4

219 36 16
                                    

Junghwan အနားရှိနေတာမို့ Jeongwoo တစ်ယောက်ပြဿနာမရှာပဲငြိမ်နေသည်မှာ တစ်ပတ်ရှိပြီ

ဒီနေ့တော့ ပိုးလေးက ပြန်ထိုးလာသည်မို့ မနေနိုင်စွာပဲ ထိုေနရာသို့ ခြေဦးလှည့်ရအုံးမည်

"Junghwana ဒီနေ့စောစော အလုပ်ဆင်းလိုက်နော်.."

ဘာလို့လဲေမးနေတဲ့ Junghwan ကို မသိချင်ယောင်ဆောင် လျစ်လျူရှုကာ
"ဒီည Hyung စောစောနားမလို့ စိတ်ချ Hyung ဘယ်မှ မသွားဘူး .."

ယုံကြည်လာစေဖို့ ok sign အထပ်ထပ်လုပ်ပြကာ အတင်းပြောနေရ၏
"တကယ်လားhyung"
"တကယ်ပါဆို Junghwanieကလည်း Hyung တကယ်ဘယ်မှမသွားဘူး စိတ်ချပြန်လို့ရတယ်"

Junghwanက လက်ခံဟန်မပေါ်ပါပဲ
"ကျွန်တော် ခနတော့နေအုံးမယ်"။ ဟုဆိုကာ Jeongwoo အခန်းထဲက ဆိုဖာပေါ်တွင် စိတ်ပြေနပြေ မုန့်ထိုင်စားနေ၏..

"Junghwana သွားပါ"
"No ... Hyung က အတင်းနှင်တော့ပိုမသွားချင်တော့ဘူး"

Junghwan က Jeongwoo ဘယ်လိုပြောပြောမသွားသည်မို့ မသိချင်ယောင် ေဆာင်ရင်း အိေန္ဒြရရနေလိုက်၏..

ခနကြာတော့မှ Junghwan က
"ဒါဆို ကျွန်တော် ပြန်တော့မယ် ဘယ်မှ မသွားပါနဲ့ ဘာပြဿနာမှ မရှာပါနဲ့ Hyung "
"အင်းပါ သွားစရာရှိတာ သွား စိတ်ချ ငါ့ကို"
"ဟုတ်"

Junghwan ထွက်သွားသည်နှင့် ချက်ချင်း အဝတ်ကောက်လဲကာ သွားနေကြ astra barသို့ barသွား ကလပ်တက် ထွက်ခဲ့လိုက်သည်

Jihoon Hyung ရဲ့ Aventador Jအနီရောင်လေးကတော့ ဒီညရဲ့ ခိုးရာပါလေး

ညက်ညက်ညောညော ပြေးနေတဲ့ Jihoon Hyung အချစ်တော်လေးနဲ့ စတိုင် ထုတ်ချင်ပေမဲ့ ညဟာအေးလွန်းပါ၏.. Junghwan ပါရင်မလွတ်လပ်မည်စိုး၍သာ မခေါ်ခဲ့သော်လည်း ထိုအမျိုးသားငယ်ကို တမ်းတနေမိတာတော့အမှန်ပင်...

ထိုအမျိူးသားလေးရဲ့ ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ေလးတွေလဲသဘောကျမိပါ၏

Astra Barရှေ့မှာရပ်ကာ ဆိုင်ထဲအမြန်ဝင်လိုက်သည် .. ဒိလောက် ေအးမှန်းသိရင် သူ့ တစ်စီးတည်းသော ကိုယ်ပိုင် Veneno ခဲရောင်လေးပဲ ယူခဲ့မှာပေါ့..

Jihoon Hyung စီမှာသာ Lamborghini အမျိုးအစားထဲကကော ကျန်တဲ့အမျိုးအစားကပါ ကားပေါပေမဲ့ Jeongwoo မှာ veneno ခဲရောင်တစ်စီးသာရှိသည်..ဒါမဲ့အကိုပိုင်တာ ညီပိုင်တာပဲ မဟုတ်လား

Mr. Bodyguard Where stories live. Discover now