3

237 24 3
                                    

"ဒီနေ့ ပထမဦးဆုံးရုံးတက်မှာဆိုတော့ ခံစားချက်က ဘယ်လိုလဲ ဆရာ"

"ကောင်းပါတယ် ...ဟ လုံချည်နဲ့ပါလား "

"ဟုတ်တယ်၊ ကျွန်တော်ဝတ်ချင်တာ ကြာပြီ။
အခုမှ ဝတ်ရတော့တယ်"

"နောက်ရက်ကျ ဝတ်ချင်တယ်"

"ကျွန်တော် ဝယ်ပေးမယ်"

ခေါင်းညိတ်ပြသော ဘုရင်ခံကြီးက အဲလစ်ဝတ်ထားတဲ့ အပြာရောင် ချည်လုံချည်ကလေးကို ပကတိဝိုင်းစက်သော မျက်ဝန်းများဖြင့် အားကျသလို ငေးကြည့်နေခဲ့သည်။ ပွဲဈေးတန်းထဲက အရုပ်မုန့်ကလေးကို တပ်မက်နေသော ကလေးငယ်‌တစ်ဦးရဲ့ မျက်ဝန်းကလေးတွေနဲ့ ဘာမဟုတ်တဲ့အရာလေးတွေကို ငေးကြည့်တတ်ခြင်းသည် အဲလစ်ကလွဲပြီး ဘယ်သူမှ မြင်ခွင့်မရခဲ့ဖူးသော ဘုရင်ခံကြီးရဲ့ ပုံစံအမှန်တွေ။

တစ်ဘဝလုံး ပြည့်စုံချင်ယောင် ဆောင်ခဲ့သည်။ လူတိုင်းရဲ့ မျက်ဝန်းထဲတွင် အမှားမရှိအောင်၊ ကပြားလေး ဆိုပြီး လာမနှိမ်ရဲကြအောင် အကောင်းဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို ထိန်းသိမ်းနိုင်ဖို့အရေး အရွယ်နဲ့မလိုက်အောင် ကြိုးစားခဲ့ရှာသည်။

တခြားကလေးတွေ နားချိန်မှာ စာဖတ်ခဲ့သည်။ အိပ်ချိန်မှာ စာကျက် ခဲ့သည်။ ကစားချိန်မှာ ပီယာနိုတစ်လုံးနဲ့ သီချင်းကြီးတွေ သင်ယူနေခဲ့သည်။ နားချိန်မရှိ၊ ကစားချိန်မရှိ၊ အချိန်မတိုင်ခင် အရွယ်ရောက်ခဲ့ရခြင်းတွေအပေါ်မှာ ဘုရင်ခံကြီးဟာ အထွန့်တစ်ချက်မှ မတက်ခဲ့။

ဖိလွန်းလျှင် ကန်ထွက်တတ်သည် တဲ့။ ဘယ်သူပြောလဲ။
တစ်မှတ်လျော့ရင် အခန်းပိတ်ပြီး ခါးပတ်နဲ့ရိုက်နှက်ခဲ့သော ဖခင်ရဲ့လက်အောက်က ဘုရင်ခံကြီးဟာ ယုန်ကလေးတွေ ချစ်တတ်ခဲ့သည်။ ပန်းပွင့်ကလေးတွေ စိုက်ပြီး အပြုံးဖွဖွနဲ့ နှုတ်ထွက်စကားတိုင်းက အစဉ်ချိုမြခဲ့သည်။ သစ်ပင်တွေမှာ ငြိနေတတ်တဲ့ ပိုးချည်လုံးလေးတွေကို ဖြဲကြည့်လိုက်ရင် အလည်မှာရှိနေတတ်တဲ့ ပိုးကောင်လေးပမာ နူးညံ့စွာ ကြီးပြင်းလာခဲ့သည်။

"သွားကြမယ်လေ"

"ဟုတ်ကဲ့ ဆရာ၊
ဒီနေ့မှ ရုံးစတက်မှာဆိုတော့ မြို့အုပ်မင်းက လာနှုတ်ဆက်မယ်ထင်တယ်ဆရာ"

"သူလည်း ကပြားပဲဆို?"

"မဟုတ်ဘူး ဆရာ၊ သူက ကိုရီးယားအစစ် တဲ့။ ဒီမှာတော့ သူ့သတင်းက တော်တော်မွှေးတယ်"

"အော် ဟို "ပတ်" ဘာ?"

"ပတ်ဂျီမင်းပါ ဆရာ"

"အော် အေး၊ သူက ဒီမှာတင် မဟုတ်ပါဘူးကွယ်၊
ဟိုက ရုံးချုပ်မှာတည်းက သိပ်တော်ကြောင်း
အမြဲကြားနေရသားပဲဟာ"

တွေ့ဆုံခြင်းတွေ မစတင်ရသေးခင်မှာပင် တစ်ဖက်လူရဲ့ နှလုံးအိမ်ထဲ အကြင်သူရဲ့ ကောင်းခြင်းသတင်းတွေက ကိန်းအောင်းနေရာယူထားခဲ့ပြီးသား။

ယနေ့ မနက်ခင်းသည် အတော်ပင် ကမောက်ကမနိုင်သည်။ မိမိအစာကျွေးနေကျ သုံးရောင်စပ် ကြောင်ရုပ်ဆိုးလေးသည် ဒီလောက်မြင့်တဲ့ အထပ်မြင့်တိုက်ခန်းပေါ်အထိ ကြက်တစ်ကောင်ဖမ်းလာခဲ့သည်။ သိပ်ကြီးနေတဲ့ကြက်တော့မဟုတ်သလို သေးလည်းမသေး။ အရွယ်ရောက်ခါနီး ကြက်ပဲ ဆိုပါတော့။

You've reached the end of published parts.

⏰ Last updated: Mar 31, 2023 ⏰

Add this story to your Library to get notified about new parts!

The Handkerchief (jikook)Where stories live. Discover now