We got married?

1.5K 103 4
                                    

ရေး ဟေး
အထက်တန်းအောင်ပြီကွ
အခုမှတကယ်လွတ်လပ်တာကွ
ခုမှလူဖြစ်တယ်ပြောပါ
အေးလေ
ဘာဖြစ်ဖြစ်ဟာ ဒီနေ့လုပ်ချင်တာလုပ်မှာပဲ
အဲဒါတော့ငါလဲသဘောတူတယ်
ငါတို့အကုန်clubကိုချီတက်မယ်
ရေး
ဟေး
ဒါပဲကွ
Let's go.သွားမယ်
ဘာ ဟင့်အင်းငါမသွားဘူး။တခြားပျော်စရာတွေလဲရှိတာပဲကို
ဘာလဲ နင်ပဲထဖောက် ပြန်ပြီ
ဘာလို့လဲBaekkieရဲ့ ငါတို့အကုန်ပါတာပဲကို
ဟင့်အင်းမသွားဘူးဆိုမသွားဘူး
ဒါဆိုလဲနေခဲ့ဟာ ငါတို့သွားပြီ
ဟဲ့ chanyeolနင်ကဘာလုပ်နေတာလဲ
ဟင် အဲ baekkie ကတစ်ယောက်ထဲဆိုတော့အဖော်နေပေးမလို့လေ
ပြီးတာပဲ သွားမယ်
သွားကြ သွားကြ ဟွန်း လာchanyeolငါတို့လဲသွားမယ်
ဘယ်ကိုလဲ
ငါလုပ်ကြည့်ချင်တာတွေအကုန်လုပ်မယ်
အေးပါ

CY. ဘာာာာ ရေဘဝဲအစိမ်း ဂလု baek..baek..baekkie အဲဒါတော့မကောင်းဘူးထင်တယ်နော်
BK. ဟာ နင်ကလဲကောင်းမဲ့ပုံပါဟ
CY. အာ့ဆိုနင်စားပါလား
BK. ဟာ ငါက ရေဘဝဲအစိမ်းစားနေတဲ့ ယောက်ျားလေးပုံကိုကြည့်ချင်တာ စာချင်တာမှမဟုတ်တာ
CY. သြော် အဲ့လိုလား အဲဒါဆိုရင် သူများ များ များ.......
ဆိုင်ထဲကိုဝေ့ကြည့်လိုက်တော့
သေစမ်းpark chanyeol ယောက်ျားမပြောနဲ့လူတောင်သူတို့နှစ်ယောက်ကလွဲလို့မရှိ
BK. ဘာလို့လဲ စားလေဟာ
CY. ဟမ် အေး အေးပါဟာ
လက်တံတစ်ချောင်းကိုတူနှင့်ပတ်လိုက်သည်
အမလေး ဘယ်ဘဝကဝဋ်ကြွေးပါလိမ့်
ထိုပျော့စိစိ ပျစ်ချွဲချွဲကိုပါးစပ်ထဲထည့်ရမှာ ဘုရားဘုရား
Club လိုက်မသွားပဲသူရဲကာင်းလုပ်ချင်ဦး နောက်တစ်ခါပြောကြည့်အဲ့လျှာဖြတ်ပစ်မယ်
BK. ဟဲ့စားပါဆိုမှ
CY. တစ် တစ်လုပ်ထဲနော်
BK. အေးပါဆို ထည့်လိုက်တော့
CY. လှုပ်စိစိနဲ့ဟ
BK. ငါနော်
သူစိတ်ဒုန်းဒုန်းချပြီးမျက်စိမှိတ်လိုက်သည်
သူမကရေဘဝဲထက်ကြောက်ဖို့ကောင်းတာကိုး
၁ ၂ ၃
ဂလု

BK. ဘယ်လိုနေလဲ
CY. အင်း
BK. ဘာကိုလဲ
CY. အင်း
BK. ကောင်းလားလို့မေးတာ
CY. ............


ဝေါ့.... အော့
BK. ဟဲ့ ရလား
CY. ငါ့ပုံကရတဲ့ပုံပေါ်နေလို့လား
BK. Ah. Miyan

ဒီလိုနှင့်သူမရဲ့ planတွေ ၁ခုပြီး၁ခု အကောင်အထည်ဖော်ပြီးသောအခါ......
CY. Byun Baekkie...
BK. ဟေ
CY. နင့်ဟာတွေက အထက်တန်းအောင်ပြီးလုပ်ချင်တာတွေလား HEART ATTACK ရအောင်လုပ်တဲ့နည်းတွေလား
BK. နှစ်ခုစလုံးပဲ
CY. ဘာာာ....
BK. စတာပါဟ နင်ကလဲခိခိ
သူမေးလဲမေးချင်စရာပင် သူမPLANတွေက
၁. ရေဘဝဲအစိမ်းစားနေသော ယောက်ျားလေးကိုထိုင်ကြည့်ရန်
၂. နာမည်ကြီးbrandတစ်ခုအား နည်းမျိုးစုံသုံး၍ဆိုင်ရှင်က အလကားပေးအောင်လုပ်ရန်
၃. အလုပ်သမားများ ကုမ္ပဏီကိုဆန္ဒပြရာတွင်ပါဝင်ရန်
၎. ၁နာရီအတွင်းအချိန်ပိုင်းအလုပ် ၁၀ခုလုပ်ရန်
၅. လမ်းဘေးတွင် သီချင်းဆိုပြီးပိုက်ဆံတောင်းရန်
၆. ရလာသောငွေနှင့် ရိုလာကိုစတာစီးရန် ဒန်တန့်တန်
Mission များပြီးသည့်သကာလ park chanyeol တစ်ယောက် လူရုပ်ပင်မပေါက်ချင်တော့
(Chanyeol oppa ကန်တော့နော်)
နှစ်ယောက်လုံးလဲဖတ်ဖတ်ကိုမောလို့
CY. ခုပြီးပြီမလား ငါ ဟောဟဲ အိမ် ဟောဟဲ ပြန်တော့မယ်...
BK. အဲ Chanyeol-ah အာ့ကလေ ၁ခုကျန်သေးတယ်
CY. ဘာာာာာ..................
BK. ဟဲ့ဖြည်းဖြည်းအော်ပါဟ လိပ်ပြာတောင်လွင့်တော့မယ်
CY. ဒီမှာ ရေးထားတာ၆ခုထဲလေ baekkieရယ် ဒီနေ့မှကျောင်းပြီးတာ ငါမသေချင်သေးဘူးဟ
BK. ဟဲ့ ဘာလို့သေရမှာလဲ
CY. လူ့ဘဝကြီးကနေတတ်ရင်ပျော်စရာကြီးပါဟာ
BK. ဘာတွေလာပြောနေတာလဲ sojuဆိုင်သွားမယ် ထ
CY. Soju?(clubမသွားလို့အကောင်းထင်နေတာ)
BK.လာ ထပါဆို
CY. အင်း soju ဆိုရင်တော့ မဆိုးပါဘူး
သည်လိုနှင့် ချီတက်လာကြပြီး
BK. Arjima ဒီကို soju ၂ပုလင်းပေးပါ
CY. ၂ ပုလင်း??
BK. အင်းလေ နင် ၁ခု ငါ၁ခုပေါ့
CY. နင်ကသောက်ဖူးလို့လား
BK. သောက်ဖူးမှတော့ လာပမလားဟ
CY. အေးလေ ခုမှစလုပ်ဖူးတာကို
Arjima. ရပြီ
BK. Nae.Thank you very much oh...
CY. ကမ်းပေ့
BK. ကမ်းပေ့
CY. အ..
BK. လည်ချောင်းထဲမှာပူပြီး ဆင်းသွားတာပဲ
CY. ဟုတ်တယ် ခါးသက်သက်နဲ့
ဒီလိုနဲ့တစ်ခွက်ပြီးတစ်ခွက် သောက်ပြီးနောက်.....
BK. ဟဲ့ ကိုယ်ရံတော်တပ်မှူးကြီး
CY. Nae. အိမ်ရှေ့စံမိဖုရားလေး
BK. ငါတို့က ဘာကြောင့်မဖြစ်နိုင်ရတာလဲ
CY. စိုးရွံ့လှပါတယ် It's because of အိမ်ရှေ့စံ
(Chanyeol oppa တို့ကတော့ မူးတာတောင်ဘိုလို မှုတ်သေးတယ်)
BK. အေ့ ငါတို့ထွက်ပြေးရင်ရတာပဲ
CY. အေ့ မှန်လှပါ မင်းသမီးကို အရိုးကြေကြေ အရည်ခမ်းခမ်း အမှုန့်ကြိတ်ကြိတ် ကာကွယ်သွားပါမယ် အေ့
BK. ဒါဆိုလဲကြာတယ် ခုပဲပြေးကြစို့
ပြောပြီးနှစ်ယောက်သား ဝုန်းကနဲထပြေးကြသည်
Arjima. ဟဲ့ကလေးတွေပိုက်ဆံမရှင်းရသေးဘူးလေ သြော်ရုပ်ကလေးတွေသနားကမားနဲ့ လုပ်စားနေကြတာ
(Baekyeol ကတော်များ အခါ၁၀၀၀၀ ကန်တော့ပါတယ်)
BK. တပ်မှူးကြီး ရန်သူတွေကပ်လာပြီ
CY. မင်းသမီးလေး လက်ကိုသာမြဲအောင်ကိုင်ထားပါ
ဒီလိုနဲ့ baekyeol နှစ်ယောက်မူးမူးနဲ့ နန်းတွင်းဇာတ်ခင်းလိုက်တာ ဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိ
Baekkieတစ်ယောက်ပြေးရင်းခြေကုန်လက်ပန်းကျလာသည်
မကျခံနိုင်ရိုးလား တစ်နေကုန်တစ်နေခန်းပြေးထားရတာ
CY. မင်းသမီးလေး မဖြစ်တော့ဘူး ပုန်းစရာရှာမှရတော့မယ်
ဤသို့ဖြင့် တွေ့ရာအိမ်ကို တံခါးထုတော့သည်
BK. ကယ်ကြပါဦး Help me ကျူးမီးငှား
Chanyeol တစ်ယောက်လဲ တံခါးကိုအသားကုန်ထုသည်
ကျွီ
JongDae. ဘယ်သူလဲကွ
CY. ကယ်ပါ ဝုန်း..
သောက်လာသည့်အရှိန်နှင့်ပြေးခြင်းတို့ပေါင်းစပ်ကာ မှောက်သွားတော့သည်
BK. ဟာ မဖြစ်ဖူး ဘုန်း..
Baekkieလဲchanyeolပေါ်ပစ်ကျသွားသည်
JongDae. ဟာဒုက္ခပဲ MinSeokရေ မိန်းမ လာပါဦး
MinSeok. ဟယ် ဘာဖြစ် ဖြစ်...
JongDae. ခိုးပြေးလာတဲ့လင်မယားထင်တယ် သနားပါတယ် တော်တော်ပြေးလာပုံပဲ(chen chen တို့ကတော့ sherlock holme သေပြီးဝင်စားလားမှတ်ရတယ် မှန်းချက်9+)
MinSeok. အင်းလေ ဒီညအိမ်မှာပဲ သိပ်လိုက်ပါ မနက်မှမိဘတွေဆီပြန်ပို့တာပေါ့
JongDae. ဒါဆို ရွှေ့ရအောင်
ဒီလိုနဲ့Xiuchenမောင်နှံက နှစ်ယောက်လုံးကို ခုတင်ပေါ်တင်ပြီး
သူတို့ကတစ်ခန်းအိပ်ကြတယ်။
၃နာရီခန့်ကြာသော်....
CY. အာ ပူလိုက်တာ
နိုးတစ်ဝက်အိပ်မက်နှင့် အဝတ်အစားတွေချွတ်ကာ ခုတင်ပေါ်ပြန်တက်အိပ်နေလေသည်
၅နာရီခန့်ကြာသော်.....
BK. ဟာ ဘာလို့တအားပူနေတာလဲ
အိပ်ချင်မူးတူးနဲ့အကုန်ဆွဲချွတ်ကာ ပြန်အိပ်ပျော်သွားလေတော့သည်
.
.
.
.
.
.
.
.
******************
ခွမ်း...မင်းက ငါ့ကိုပေါက်စီလောက်တောင်တန်ဖိုးမထားဘူးပေါ့
ဂွမ်း.... ရှင်ကသာ စဖို့နောက်ဖို့လောက်သာအာရုံရှိတာ
ဝုန်း ချလွမ်...မင်းသာ ပေါက်စီရူး baoziမ
ဒုန်း..ဂလုံဂွမ်...ရှင်သာ troll king အာပြဲ

ဝုန်း ဒိုင်း ဂွမ်း ဘုန်း ဂလွမ် ဂွမ်

ဝုန်းတိုင်းကြဲအသံများကြောင့် သူတို့နှစ်ယောက်နိုးလာသည်
CY. (ဆဋ္ဌမကမ္ဘာစစ်ဖြစ်တာလားဟ)
BK. (မီးတောင်ပေါက်ကွဲတာထင်တယ်)
အတင်းမျက်လုံးပြူးပြဲဖွင့်ကြည့်သည်။
CY. O.O
BK. O.O
နှစ်ယောက်သားအားရပါးရဖက်အိပ်နေကြသည်
CY. ဟာ မဖြစ်နိုင်ပါဘူး အိပ်မက်ပဲနေမှာ
BK. သြော် အိပ်မက်မက်နေတာကိုး
နှစ်ယောက်လုံး စောင်ခွာကြည့်လိုက်သည်
BK. အာာားးးးးးးး..........(high note)
CY. ဘာလဲ၊ဘာဖြစ်တာလဲ၊ငါဘယ်လိုဒီရောက်နေတာလဲ၊နင်ကရော
ဘာလုပ်နေတာလဲ၊ဘာတွေဖြစ်ကုန်တာလဲ၊ဒါကဘယ်နေရာလဲ၊
ဘယ်နေရာလဲ၊ဘယ်သူ့အိမ်လဲ၊ဘာတွေလဲ(rapping)
ထိုစဉ် ဝုန်း(တံခါးဖွင့်သံ)
BK. Appa,omma
CY. Appa.omma
Chanyeol appa. တော် တန် တိတ် နှစ်ကောင်လုံးအဝတ်ဝတ်ပြီးဆင်းခဲ့
Chanyeol omma. ခိခိ
Baekkie omma. အဟမ်း အကွက်ဝင်သွားပြီ
Baekkie appa. အစီအစဉ် ချလို့ရပြီ

သူတို့နှစ်ယောက်လဲဘာမှမပြောနိုင်
တကယ်တော့ နှစ်ယောက်လုံး မနေ့က သောက်ပြီးနောက်ပိုင်းဘာဖြစ်မှန်းမသိတော့ဘူးလေ။


ဘာမှမဖြစ်တာကိုတော့ authorနဲ့reader ပဲသိမှာပေါ့လို့

It's LOVEWhere stories live. Discover now