တိတ်ဆိတ်နေလျှက်ရှိသောလမ်းမကြီးပေါ်မှာ ကားလေးတစ်စီးသာရွေ့လျှားလျက်.......အိပ်စက်ရင်းလိုက်ပါလာတဲ့ကောင်ငယ်လေးက လန်ယွင်ဟန်ရဲ့ရင်ခွင်ထဲဝယ်.....
"ဘယ်သွားနေတာလဲ"
"တိတ်ဆိတ်မဲ့တစ်နေရာလေ"
"ဪ....."
"ရိပေါ်အသက်ဘယ်လောက်လဲ"
"၂၀ပြည့်တော့မှာ"
"ယွင်ဟန်နဲ့မကွာဘူးပဲ"
"အင်း"
"ခင်ကြတာကြာပြီပေါ့"
"အထက်တန်းကတည်းက"
"ကြာပြီပဲ"
"ဒါနဲ..."
"ပြောစရာရှိလို့လား"
"ပြောစရာဆိုတာထက်မေးစရာပါ"
"မေးလေ"
"ရှောင်းရဲ့အခြေအနေ အရမ်းဆိုးလား"
"ကိုယ်ပြောရင်မင်းတို့အစိုးရိမ်မလွန်ရဘူး"
"ဒီအတိုင်းလဲစိုးရိမ်နေရတာကို"
"အဲ့သည်လောက်ချစ်သလား"
"ဟင်!!!!"
"ကိုယ်ရိပ်မိပါတယ် မင်းအကြည့်တွေက ရှောင်းအပေါ်လိုတာထက်ပိုတာ"
"ကျွန်တော်တို့၃ယောက်လုံးအတူတူပဲမဟုတ်ဘူးလား မြွေမြွေချင်းခြေမြင်ပါတယ်"
"ကော...က"
ရင်ခွင်ထဲမှာအိပ်နေတဲ့ကောင်လေးနိုးသွားစိုး၍တစ်လမ်းလုံးငြိမ်လာတဲ့ယွင်ဟန်ကရိပေါ်ရဲ့ကျွန်တော်တို့၃ယောက်လုံးအတူတူပဲမဟုတ်လားဆိုတဲ့စကားကြောင့်အံံ့ဩကာသံယောင်လိုက်ရင်းမေးမိသည်။
"ကောင်လေးရဲ့ရောဂါအခြေနေက အမြန်ဆုံးခွဲစိတ်မှအဆင်ပြေမယ်"
ချက်ချင်းစကားလမ်းကြောင်းလွှဲလိုက်တဲ့
လန်မင်ဟန် သို့မဟုတ် Marvelous ကသိပ်ဉာဏ်ကောင်းသူပါလေ...."ဒါဖြစ်ရင်ဘာလို့ခရီးသွားဖို့ခေါ်လာသေးလဲ အမြန်ခွဲစိတ်ဖို့ပြင်ရမှာပေါ့"
"ထင်သလောက်ဘယ်လွယ်မလဲ ချင်ဆီအစားထိုးဖို့ကိုက်ညီတဲ့အလှုရှင်မရှိသေးဘူး နောက်ပြီးကာယကံရှင်ကိုယ်တိုင်ကလဲ.......တတ်ကြွမှုမရှိဘူးလေ ကိုယ်သူ့ကိုပျော်စေချင်တယ်"
STAI LEGGENDO
the diary(complete)
Fanfictionxz-သူများတွေပြောတဲ့အချစ်ဆိုပျော်ရွှင်မှုတဲ့ ဒါပေမဲ့ငါ့အတွက်တော့နာကျင်မှုသတ်သတ်ပဲ wyb-အချစ်ဆိုတာနာကျင်မှုဆိုရင်တောင်ငါကအဲ့နာကျင်မှုကို တောင့်တနေတဲ့လူတစ်ယောက်ပဲ y h-အချစ်ဆိုတာကနာကျင်မှုဆိုရင်ငါကအဲ့နာကျင်မှုကိုတောင် ခံစားခွင့်မရှိတဲ့...