HeartBeat

803 80 8
                                    

ဒေါက် ဒေါက် ဒေါက်

Baekkie ။ ။ ငါဝင်လာပြီနော်

Baek ရုတ်တရက် တံခါးဆွဲဖွင့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မျက်လုံး D.o ထက်ပြူးသွားလေသည်။

Yeol က ရေချိုးပြီးကာစ towel လေးကိုခါးတွင်ပတ်ကာ သဘက်လေးနှင့် ရေသုတ်နေသည်။

သူမ ရုတ်တရက်တော့ ကြောင်ပြီးငေးနေမိ၏။
ပြီးမှ ထုံးစံအတိုင်း high note နှင့်

Baekkie ။ ။ အားးးးး

သူမလည်း တအားအော်ပြီး ခေါက်ဆွဲပြုတ်အိုးကို လွှတ် ချလိုက်သည်။

အိုးတခြား ခေါက်ဆွဲတွေတခြား ဖြစ်သွားသည်။

ထိုအခါ Chanyeol က သူမနားကို ကပ်လာကာ

Chanyeol ။ ။ ရလား ပူသွားသေးလား။

သူမလည်း သူက ရုတ်တရက် အနားကပ်လာတော့ လန့်ဖျပ်ပြီး ပြုတ်ကျသွားသော ခေါက်ဆွဲအိုးနှင့် ခေါင်းကို ဆော်ထည့်လိုက်သည်။

ဒုတ်

ထို့နောက် အလင်းထက်မြန်သော အရှိန်နှင့် သူမအခန်းသို့ ပြန်ပြေးသွားလေ၏။

သူလည်း အား ဟုတစ်ချက်သာ အော်နိုင်ပြီး အရာအားလုံး မှောင်အတိကျသွားလေ၏။

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

Te Te Te. Te Te Te

နာရီနှိုးစက်သံကြောင့် သူမ၏လေးလံနေသော မျက်ခွံများကို ကြိုးစား၍ဖွင့်ကြည့်လိုက်သည်။

အား ခေါင်းထဲက ကိုက်လိုက်တာ

သူမ အားယူပြီး ထိုင်လိုက်သည်။

ပြီးတော့ အခန်းကို လှည့်ပတ်ကြည့်လိုက်တော့

စန္ဒရားတစ်လုံး၊ ဂစ်တာတွေ၊ စာကြည့်စားပွဲတစ်လုံး၊ ခွေမျိုးစုံတင်ထားတဲ့စင်၊ စာအုပ်စင်၊ ဗီရိုကြီးနှစ်လုံး၊ ဖိနပ်စင်ကြီး၊ အရုပ်စင်၊ နားကြပ်တွေ၊ အို အများကြီးမှ အများကြီး

အခန်းကြီးကလည်း အကျယ်ကြီး
မွေ့ယာကြီးကလည်း အကြီးကြီး
ခန်းဆီး လိုက်ကာတွေကလည်း တစ်ခမ်းတစ်နား

မီးပန်းဆွဲကြီးတွေနဲ့
Tvကြီးကလည်း နည်းနည်းနောနော မဟုတ်

It's LOVEWhere stories live. Discover now