး အိမ်မှူကိစ္စအဝဝအတွက် စက်ရုပ်များကို အသုံးပြုလာကြပြီ။ လုံးလုံးဝိုင်းဝိုင်း နှင့် ပုံပန်းသွင်ပြင်မရှိသော စက်ရုပ်များကို shopping mall နေရာများ public နေရာများတွင် သန့်ရှင်းရေး အမှိုက်ကောက်တို့တွင် အသုံးပြုပြီး အသေးစားစက်ရုပ်လေးများကိုတော့ နေ့စဉ်reminder ပေးသောနေရာများ၊ ပန်းကန်ဆေးသော နေရာများတွင် အသုံးပြုနေသည်သာ ဆင်းရဲသားလူတန်းစား သာမာန်လူတန်းစားများ ငွေကြးနှမြောတွန့်တိုခြင်းမရှိ ဝယ်ယူနိုင်သော အနေအထား။

အဆင့်လတ် စက်ရုပ်များကဲ့သို့ လူ့ဖွဲ့စည်းတည်ဆောက်ပုံရှိပြီး လမ်းလျှောက်တက်၊ စကားပြောတက်၊ လူ့နီးပါ အသိဥာဏ်ရှိသော စက်ရုပ်များကိုတော့ အလယ်အလတ်တန်းအဆင့်ရှိလူများ ဝယ်ယူနိုင်လာကြပြီး အိမ်တိုင်းတွင် စက်ရုပ်များထားရှိလာသည်။

စက်ရုပ်ဆိုသည်မှာ ခံစားချက်ကင်းမဲ့ပြီး ခိုင်းသမျှ လုပ်နိုင်တာအပြင် ကျွေးမွေးခ စားသောက်ခ မကုန်ကျသောကြောင့် အိမ်အစေခံများအဖြစ် လူသားတို့ စတင်အသုံးပြုခဲ့သည်မှာ နှစ်ပေါင်းရာချီနေပြီ ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း 20 ခန့်မှစ၍ လူ့အသားအရေ လူ့အသွင်အပြင် လူ့အသိဥာဏ် လူနှင့် 90% တူညီသော စက်ရုပ်များကို သိပ္ပံပညာရှင် Lee မှ စတင်တီထွင် အောင်မြင်ခဲ့ပြီး လူကုန်ထံအသိုင်းအဝိုင်းများတွင် အပြိုင်အဆိုင် အသုံးပြုနေကြသည်။

အဆင့်မြင့်စက်ရုပ်တစ်ရုပ်ကို ရုတ်တရက်မြင်ရုံနှင့် စက်ရုပ်မှန်းမသိနိုင်။ ထိုစက်ရုပ်၏ မျက်လုံးများနှင့် တည့်တည့်ကြည့်မိမှသာ စက်ရုပ်မှန်းသိနိုင်ပေသည်။ ခံစားမှူမရှိသော မျက်လုံးများ၊ နာကျင်မှူမရှိသော ကိုယ်ခန္ဓာ၊ အမိန့်ကိုသာ နာခံတက်သော ထိုစက်ရုပ်များက အခိုင်းအစေကျွန်ဆိုတာထက် မပိုခဲ့ပါ။ အဆင့်မြင့်စက်ရုပ်များကို လူသားစက်ရုပ်များဟုလည်း ခေါ်ကြသေးသည်။

Domestic Robot Where stories live. Discover now