[Zawgyi]
Part 2ယန်ကျင်းခန်းမသည် နှစ်ထောင်ပေါင်းများစွာကတည်းက သမိုင်းကြောင်းရှိသည့် ဓားသမားမိသားစုဖြစ်သည်။ ယခုအချိန်တွင် ၎င်းသည် ကမ္ဘာပေါ်တွင် နံပါတ်တစ်ဂိုဏ်းဖြစ်ခဲ့ပြီး လူအများကြားမှာ ထင်ရှားလာခဲ့သည်။
ရှင်းထန် ဂိုဏ်းမှလွဲ၍ ကျန် ဂိုဏ်းများအားလုံးက ၎င်းကို ဦးညွှတ်ကြသည်။ ရှင်းထန်ဂိုဏ်းကို နတ်ဆိုးဂိုဏ်းဟု ခေါ်ဝေါ်ရခြင်းမှာ ၎င်း၏ ကျင့်ကြံမှုပုံစံသည်ရက်စက်ကြမ်းကြုတ်ပြီး ၎င်းအောက်ရှိ လူအားလုံးသည် ဆိုးညစ်သော ကျင့်ကြံသူများ ဖြစ်သည့်အတွက်ကြောင့် ဖြစ်သည်။ ရှေးခေတ်ကတည်းက အကောင်းနှင့်အဆိုးကို ခွဲခြား၍မရပေ။
ယန်ကျင်းခန်းမနှင့် ရှင်းထန် ဂိုဏ်းတို့သည် တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း နံပါတ်တစ်ရန်သူအဖြစ် မှတ်ယူထားကြပြီး အချင်းချင်း တိုက်ခိုက်နေသည်မှာ နှစ်ရာနှင့်ချီနေပြီဖြစ်သည်။ သူတို့၏ တိုက်ပွဲသည်အောင်ပွဲ သို့မဟုတ် ရှုံးနိမ့်မှုကို မဆုံးဖြတ်နိုင်ပဲရှင်းထန်ဂိုဏ်းသည် မကြာခဏ ဖိနှိပ်ခံရသောကြောင့် ရှောင်တု သည် သဘာဝအတိုင်း အခြားနည်းလမ်းများကို ရှာဖွေရလေသည်။
ရှောင်းယုအန်းသည် ယန်ကျင်းခန်းမ၏ သခင်ငယ် ကူလုယင်အကြောင်းကို အနည်းငယ်သာကြားသိခဲ့ဖူးသည်။ လကဲ့သို့ တောက်ပပြီးထက်မြက်သော အရည်အချင်းတို့ရှိသော ကောင်းကင်ဘုံသားတော်ဟု ဆိုကြ၏။
ရှောင်တု၏ ဒီအကြံအစည်က ကောင်းပါတယ်၊ ဒါပေမယ့် ရှောင်းယုအန်း က ကူလုယင်ကို သွေးဆောင်လိုက်ရင်တောင် ကူလုယင် က စိတ်မပါဘူးဆိုရင် ဘယ်လိုလုပ်မလဲ?။ ရှောင်းယုအန်းက ရှောင်တုကို အကြောင်းပြချက်ပေးဖို့ ကြိုးစားလိုက်တယ်
"အရှင်သခင်၊ ကူလုယင်ဘယ်လိုလူမျိုးမို့လဲ၊ ကျတော်ကကော ဘယ်သူလဲ?။ ကျတော်က ပေါ့ပါးပြီးအဆင့်နိမ့်တဲ့ကျင့်ကြံသူပဲ၊ သူ့ကို ဘာလိုလုပ်သွေးဆောင်နိုင်မှာလဲ?"ရှောင်တု "မင်းမျက်နှာနဲ့လေ"
ရှောင်းယုအန်းဆို့နင့်သွားသည်။ မန့်ချီက နှုတ်ခမ်းကို ဖွဖွလေး ပြုံးပြီးပြောတယ် " ကုလုယင်က ယောက်ျားပဲလေ။ သူက ယောက်ျားလေးဖြစ်သောကြောင့် အလှတရားကို ခံနိုင်ရည်ရှိရန် ခက်ခဲပါသည်။ သူက သာမန်အလှပတွေကိုလှည့် မကြည့်နိုင်ပေမယ့် မင်းကိုတော့ နောက်ထပ် တစ်ချက် နှစ်ချက်လောက်တော့အကြည့် ပေးလိမ့်မယ်”
YOU ARE READING
The Whole World Is My Crematorium(ဘာသာပြန်)
FantasyType: webnovel (CN) Genre:Drama, Romance, Xianxia, Yaoi Author: Bi Ka Bi (作者:比卡比) English Translator: Sonata123 Editor: Lazy Girl T All Credit to "original author" and "english translator" Both [Zawgyi & Unicode]