diary(pt37)

258 13 1
                                    

"သား လာဒီမှာထိုင်"

"မေမေ....ဖေဖေရောဟင်"

"ဪ......သားဖေဖေက ဘာမေ့ကျန်နေလို့ဆိုလဲမသိပါဘူး သွားပြန်ယူလေရဲ့"

"ဒါဆိုသားတော့စာဖို့ပြင်ရအောင်လေ ဖေဖေလာရင်အသင့်ဖြစ်နေအောင်"

"အင်း လာပြင်ကြစို့"

ရှောင်းချန်မင်မလာခင် ရှောင်းချင်းရီနဲ့ရှောင်းကျန့်အတူ စာဖို့သောက်ဖို့ပြင်ဆင်နေကြရသည်။ ရှောင်းကျန့်ရဲ့အတွေးတွေကတော့ အစားအသောက်ပြင်နေတဲ့နေရာမှာရှိမနေပဲခရီးထွက်လို့နေဆဲပါပဲ။

အတိတ်နေ့ရက်များကဖြစ်သည်။

"ဖိုးဖိုး ဖေဖေနဲ့မေမေကလာမှာပါနော်"

"လာမှာပေါ့ မလာရင်တော့လားဖိုးဖိုးကသူတို့နှစ်ယောက်ကိုတုတ်ကောက်နဲ့ကိုရိုက်သေးတယ်"

"ဟုတ်....မလာရင်နာနာရိုက်နော်ဖိုးဖိုး မေမေ့ကိုတော့သိပ်မရိုက်ပါနဲ့ မေမေကနေမကောင်းတော့ဖိုးဖိုးအများကြီးရိုက်လိုက်ရင် ပိုဆိုးသွားမှာကြောက်လို့"

"ဟားဟားး အမေချစ်သားလေပဲ ငါ့သားရှောငးချန်မင်တော့ သားမိနှစ်ယောက်ပေါင်းပြီးအနိုင်ကျင့်​မလားပဲ"

"အနိုင်မကျင့်ပါဘူးဖိုးဖိုးကလဲ"

"ကြည့်ရသေးတာပေါ့ကွာ"

"ဖိုးဖိုး ဖေဖေနဲ့မေမေကနောက်ကျလိုက်တာနော် သားဗိုက်ဆာနေပြီ"

"ဖိုးဖိုးမြေးလေး အရင်စားနှင့်မလား"

"ဟင့်အင်း....သားက သူများမိသားစုတွေလိုမျိုး ဖေဖေတစ်လှည့် မေမေတစ်လှည့် နောက်ပြီးဖိုးဖိုးတစ်လှည့် အဲ့လိုခွင့်ကျွေးမှာစားမှာ သားစောင့်နိုင်ပါတယ်နော်"

"ဟုတ်ပါပြီ ဗိုက်ဆာရင်ပြောနော် "

"ဟုတ်ဖိုးဖိုး"

တီ..တီ...တီ...

"အေး ချန်မင် ရောက်ပြီလား"

....ပါးကျွန်တော်မလာနိုင်တော့ဘူး ရှယ်ယာရှင်အစည်းဝေးကသိပ်အရေးကြီးနေလို့.....

"အစည်းဝေးနဲ့ငါ့မြေးယှဉ်ရင်အစည်းဝေးကအရေးကြီးတယ်လားဟမ် ရှောင်းချန်မင်!!!မင်းကလေးစိတ်ပိုရောတွေးပေးရဲ့လား မင်းဒီလောက်တောင်ဖခင်စိတ်မရှိရင်ဘာလို့မွေးထားသေးလဲ ဟမ်!!!"

the diary(complete)Where stories live. Discover now