Intro

766 74 9
                                    

"မောင့်ကို ယုံကြည်မယ်မဟုတ်လား ဂျီမင်း ..."

"အင်း ... နှလုံးသားတစ်ခုလုံးနဲ့ ရင်းပြီးတော့ကို ယုံမယ်"

၁၉ ရာစုရဲ့ နာရီစက္ကန့်တွေကြားမှာ ဝေ့ဝဲလွင့်မြောခဲ့တဲ့
လက်ကိုင်ပုဝါလေးတစ်ထည်ရဲ့ဇာတ်သိမ်းဟာ
သမိုင်းစာမျက်နှာချပ်တွေကြားမှာ ဘယ်လိုဘယ်ပုံ ဖြစ်တည်မယ်ဆိုတာကတော့ ...။

__________________________

၁၉ ရာစုရဲ့ လွတ်လပ်ရေးရခါစ အချိန်အပိုင်းအခြားတွေမှာ
ပါတီပွဲတွေ၊ ဂါဝန်လှလှတွေကြားက အလှပြင်တတ်ခါစ
မိန်းမပျိုတွေ၊ ယာဒလေ ပေါင်ဒါနံ့တွေနဲ့ ပုလဲပုတီးတွေက
နေရာတိုင်းမှာ လှတပတ လွန့်လူးသွားလာနေခဲ့တာပေါ့။

အမျိုးသမီးငယ်တွေ ဂါဝန်စဝတ်ကြတဲ့အချိန်၊
အနောက်တိုင်းဝတ်စုံကို အကျအနဝတ်လို့ ခင်မင်နီးစပ်ရာ
အပေါင်းအသင်းတွေရဲ့ ပါတီပွဲတွေမှာ စစ်ဗိုလ်လောင်းတွေ
ကြင်ဖော်ရှာ၊ မျက်စိအစာကျွေးကြတဲ့ အချိန်။

အာရှနဲ့ အနောက်တိုင်းရဲ့ ယဉ်ကျေးမှုတွေ ရောစပ်ပြီး
အမျိုးသမီးတွေ ဆေးလိပ်ကို လက်ကြားမှာ ဟန်ပါပါညပ်ရင်း
ပါတီပွဲက စစ်ဗိုလ်လောင်းတွေကို မခို့တရို့ ပြုံးပြပြီး
စကားတွေ ဖောင်ဖွဲ့လို့လည်း ဘယ်သူမှ မကဲ့ရဲ့ကြတဲ့အချိန်တွေ။

ချစ်ခြင်းတွေများ အပြန်အလှန်ဖြစ်ကြရင်
ဖင်ကုန်းကားလေး တစ်စီးနဲ့ မြို့ပတ်သွားမလား၊
ညဘက်တွေ ပါတီတက်ရင်း မိန်းမပျိုလေးရဲ့ ခါးကို
ဟန်ပါပါ ထိန်းဖက်ရင်း ရင်ချင်းအပ်ပြီး သံစဉ်တွေကြားမှာ
စီးမြောရင်း မဏ္ဌပ်တိုင်တွေ တက်ပြချင်သလား၊

၁၉ ရာစုရဲ့ အရောင်စုံယဉ်ကျေးမှုတွေဟာ
သိပ်ကို လှပဆန်းသစ်နေခဲ့တာ။

ဘာသာတရားအစွန်းရောက်မှုတွေကို ပြည်ဖုံးကားချ၊
လူနေမှုအဆင့်အတန်းနဲ့အတူ ခေတ်ရှေ့ပြေးမလာသေးတဲ့ အယူအဆတွေ၊
အဆင့်အတန်းခွဲခြားမှုနဲ့ ဖိုဝါဒ အယူကြီးမှုတွေကို မြို့ပြရဲ့
ပြီးပြည့်စုံခြင်း ကန့်လန့်ကာရဲ့ နောက်ကွယ်မှာ အသေထည့်ပိတ်ထားရင်း
ရုပ်ဆိုးအကျည်းတန်မှုတွေကိုသာ မျက်နှာလွှဲထားကြမယ်ဆိုရင်
သမိုင်းစာအုပ်ကလေးဟာ အလှပဆုံးဖြစ်နေခဲ့မှာ အသေအချာပါပဲ။

_________________________

"ဘုရင်ခံ အသစ်ကလေးရောက်တယ်တဲ့"

"တို့များ မြို့အုပ်မင်းကို ချောလှပြီအောက်မေ့တာတော်
ဘုရင်ခံလေးကမှ အလွန့်ကို ကြည့်ကောင်းတာတော်ရေ"

"အို ... တို့မြို့အုပ်မင်းလိုတော့ မလှပါဘူးအေ"

"ဘာပဲဖြစ်‌ဖြစ်အေ .. ဘုရင်ခံလေးက ခံ့ညားနေတာပဲဟယ်"

တစ်နိုင်ငံလုံးရဲ့ စီးပွားရေးအချက်အချာမြို့ပြရဲ့
အခမ်းနားဆုံး လူသားနှစ်ယောက်အကြောင်းဟာ မိန်းမလှတွေရဲ့
ပါးစပ်ဖြားမှာ ဒီလိုပဲ အပြိုင်အဆိုင်ရေပန်းစားခဲ့ရာကနေ
သမိုင်းစာအုပ်လှလှလေးရဲ့ စာမျက်နှာချပ်တွေဟာ ဒီလို စတင်ခဲ့ပါတယ်။

(A/N)
နှစ်သစ်မှာ ဖန်တီးမှုအသစ်နဲ့ ပြန်လာခဲ့တာပါ။
ပျော်ရွှင်စရာနှစ်သစ်လေး ဖြစ်ပါစေ

__________________________________

"ေမာင့္ကို ယုံၾကည္မယ္မဟုတ္လား ဂ်ီမင္း ..."

"အင္း ... ႏွလုံးသားတစ္ခုလုံးနဲ႕ ရင္းၿပီးေတာ့ကို ယုံမယ္"

၁၉ ရာစုရဲ႕ နာရီစကၠန႔္ေတြၾကားမွာ ေဝ့ဝဲလြင့္ေျမာခဲ့တဲ့
လက္ကိုင္ပုဝါေလးတစ္ထည္ရဲ႕ဇာတ္သိမ္းဟာ
သမိုင္းစာမ်က္ႏွာခ်ပ္ေတြၾကားမွာ ဘယႅိုဘယၸဳံ ျဖစ္မယ္ဆိုတာကေတာ့ ...။

__________________________

၁၉ ရာစုရဲ႕ လြတ္လပ္ေရးရခါစ အခ်ိန္အပိုင္းအျခားေတြမွာ
ပါတီပြဲေတြ၊ ဂါဝန္လွလွေတြၾကားက အလွျပင္တတ္ခါစ
မိန္းမပ်ိဳေတြ၊ ယာေဒလ ေပါင္ဒါနံ႕ေတြနဲ႕ ပုလဲပုတီးေတြက
ေနရာတိုင္းမွာ လြတပတ လြန႔္လူးသြားလာေနခဲ့တာေပါ့။

အမ်ိဳးသမီးငယ္ေတြ ဂါဝန္စဝတ္ၾကတဲ့အခ်ိန္၊
အေနာက္တိုင္းဝတ္စုံကို အက်အနဝတ္လို႔ ခင္မင္နီးစပ္ရာ
အေပါင္းအသင္းေတြရဲ႕ ပါတီပြဲေတြမွာ စစ္ဗိုလ္ေလာင္းေတြ
ၾကင္ေဖာ္ရွာ၊ မ်က္စိအစာေကြၽးၾကတဲ့ အခ်ိန္။

အာရွနဲ႕ အေနာက္တိုင္းရဲ႕ ယဥ္ေက်းမႈေတြ ေရာစပ္ၿပီး
အမ်ိဳးသမီးေတြ ေဆးလိပ္ကို လက္ၾကားမွာ ဟန္ပါပါညပ္ရင္း
ပါတီၿပဲက စစ္ဗိုလ္ေလာင္းေတြကို မခို႔တရို႔ ၿပဳံးျပၿပီး
စကားေတြ ေဖာင္ဖြဲ႕လို႔လည္း ဘယ္သဴမြ မကဲ့ရဲ႕ၾကတဲ့အခ်ိန္ေတြ။

ခ်စ္ျခင္းေတြမ်ား အျပန္အလွန္ျဖစ္ၾကရင္
ဖင္ကုန္းကားေလး တစ္စီးနဲ႕ ၿမိဳ႕ပတ္သြားမလား၊
ညဘက္ေတြ ပါတီတက္ရင္း မိန္းမပ်ိဳေလးရဲ႕ ခါးကို
ဟန္ပါပါ ထိန္းဖက္ရင္း ရင္ခ်င္းအပ္ၿပီး သံစဥ္ေတြၾကားမွာ
စီးေျမာရင္း မဏၭပ္တိုင္ေတြ တက္ျပခ်င္သလား၊

၁၉ ရာစုရဲ႕ အေရာင္စုံယဥ္ေက်းမႈေတြဟာ
သိပၠို လွပဆန္းသစ္ေနခဲ့တာ။

ဘာသာတရားအစြန္းေရာက္မႈေတြကို ျပည္ဖုံးကားခ်၊
လူေနမႈအဆင့္အတန္းနဲ႕အတူ ေခတ္ေရွ႕ေျပးမလာေသးတဲ့ အယူအေဆၾတ၊
အဆင့္အတန္းခြဲျခားမႈနဲ႕ ဖိုဝါဒ အယူႀကီးမႈေတြကို ၿမိဳ႕ျပရဲ႕
ၿပီးျပည့္စုံျခင္း ကန႔္လန႔္ကာရဲ႕ ေနာက္ကြယ္မွာ အေသထည့္ပိတ္ထားရင္း
႐ုပ္ဆိုးအက်ည္းတန္မႈေတြကိုသာ မ်က္ႏွာလႊဲထားၾကမယ္ဆိုရင္
သမိုင္းစာအုပ္ကေလးဟာ အလွပဆုံးျဖစ္ေနခဲ့မွာ ေအသအခ္ာပါပဲ။

_________________________

"ဘုရင္ခံ အသစ္ကေလးေရာက္တယ္တဲ့"

"တို႔မ်ား ၿမိဳ႕အုပ္မင္းကို ေခ်ာလွၿပီေအာက္ေမ့တာေတာ္
ဘုရင္ခံေလးကမွ အလြန႔္ကို ၾကည့္ေကာင္းတာေတာ္ေရ"

"အို ... တို႔ၿမိဳ႕အုပ္မင္းလိုေတာ့ မလွပါဘူးေအ"

"ဘာပဲျဖစ္ျဖစ္ေအ .. ဘုရင္ခံေလးက ခံ့ညားေနတာပဲဟယ္"

တစ္နိုင္ငံလုံးရဲ႕ စီးပြားေရးအခ်က္အခ်ာၿမိဳ႕ျပရဲ႕
အခမ္းနားဆုံး လူသားႏွစ္ေယာက္အေၾကာင္းဟာ မိန္းမလွေတြရဲ႕
ပါးစပ္ျဖားမွာ ဒီလိုပဲ အၿပိဳင္အဆိုင္ေရပန္းစားခဲ့ရာကေန
သမိုင္းစာအုပ္လွလွေလးရဲ႕ စာမ်က္ႏွာခ်ပ္ေတြဟာ ဒီလို စတင္ခဲ့ပါတယ္။

(A/N)
ႏွစ္သစ္မွာ ဖန္တီးမႈအသစ္နဲ႕ ျပန္လာခဲ့တာပါ။
ေပ်ာ္႐ႊင္စရာႏွစ္သစ္ေလး ျဖစ္ပါေစ

The Handkerchief (jikook)Where stories live. Discover now