Domestic Robot-5 (Final)

320 34 23
                                    

Unicode

"အဲဒါကြောင့် Yang မိသားစုရဲ့ သဘောတူညီမှူလိုအပ်ပါတယ်"

"ကျမတို့သားလေးက Ni-ki ကို အရမ်းတွယ်တာတာမို့ သူအိမ်ထောင်ပြုမယ်လို့လည်း မထင်ပါဘူး"

"ဟုတ်တယ် Ni-ki က စက်ရုပ်ဆိုပေမယ့် သားငယ်ကို ကယ်တင်ခဲ့တာဆိုတော့ သားတစ်ယောက်ထပ်ရသလိုပါပဲ ၊ ပြီးတော့ မျိုးဆက်အတွက်က သမီးကြီးလည်းရှိတာမို့ သားငယ်လေးပျော်ရွှင်မှူက အဓိကပါ"

"သေချာစဥ်းစားပါခင်ဗျ၊ Riki က သာမန်လူသားနီးပါး ဖြစ်သွားမှာ၊ လူသားလို အသက်အရွယ်ကြီးလာမှာမို့ နောက်ပိုင်းကာကွယ်နိုင်ဖို့ မလွယ်ပါဘူး"

"ဘယ်လို ဆိုးကျိုးရှိရှိ ကျတော်သဘောတူပါတယ်"

"Jungwon !!"

Jay စကားအဆုံးမှာ တံခါးဖွင့်ဝင်လာရင်း ပြောလိုက်သော Jungwon

"သားငယ် ဘယ်လို ..."

"ဖေဖေ မေမေတို့ရောက်ကတည်းက အစဆုံး ကြားပြီးပြီ၊ ကျွန်တော့ DNA ထည့်လိုက်လို့ Ni-ki နိုးလာမယ် ဆိုရင်ရပါပြီ"

သားငယ်ရဲ့ Ni-ki အပေါ်ထားတဲ့ သံယောဇဉ်ကို နားလည်တာကြောင့် Yang မိဘ၂ပါးလုံး ကန့်ကွက်ရန်မရှိချေ။

Jungwon ၏ DNA ကို Ni-ki ထံထည့်လိုက်လျှင် Ni-ki နိုးထလာမည်၊၊ သို့သော် ယခင်ကတည်းက လူသားစစ်စ် DNA ကို Heeseung ထံမှတိုက်ရိုက်ရော Jake ထံမှတဆင့်ရထားသည်ဖြစ်ရာ Jungwon DNA ထပ်ဖြည့်လိုက်လျှင် လူသားစစ်စစ် DNA 70% ပါဝင်ထားသည့် သူ၏ကိုယ်သည် လူသားတစ်ယောက်လို ပြောင်းလည်းသွားမည်။

နာကျင်မှူရှိလာမည် အသက်အရွယ်ရလာတာနှင့်အမျှ အိုမင်းမှူရှိလာမည်။ 30% က စက်ရုပ်အဖြစ်ရှိနေသေးသည့်အတွက် အိုမင်းမှူက လူသားများလောက်အထိ မဖြစ်သော်လည်း တခြားစက်ရုပ်တွေလိုတော့ ထာဝရ ဝန်ဆောင်မှူ မပေးနိုင်။

နဂိုကမှ Jungwon ကိုအရမ်းတွယ်တာသည့်အပြင် Jungwon DNA ပါရှိနေသည့်အတွက် Jungwon အနားက ဘယ်တော့မှခွာမည်မဟုတ်တာကြောင့် Yang သားငယ် တခြားသူနှင့်လက်ထပ်ဖို့ မဖြစ်နိုင်ပေ။ သူ့အနားမှာ မခွဲမခွာရှိနေပြီး Yang Jungwon လူ့လောကကြီးက ထွက်ခွာသွားမှသာ Ni-ki ကိုယ်တွင်းမှ Jungwon DNA အလုပ်လုပ်တာရပ်သွားပြီး သူပါ Jungwon နှင့်အတူထွက်ခွာသွားပေမည်။ မှတ်ဥာဏ်က Jungwon ၏ဖြစ်တည်မှူကိုသာ လက်ခံသည့်အတွက် Ni-ki ကိုယ်ထည်သည်လည်း Jungwon မှလွဲ၍ မည်သူ့ DNA ကိုမှ ဆက်လက်လက်ခံမည်မဟုတ်။

Domestic Robot Where stories live. Discover now