The diary(part34)

280 16 1
                                    

မနက်ခင်းရဲ့နေရောင်နွေးနွေးဟာ ပြတင်းမှတစ်ဆင့် ရှောင်းကျန့်ခန္ဓာကိုယ်ပေါက်ကျရောက်လွှမ်းခြုံလို့။ရင်ထဲရှိခံစားချက်အချို့ကို ဖွင့်ဟပြလိုက်ရ၍လားမသိ ဒီနေ့ဟာသိပ်သာယာနေသည်။ကျေးငှက်တို့ရဲ့တေးသီသံဟာချိုချိုသာသာကလေးရယ်။အချစ်နဲ့စတဲ့နေ့တွေတိုင်းဟာသိပ်လှသည်ဟုဆိုရမည်။ ညကရိပေါ်နဲ့အနမ်းပြိုင်ခဲ့သည်ကိုတွေးမိလျှင်ရှောင်းကျန့်မျက်နှာကလေးဟာခပ်ရဲရဲကလေးဖြစ်သွားရသည်။

ထိုနေ့ညကကျသည့်မျက်ရည်သည်ပျော်၍လားဝမ်းနည်း၍လားမခွဲတတ် ။ချစ်ရသူကိုချစ်ကြောင်းဝန်ခံခဲ့ပေမဲ့ ချစ်နေသည့်သူကို မျက်နှာလွှဲခဲပစ်မလုပ်နိုင်။သူ့ခံစားချက်အားထည့်တွက်ရပေဦးမည်။တစ်သက်လုံးတိတ်တိတ်ကလေးချစ်သွားဖို့ကပိုလို့မဖြစ်နိုင်ပါ။လန်ယွင်ဟန်ဆိုတာမိမိအချစ်ရဆုံးသောသူငယ်ချင်ပင်။မိမိမျက်နှာကြည့်ရုံနှင်ပင် ဘာဆိုတာကိုခန့်မှန်းနိုင်သည်ထိ စိတ်ထဲအထိရင်းနှီးပြီးသောသူငယ်ချင်း။

ယွင်ဟန်ကိုယ်တိုင်မပြောသော်လည်း သူ့ကိုချစ်နေကြောင်းသူသိနိုင်သည်။ထို့အပြင်ယွင်ဟန်ရဲ့မျက်ဝန်းတွေရဲ့အဓိပ္ပါယ်ကဖတ်ရသိပ်လွယ်သည်။လန်ယွင်ဟန်....လန်ယွင်ဟန်.....တစ်သက်လုံးပေးဆပ်ဖို့မွေးလာလေသလားလို့ရှောင်းကျန့်ထင်မိတော့သည်။

ရယူစိတ်မရှိပါပဲဂရုစိုက်ခဲ့သည့်သူငယ်ချင်း။ချစ်နေသည်ကိုပင်ဘေးလူများခံစားမိသည်ထိပေါ်လွင်သော်ငြား အနေခက်မည်ဆိုးကာမပြောလေသော သူငယ်ချင်း။ ရှောင်းကျန့်မျက်နှာတစ်ကမ္ဘာထင် ရှောင်းကျန့်မျက်နှာညှိုးမှာမိုးပြိုတာထက်ကြောက်လေသောသူငယ်ချင်း ။ထိုသူငယ်ချင်းလေးအားရှောင်းကျန့်ကအကြိမ်ကြိမ်နာကျင်စေသည်။ ရှောင်းကျန့်ကဒဏ်ရာပေးသည်။ ရှောင်းကျန့်ကပဲငိုစေသည်။အို......ရှောင်းကျန့်ကမကောင်းတဲ့လူပါလေ။အတ္တကြီးတဲ့လူ။ကိုယ့်အတွက်ပဲကိုယ်တွေးတဲ့လူ။

တွေးရင်းပင်ရှောင်းကျန့်မျက်ရည်များစီးကျလာသည်။ရှောင်းကျန့်ယွင်ဟန့်ကိုမစာမနာသိပ်လုပ်သည်ပဲ။ရှောင်းကျန့်မှားလေသလား။

the diary(complete)Where stories live. Discover now