💮 Ep-1 💮

787 51 2
                                    

~~~ We go and shout yeah
Oh~~~ Oh ~~~ Oh ~~~

Alarm သံကြားတာနဲ့ တပြိုက်နက် ကျင့်သားရနေတဲ့ အီသန်ရဲ့မျက်လုံးတွေက အားယူစရာမလိုပဲ ပွင့်၍ လာသည်။ ဒီနေ့ အရေးကြီးအစည်းအဝေးတစ်ခုကို တက်ရောက်ဖို့ရှိတာကြောင့် ခါတိုင်းထက် ၁ နာရီလောက် စောထခဲ့ရပေမဲ့ ထူးထူးဆန်းဆန်း စိတ်ကြည်လို့နေသည်။

အင်း … ကျင့်သားရလာပြီ ထင်တယ် ဒီနေ့တော့ စိတ်ကြည်တာမျိုးဖြစ်တော့ဘူးပဲ

တကယ်တော့ အီသန်က ကုမ္ပဏီတွေအလုပ်တွေကို စိတ်မဝင်စားခဲ့ ။ အခုလို ဦးစီးဦးဆောင်လုပ်ရလိမ့်မယ်လို့လည်း တစ်ခါမှကို ထင်မထား ။ အစ်ကိုဖြစ်သူက ကုမ္ပဏီကို တာဝန်ယူပြီး သူကတော့ သူသဘောကျတဲ့ အနုပညာကိုသာ လုပ်ဖို့ မိဘတွေကို ခွင့်တောင်းခဲ့ပြီးသား ဖြစ်သည်။ မိဘတွေက အစက သဘောမတူပေမဲ့ ခေါင်းမာလွန်းတဲ့သူ့ကို မနိုင်၍ နောက်ပိုင်းကြ ဘာမှမပြောတော့။ စိတ်ကြိုက်နေချင်သလို နေခွင့်ရတုန်း ပျော်လို့မဝသေးခင်မှာပဲ ကံတရားက ဗြုန်းခနဲ သူ့ကို ကုမ္ပဏီလုပ်ငန်းခွင်ဆီသို့ တွန်းပို့ပစ်လိုက်သည်။ ငြင်းမရတဲ့ အကြောင်းပြချက်တွေကြောင့် ဘယ်လောက်ပဲ ခေါင်းမာတဲ့သူဖြစ်ဖြစ် နောက်ဆုံးမှာတော့ အလျော့ပေးလိုက်ရသူက သူပင် ။

"သား အီသန် ဒီနေ့လည်း ခရီးထွက်စရာရှိတယ်ဆို အဆင်ပြေရဲ့လား မေ့သားငယ်လေး ပင်ပန်းနေပြီထင်တယ် မျက်နှာလေးတောင် ပိန်သွားသလိုပဲ "

"ရပါတယ် မာမီ ကျွန်တော်အဆင်ပြေတယ် ။
ဒယ်ဒီနဲ့ ကိုကြီးဆီ မလာနိုင်တာ တောင်းပန်ပါတယ်။ ခုတခေါက်ပြန်ရောက်ရင် ကျွန်တော် အချိန်တစ်ခုပေးပြီးတော့ လာခဲ့ပါဦးမယ်"

"သားငယ် မအားတာ မေမေတို့ သိပါတယ်။ သားအဖေလည်း နားလည်တယ် ။ သားကြီးလည်း နားလည်မှာပါ ။ သားငယ်သာ ကျန်းမာရေးကို ဂရုစိုက်နော် အခုမနက်စာစားပြီးရင် သွားရတော့မှာမလား"

"ဟုတ်တယ် မာမီ ကျွန်တော် ဒီနေ့ လေယာဉ်စီးရမှာဆိုတော့ စောထွက်ရမယ်မာမီလည်း ဒယ်ဒီတို့ဆီ သွားမှာမလား ဂရုစိုက်သွားနော် ။ ပြီး‌တော့ လာလိုက်သွားလိုက်နဲ့ မာမီပင်ပန်းပါတယ် ကျွန်တော့်ဆီကို မလာလည်းဖြစ်တာကို "

 💮 Pusteblume 💮 (✅✅✅)Where stories live. Discover now