တစ်စုံတစ်ယောက်စီမှ အဆူခံထိပီးနောက် Jeongwoo တစ်ယောက်အတန်းထဲမှာ ငြိမ်ကုပ်ကုပ်ထိုင်နေလိုက်၏...
ယောက်ယက်ခတ်နေသောအတွေးတို့ကတော့ Junghwan နဲ့ နီးစပ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာတွေသာ...
တံခါးဘက်ကြည့်တော့ ထိုအမျိုးသားငယ်ဟာ ဖုန်းပြောလို့နေသည်..ဘယ်သူနဲ့ပြောနေလဲမသိပေမဲ့ နှုတ်ခမ်းပါးထက်က အပြုံးနုနုကြောင့် သဝန်တိုမိပါ၏...
Junghwan ရဲ့အပြုံးတွေကို သူပဲပိုင်ဆိုင်ချင်မိတယ်..သူကပဲ ပုံဖော်ပေးချင်မိတယ် ..ပင်ပန်းတဲ့နေ့တိုင်း သူ့ရင်ခွင်မှာ ခိုဝင်ချင်တယ်..ပွေ့ဖက်ထားချင်တယ်..သူနဲ့အတူ ကြယ်တွေကိုရေတွက်ရင်း ညတွေကို ကုန်ဆုံးချင်တယ်..တိမ်တွေနဲ့အတူ လေနှင်ရာမျောလွင့်ရင်း နေ့ရက်တွေကို ဖြတ်သန်းချင်တယ်..ဘယ်သူပဲကြည်ကြည့် ဒါဟာအချစ်ပဲလေ..
အမှောင်ကြောက်တဲ့ Jeongwoo အတွက် Junghwan. ဟာ လပြည့်ညရဲ့ လဝန်းကြီးပါပဲ...
" ဒီနေ့အတန်းကတော့ ဒီလောက်ပဲ"
Professor ၏ စကားဆုံးသည်နှင့်.. Jeongwoo လွယ်အိတ်ကို ယူကာ အမြန်ပြေးထွက်လာလိုက်၏ ..Jeongwoo အနေနဲ့ အတန်းဆင်းတဲ့ထိနေဖူးတာ ဒါပထမဆုံးအကြိမ်!
"Junghwan shi!"
မနီးမဝေးကနေ ဖုန်းပြောနေစဲ Junghwan ကိုလှမ်းခေါ်တော့ လှည့်ကြည့်ရင်း ပြုံးပြပီး ခနနော်ဆိုတဲ့အမူအရာလေးလုပ်ပြသည်...
မိနစ်ဝက်လောက်ထိဖုန်းဆက်ပြောနေတော့ Jeongwoo နှုတ်ခမ်းတို့ဆူချင်ချင်
ထိုလူသားကတော့ ခုမှပဲ ဖုန်းချသည်...အနားရောက်လာသူအား မကျေမနပ်စကားဆိုမိပါ၏
"ကြာလိုက်တာ"
"တောင်းပန်ပါတယ်"မသိမသာမျက်စောင်းထိုးကြည့်တော့ မျက်နှာေတာ်ဟာ ပကတိတည်ငြိမ်လျက်...
"မင်း တောင်းပန်တာလဲ ခံစားချက်မဲ့လိုက်တာ"
"ဗျာ?"
"ထားပါ သွားရအောင်"
။
။
။
မနက်ခင်းတစ်ခုလုံး စိတ်ကြိုက်စကားများတဲ့ Jeongwoo Hyung က ခုတော့ဖြင့်တိတ်ဆိတ်လို့..စကားတစ်ခွန်းရယ်မျှမဆိုပဲ လက်ပိုက်ကာ တစ်ဖက်ကိုစောင်းနေသည်..ဘာများစိတ်မကြည်စရာကြုံခဲ့လဲ သိဘူး...
YOU ARE READING
Mr. Bodyguard
FanfictionJeongwoo × Junghwan I think I found one of my missing ribs in my bodyguard