Domestic Robot-2

245 35 9
                                    

Unicode

"လာ ဒီမှာလာထိုင်၊ ထမင်းစား"

ဘယ်သူက စက်ရုပ်ကို ထမင်းကျွေးလို့လည်း၊ အလုပ်ရှုပ်သက်သာအောင် စက်ရုပ်တွေအသုံးပြုသော်လည်း Yang ခရီးသွားလာရေး ကုမ္ဗဏီ၏ သားငယ်လေးကတော့ အလုပ်ရှုပ်ခံ ငွေအကုန်ခံ ထမင်းစားခိုင်းနေလေပြီ

Yang မမရဲ့ လူသားစက်ရုပ်ကတော့ မမဘေးမှာရုပ်ပြီး စောင့်နေသော်လည်း Yang သခင်လေး၏ စက်ရုပ်မှာတော့ ထမင်းဝိုင်းတွင် အတင်းဆွဲထိုင်ခိုင်းပြီး ထမင်းကျွေးနေလေပြီ

အစားအသောက်များကို မထိသော Ni-ki ပါးစပ်ထဲ ထမင်းတစ်ဇွန်းအတင်းထိုးထည့်ကာ

"လူစာ စားရင် မင်းသေမှာလား" (cute tone)

Ni-ki ခေါင်းခါပြ

"ဒါဏ်ရာတွေရော ရမှာလား"

ထပ်မံခေါင်းခါပြ

"ဘာဖြစ်မှာလည်း"

"ဘာမှ မဖြစ်ပါဘူး Hyung စက်ရုပ်တွေကို အစာစားဖို့မလိုတာမို့ ဘယ်သူမှမကျွေးကြဘူးဆိုတော့"

"ဘယ်သူမှမကျွေး ငါကျွေးတယ်"

ပြောရင်း Ni-ki ပါးစပ်ထဲ နောက်ထမင်းတလုပ်ထိုးထည့်ပြီး Yang မမ ၏ စက်ရုပ်ဆီသွားကာ ထမင်းခွံ့ကျွေးနေသည်မှာ ကလေးတစ်ယောက်ကဲ့သို့ပင်

Yang ဖေဖေနှင့် မေမေကတော့ စက်ရုပ်များနှင့်ကစားနေသော သားငယ်အားပြုံးပြုံးကြီးကြည့်နေတော့တာ။ မေမေကတော့ ကစားဖော်မက်သည့် သားငယ် တခြားသောစက်ရုပ်များထက်သေးသော စက်ရုပ်လေးကို ဝယ်ကတည်းက ကြိုရိပ်မိသည်။ Yang မမ နှင့် Jungwon 2 နှစ်သာကွာသော်လည်း အမလုပ်သူမှာ လူကြီးဆန်ပြီး Jungwon ကို ကလေးလေးလို သဘောထားသည့်အတွက် ဆော့ဖော်သိပ်မရ၊ မမက ကျောင်းပိတ်ရက်များတွင် မိဘလုပ်ငန်းကို ကူညီသောကြောင့် ပို၍မအားလပ်၊ သူငယ်ချင်းများကလည်း လူပျိုဖော်စဝင်ကတည်းက ဆော့ကစားဖို့ထက် ဂိမ်းကိုသာအားသာသောကြောင့် မျောက်ကလေး Jungwon မှာ အဖော်မဲ့နေတာ။

Ni-ki ကိုတွေ့တော့ ကျောင်းကသူငယ်ချင်းများစတာလည်း အတော်လေးခံလိုက်ရသည်။ စာသင်ချိန်တွင် စက်ရုပ်တော်တော်များများ စာသင်ခန်းပြင်ပမှသာ စောင့်လေ့ရှိကြသော်လည်း Jungwon မေမေ့ကို လူပိုတစ်ယောက်စာ နေရာခပေးစေပြီး Ni-ki ကိုသူ့ခုံဘေးထိုင်ခိုင်းသည်။

Domestic Robot Where stories live. Discover now