5

232 45 19
                                    

"Hyung ကို တိုက်ကွမ်ဒို အကွက် နည်းနည်းလောက်သင်ပေးပါ့လား?"
"ဒါများ Hyung ရယ် မနက်မှ အေ‌း‌ေဆးပြောလဲရတာပဲကို"

သို့ပေမဲ့ Jeongwoo Hyung ဆက်ပြောတဲ့ စကားကြောင့် Junghwan မျက်လုံးတွေ ပြူးကျယ်ကုန်သည်
"တစ်လအတွင်း"
"‌ဗျာ?? ဘယ်လိုဖြစ်နိုင်မှာလဲ?"
"အရေးအကြီဆးံုးနဲ့ အထိရောက်ဆုံးကိုပဲ..."

Junghwan ဟာ Jeongwoo မျက်လုံးကိုသာ အတန်ကြာအောင်စိုက်ကြည့်နေသည်... မိနစ်ဝက်ခန့်ကြာမှ

"ဟုတ်ပီ Hyung ကျွန်တော်သင်ပေးမယ်..ဒါပေမဲ့ Hyung ကတိ တစ်ခုပေးရမယ်.."
"အွန်း ပြော"
"ကျွန်တော်သင်ပေမဲ့ ပညာကို ခုခံဖို့ပဲသုံးပါ.. သူတစ်ပါးအနာတရဖြစ်‌ေအာင် ကြံဆောင်တဲ့နေရာမှ မသုံးပါနဲ့ Hyung.. ကတိဖျက်ရင် ကျွန်တော် အလုပ်ကနှုတ်ထွက်မယ်.. ကျွန်တော်တို့ ဆက်တွေ့စရာ အကြောင်းမရှိတော့ဘူး"

Jeongwoo တွေဝေမိသွားသည်.. သင်‌ေပးဖို့‌ေပြာသည်ကတည်းက ရန်ဖြစ်ဖို့လေ... ဒါပေမဲ့ အခုက ကိုယ်ပိုင်တဲ့အရာကို ကာကွယ်မှပါပဲ.. Junghwan နားလည်ပေးလောက်မှာပါ...

"ဟုတ်ပီ Hyung ကတိပေးပါတယ်"ပြောရင်း လက်သန်းကိုယူကာ ကတိပြုလုပ်လိုက်တော့ Junghwan က သွားတန်းလေး‌ေတွပေါ်သည်အထိ ရယ်သည်...

"ကတိရပီဆို‌ေတ့ာ မနက်ဖြန် စသင်ကြတာပေါ့"
"Nae နည်းပြ"

ပေါ့ပါးစွာရယ်နေတဲ့ Junghwan က Jeongwoo ဆံပင်တွေကို လှမ်းဖွရန်ပြင်သည်မို့ အမြန်နောက်ဆုတ်လိုက်ရသည်...

"Ya .. So Junghwan ငါ မင်းထက်ကြီးတယ်"
"ကြီးလည်း Hyung က ကလေးလေးလိုပဲလေ"
"ဘာပြောတယ်!!!"

Jeongwoo မျက်စောင်းထိုးမိတော့ Junghwan က ပါးကိုပြန်ဖျစ်သည်..

"လက်သန်းချိတ်ကတိပေးတာက ကလေးတွေမှ လုပ်တာလေ"
"Ya!! So junghwan အရူးကောင်"

ရုတ်တရက် ဘယ်ကမှန်းမသိတဲ့ သတ္တိတွေရောက်လာပီး.. နေရာကနေ ထသွားကာ အခန်းထဲဝင်မည်ပြုနေသည့် Junghwan ကို နောက်ကနေပီး ပြေးဖက်လိုက်၏..

"Junghwana"

သူ့ရဲ့ကျောပြင်ကျယ်က ပေးစွမ်းတဲ့ လုံခြုံမှုဆိုသည့်အရာဟာ... Jihoon Hyung ပေးစွမ်းတဲ့ လုံခြုံမှုကိုတောင် ယှဉ်နိုင်စွမ်းရှိပါရဲ့..

Mr. Bodyguard Where stories live. Discover now